Xinhua Myanmar

ချုံချင့်တိရစ္ဆာန်ဥယျာဉ်တွင် ပန်ဒါဝက်ဝံ သားပေါက်လေးတစ်ကောင် ပထမဆုံးအကြိမ်အဖြစ် အများပြည်သူနှင့် တွေ့ဆုံ

တရုတ်နိုင်ငံ ချုံချင့်တိရစ္ဆာန်ဥယျာဉ်၌ ကျင်းပသော ရက် ၁၀၀ ပြည့် တွေ့ဆုံပွဲတွင် ပန်ဒါဝက်ဝံ သားပေါက်လေးအား ကိုယ်အလေးချိန် ချိန်ပေးနေသည်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချုံချင့်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ချုံချင့်တိရစ္ဆာန်ဥယျာဉ်သည် ပန်ဒါဝက်ဝံကြီး “မန်ကျိုင်” ၏ သားပေါက်လေးအတွက် ရက် ၁၀၀ ပြည့် တွေ့ဆုံပွဲကို နိုဝင်ဘာ ၃ ရက်တွင် ကျင်းပခဲ့ရာ ယင်းမှာ ဤပန်ဒါဝက်ဝံလေး ပထမဆုံးအကြိမ်အဖြစ် အများပြည်သူနှင့် တွေ့ဆုံခြင်းဖြစ်သည်။ ထိုပန်ဒါဝက်ဝံသားပေါက်လေးကို ဇူလိုင်လ ၂၇ ရက် နံနက် ၄ နာရီ ၂၃ မိနစ်တွင် မွေးဖွားခဲ့ပြီး မွေးစတွင် ကိုယ်အလေးချိန် ၁၈၇ ဂရမ် ရှိခဲ့ကာ ရက် ၁၀၀ ပြည့်အချိန်တွင် ကိုယ်အလေးချိန် ၆,၄၀၀ ဂရမ်ကျော်ရှိလာပြီဖြစ်သည်။

ထိုပန်ဒါဝက်ဝံလေး၏ မိခင်မှာ ပန်ဒါဝက်ဝံကြီး “မန်ကျိုင်” ဖြစ်ပြီး ယခုပန်ဒါသားပေါက်လေးမှာ “မန်ကျိုင်” ၏ စတုတ္ထအကြိမ် သားဖွားခြင်းဖြစ်သည်။ ယင်းမတိုင်မီ ၎င်းသည် ရှီရှီ၊ ချင့်ချင့်၊ ရှင်းရှင်း၊ ချိန်ချိန်နှင့် မန်ချန့်ချန့် ဆိုသည့် ပန်ဒါဝက်ဝံလေး ၅ ကောင်ကို အစဉ်လိုက် မွေးဖွားပြုစုပေးခဲ့ပြီးဖြစ်သည်။

ဤပန်ဒါဝက်ဝံလေး အောင်မြင်စွာ မွေးဖွားလာခြင်းသည် “မန်ကျိုင်” ၏ မျိုးပွားရလဒ်ကို တစ်ဖန်သက်သေပြခြင်း ဖြစ်သည့်အပြင် စခန်းအတွင်း မွေးမြူထားသော ပန်ဒါဝက်ဝံများ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် သုတေသနလုပ်ငန်းအတွက် အဖိုးတန်သော အတွေ့အကြုံများကို စုဆောင်းပေးခဲ့သည်။ (Xinhua)
...........................

(Chinese Version)

重庆动物园一大熊猫幼仔首次与公众见面

新华社照片,重庆,2026年11月3日

11月3日,重庆动物园为大熊猫“莽仔”的幼仔举行百天见面活动,这只幼仔首次与公众见面。幼仔出生于7月27日凌晨4时23分,出生时体重187克,百天体重已超6400克。据了解,幼仔的妈妈是大熊猫“莽仔”,这是“莽仔”第四次当妈妈。此前她已先后育有喜喜、庆庆、星星、辰辰、莽灿灿五只幼崽。这只大熊猫幼仔的顺利降生,既是“莽仔”繁育成果的又一次见证,也为大熊猫圈养种群保护与科研工作积累了宝贵经验。

图说1:11月3日,在百天见面活动上,大熊猫幼仔称体重。 新华社记者 唐奕 摄

图说2:11月3日,百天见面活动上,大熊猫幼仔在户外玩耍。新华社记者 唐奕 摄

တရုတ်နိုင်ငံ ချုံချင့်တိရစ္ဆာန်ဥယျာဉ်၌ ကျင်းပသော ရက် ၁၀၀ ပြည့် တွေ့ဆုံပွဲတွင် ပန်ဒါဝက်ဝံ သားပေါက်လေးက အပြင်ဘက်တွင် ဆော့ကစားနေသည်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မူရင်းသတင်း — Xinhua Myanmar