Xinhua Myanmar

သြစတြေးလျ ဗဟိုဘဏ်က ၁၈ နှစ်အတွင်း အတိုးနှုန်းကို အမြင့်ဆုံးအဆင့်သို့ တိုးမြှင့်

ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ ဩစတြေးလျဗဟိုဘဏ် (Reserve Bank of Australia - RBA) ကို ၂၀၂၃ ခုနှစ် ဧပြီ ၄ ရက်တွင် တွေ့မြင်ရစဥ် (ဆင်ဟွာ)

ဆစ်ဒနီ၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)

အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် လောင်စာဆီနှင့် ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်လာခြင်း အပါအဝင် အကြောင်းရင်းအမျိုးမျိုးကြောင့် ငွေကြေးဖောင်းပွမှု ဖိအားများ ဆက်လက်ရှိနေသည့်အတွက် သြစတြေးလျ ဗဟိုဘဏ်သည် နိုဝင်ဘာ ၃ ရက်တွင် ၎င်း၏ အဓိကအတိုးနှုန်းကို ၁၈ နှစ်အတွင်း အမြင့်ဆုံးအဆင့်သို့ တိုးမြှင့်လိုက်ရာ ၂၀၂၆ ခုနှစ်အတွင်း ပဉ္စမအကြိမ်မြောက် တိုးမြှင့်ခြင်းလည်းဖြစ်သည်။

သြစတြေးလျ ဗဟိုဘဏ် (RBA) ၏ ငွေကြေးမူဝါဒဘုတ်အဖွဲ့သည် နှစ်ရက်ကြာ အစည်းအဝေးတွင် ငွေကြေးဆိုင်ရာ အတိုးနှုန်း (cash rate target) ကို ၀.၂၅ ရာခိုင်နှုန်းပွိုင့် တိုးမြှင့်၍ ၄.၈၅ ရာခိုင်နှုန်းသို့ သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ယခုဆုံးဖြတ်ချက်မတိုင်မီ ဖေဖော်ဝါရီ၊ မတ်၊ မေနှင့် စက်တင်ဘာ လများတွင် အတိုးနှုန်းကို တစ်ကြိမ်လျှင် ၀.၂၅ ရာခိုင်နှုန်းပွိုင့် ဖြင့် လေးကြိမ်တိုးမြှင့်ခဲ့ပြီးဖြစ်ရာ ယခုအခါ အဓိကအတိုးနှုန်းမှာ ၂၀၀၈ ခုနှစ် နောက်ပိုင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာပြီဖြစ်သည်။  

အောက်တိုဘာ ၂၈ ရက်က ထုတ်ပြန်ခဲ့သော တရားဝင်ကိန်းဂဏန်းများအရ နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းသည် သြဂုတ်လတွင် ၄.၀ ရာခိုင်နှုန်း ရှိခဲ့ရာမှ စက်တင်ဘာလတွင် ၄.၃ ရာခိုင်နှုန်းသို့ မြင့်တက်လာခဲ့ပြီးနောက် အတိုးနှုန်း တိုးမြှင့်လာနိုင်ကြောင်း သြစတြေးလျနိုင်ငံ၏ အဓိကဘဏ်ကြီး လေးခုစလုံးက ကြိုတင်ခန့်မှန်းထားခဲ့ကြသည်။

ဗဟိုဘဏ်က အထူးအလေးထား စောင့်ကြည့်လေ့ရှိသည့် အခြေခံငွေကြေးဖောင်းပွမှု တိုင်းတာနည်း တစ်မျိုးဖြစ်သော 'နှစ်အလိုက် ဖြတ်တောက်ထားသည့် ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း' (annual trimmed mean inflation) သည် ယခင်က ပြင်ဆင်သတ်မှတ်ထားသည့် ၃.၅ ရာခိုင်နှုန်းမှ ၃.၆ ရာခိုင်နှုန်းသို့ မြင့်တက်လာခဲ့သည်။ RBA အနေဖြင့် နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းကို ၂ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းကြားတွင် ရှိနေစေရန် ဦးစားပေး ဆောင်ရွက်လျက်ရှိသည်။

ငွေကြေးမူဝါဒဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်ထုတ်ပြန်ချက်တွင် ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၂၇ ခုနှစ် ကာလအများစုထိ မြင့်မားနေဦးမည်ဟု ခန့်မှန်းထားပြီး ၂၀၂၇ ခုနှစ် နှောင်းပိုင်းကာလအထိ ပစ်မှတ်ထားသည့် အတိုင်းအတာ၏ အမြင့်ဆုံးအဆင့်သို့ ပြန်လည်ရောက်ရှိလာမည် မဟုတ်ကြောင်း ဖော်ပြထားသည်။

