Xinhua Myanmar

ဝမ်ရိနှင့် ဆော်ဒီအာရေဗျနိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် Musaed bin Mohammed Al-Aiban တွေ့ဆုံဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိနှင့် ဆော်ဒီအာရေဗျနိုင်ငံ နိုင်ငံတော်ဝန်ကြီး၊ အစိုးရအဖွဲ့ဝင်နှင့် အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် Musaed bin Mohammed Al-Aiban တို့ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂ ရက်တွင် ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိသည် ဆော်ဒီအာရေဗျနိုင်ငံ နိုင်ငံတော်ဝန်ကြီး၊ အစိုးရအဖွဲ့ဝင်၊ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် Musaed bin Mohammed Al-Aiban နှင့် နိုဝင်ဘာ ၂ ရက်တွင် ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

Musaed bin Mohammed Al-Aiban က နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် နှစ်ဘက်စလုံးက အတူတကွ အလေးထားသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ဆော်ဒီအာရေဗျနိုင်ငံ အိမ်ရှေ့မင်းသား၊ ဝန်ကြီးချုပ် Mohammed bin Salman Al Saud မှ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်ထံ ပေးပို့သည့် စာလွှာတစ်စောင်ကို လွှဲပြောင်းပေးအပ်ခဲ့သည်။

ဝမ်ရိက နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ၏ မဟာဗျူဟာမြောက် လမ်းညွှန်မှုအောက်တွင် တရုတ်-ဆော်ဒီ ဆက်ဆံရေးသည် တည်ငြိမ်ခိုင်မာသည့် ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းထားကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဆော်ဒီအာရေဗျနိုင်ငံနှင့်အတူ နှစ်နိုင်ငံဆက်ဆံရေးတွင် တိုးတက်မှုအသစ်များ အစဉ်မပြတ်ရရှိစေရေးအတွက် ပူးတွဲတွန်းအားပေးဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

လက်ရှိတွင် ဒေသတွင်းအခြေအနေသည် စစ်ပွဲနှင့် ငြိမ်းချမ်းရေးအကြား အရေးပါသောလမ်းဆုံလမ်းခွသို့ တစ်ဖန်ရောက်ရှိနေပြီဖြစ်ကြောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးအနေဖြင့် ဆွေးနွေးညှိနှိုင်းမှုများမှတစ်ဆင့် အငြင်းပွားမှုများကို ပြေလည်အောင်ဖြေရှင်းကြရန် မျှော်လင့်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် သမ္မတ ရှီကျင့်ဖိန်က အဆိုပြုချမှတ်ထားသည့် အဆိုပြုချက်များနှင့် သဘောထားရပ်တည်ချက်များကို စွဲကိုင်၍ ဆော်ဒီအာရေဗျနိုင်ငံ အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

---------------------

(Chinese Version)

王毅同沙特国家安全顾问艾班会谈

新华社北京11月2日电(记者万倩仪)11月2日,中共中央政治局委员、中央外办主任王毅在北京同沙特国务大臣、内阁成员、国家安全顾问艾班举行会谈。

艾班转交了沙特王储兼首相穆罕默德就双边关系发展和双方共同关心的问题致习近平主席的信函。

王毅表示,在两国最高领导人战略引领下,中沙关系保持稳健发展势头。中方愿与沙方共同推动双边关系不断取得新进展。

王毅说,当前地区局势再次走到战与和的关键路口,希望各方通过对话谈判化解纷争。中方愿秉持习近平主席提出的一系列倡议和主张,同包括沙特在内的各方沟通协调。

图说:11月2日,中共中央政治局委员、中央外办主任王毅在北京同沙特国务大臣、内阁成员、国家安全顾问艾班举行会谈。新华社记者 丁海涛 摄

မူရင်းသတင်း — Xinhua Myanmar