
ပေကျင်း၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မိုက်ခရိုနီးရှား ဖက်ဒရယ်နိုင်ငံ Wesley Simina ထံသို့ မိုက်ခရီုနီးရှားနိုင်ငံ လွတ်လပ်ရေးရရှိခြင်း နှစ် ၄၀ ပြည့် အထိမ်းအမှတ်အတွက် နိုဝင်ဘာ ၃ ရက်က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။
သဝဏ်လွှာတွင် ရှီကျင့်ဖိန်က တရုတ်-မိုက်ခရိုနီးရှား သံတမန်ဆက်ဆံရေး ထူထောင်ချိန်မှစ၍ နှစ်ဖက်သည် အပြန်အလှန်လေးစားကာ တန်းတူညီမျှဆက်ဆံခဲ့ရာ ကဏ္ဍစုံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု ရလဒ်များ ကြွယ်ဝကြောင်း ထောက်ပြခဲ့သည်။
မိမိအနေဖြင့် သမ္မတ Wesley Simina နှင့်အတူ ကြိုးပမ်း၍ တရုတ်-မိုက်ခရိုနီးရှား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အဆင့်သစ်သို့ တက်လှမ်းရန် ဦးဆောင်ပြီး နှစ်နိုင်ငံပြည်သူများအား ပိုမိုကောင်းမွန်စွာ အကျိုးပြုသွားလိုကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ (Xinhua)
---------------------
(Chinese Version)
习近平就密克罗尼西亚联邦独立40周年向密联邦总统西米纳致贺电
新华社北京11月3日电 11月3日,国家主席习近平致电密克罗尼西亚联邦总统西米纳,祝贺密克罗尼西亚联邦独立40周年。
习近平指出,中密建交以来,双方相互尊重,平等相待,各领域务实合作成果丰硕。我愿同西米纳总统一道努力,引领中密全面战略伙伴关系迈上新台阶,更好造福两国人民。(完)