အရှေ့အလယ်ပိုင်းဒေသတွင် ဖြေရှင်းနိုင်ခြင်းမရှိသေးသော ပဋိပက္ခသည် ငွေကြေးဖောင်းပွမှုနှင့် စီးပွားရေးတိုးတက်မှုအတွက် နောက်ထပ်အန္တရာယ်များကို ဖြစ်ပေါ်စေနိုင်ကြောင်း၊ ထို့အပြင် ကမ္ဘာလုံးဆိုင်ရာ ရေနံထောက်ပံ့မှု အနှောင့်အယှက်များက စွမ်းအင်ဈေးနှုန်းများကို ဆက်လက်မြင့်တက်စေလျက်ရှိကြောင်း သတိပေးထားသည်။

ပြည်တွင်း၌ ထုတ်လုပ်မှုစွမ်းဆောင်ရည်အပေါ် ဖိအားများမှာ ယခင်ခန့်မှန်းထားသည်ထက် ပိုမိုပြင်းထန်ပုံရကြောင်း၊ တစ်ချိန်တည်းမှာပင် လောင်စာဆီဈေးနှုန်း မြင့်တက်လာမှုများက အခြားကုန်စည်နှင့် ဝန်ဆောင်မှုများ၏ ဈေးနှုန်းများအပေါ်သို့ ပိုမိုသက်ရောက်လာကြောင်း ဘုတ်အဖွဲ့က ထောက်ပြခဲ့သည်။

ဤဆုံးဖြတ်ချက်ကို ၆ မဲ - ၃ မဲ အများစုဆန္ဒဖြင့် ချမှတ်ခဲ့ခြင်းဖြစ်ပြီး၊ ဘုတ်အဖွဲ့ဝင် ၆ ဦးက ငွေကြေးမူဝါဒဆိုင်ရာ အတိုးနှုန်းကို မြှင့်တင်ရန် မဲပေးခဲ့ကြကာ ၃ ဦးကမူ လက်ရှိအတိုင်း ၄.၆၀ ရာခိုင်နှုန်းတွင်သာ ဆက်လက်ထားရှိရန် မဲပေးခဲ့ကြသည်။

ငွေကြေးမူဝါဒဆိုင်ရာ ဘုတ်အဖွဲ့သည် ၂၀၂၆ ခုနှစ်အတွက် နောက်ဆုံးအကြိမ် အစည်းအဝေးကို ဒီဇင်ဘာလအစောပိုင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး ယင်းအစည်းအဝေး၌ ငွေကြေးမူဝါဒဆိုင်ရာ အတိုးနှုန်းကို ပြင်ဆင်သတ်မှတ်ရန် ရှိ၊ မရှိ ဆွေးနွေးဆုံးဖြတ်သွားမည်ဖြစ်သည်။ (Xinhua)

…………………

(English version)

Australian central bank raises interest rates to 18-year high

SYDNEY, Nov. 3 (Xinhua) -- Australia's central bank on Tuesday raised its key interest rate for the fifth time in 2026 to an 18-year high, citing persistent inflation pressures partly driven by higher fuel and commodity prices amid the conflict in the Middle East.

The Reserve Bank of Australia (RBA) said its Monetary Policy Board decided at a two-day meeting to lift the cash rate target by 0.25 percentage point to 4.85 percent.

The decision follows four earlier increases of 0.25 percentage point each in February, March, May and September, taking the key interest rate to its highest level since 2008.

The rate hike had been forecast by all four of Australia's major banks after official figures released on Oct. 28 showed that annual inflation rose from 4.0 percent in August to 4.3 percent in September.

Annual trimmed mean inflation, a measure of underlying inflation closely watched by the central bank, rose from a revised 3.5 percent to 3.6 percent. The RBA targets annual inflation of 2-3 percent.

The Monetary Policy Board said in its decision statement that inflation is forecast to remain elevated through much of 2027 and is not expected to return to the top of the target range until late 2027.

It warned that the unresolved conflict in the Middle East posed further risks to inflation and economic growth, with disruptions to global oil supplies continuing to push up energy prices.

The board also noted that domestic capacity pressures appeared stronger than previously estimated, while higher fuel prices were increasingly being passed on to other goods and services.

The decision was made by a 6-3 majority, with six board members voting to raise the cash rate target and three voting to leave it unchanged at 4.60 percent.

The Monetary Policy Board will hold its final meeting of 2026 to consider adjusting the cash rate target in early December.

Photo caption: Photo taken on April 4, 2023 shows a view of the Reserve Bank of Australia (RBA), Australia's central bank, in Sydney, Australia. (Photo by Hu Jingchen/Xinhua)

မူရင်းသတင်း — Xinhua Myanmar