
ရန်ကုန်၊ နိုဝင်ဘာ ၄ ၊ ၂၀၂၆ EP(VOM)
ရန်ကုန် အမှိုက်ပုံကြီးနှစ်ခုက နေစဉ်ထွက်ရှိတဲ့ အမှိုက်တန်ချိန် ၂၅၀၀ ကနေ လျှပ်စစ်ဓါတ်အား ထုတ် လုပ်တဲ့ စီမံကိန်း သုံးခုမှာ လာရောက်ရင်းနှီးမြုပ်နှံဖို့ ဖိတ်ခေါ်ပြီးနောက်လလာရောက်စုံးစမ်းတဲ့ လုပ်ငန်းရှင်တွေထဲမှာ တရုတ်-မြန်မာဖက်စပ် ကုမ္မဏီတွေ ပိုများကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီက စုံးစမ်းသိရှိရပါတယ်။
လာရောက်စုံးစမ်းမေးမြန်းတဲ့ကုမ္မဏီနဲ့ လေ့လာသူတွေကို ရန်ကုန်မြို့တော်စည်ပင်က အမှိုက် အများဆုံး ထွက်ရှိတဲ့ အမှိုက်ကန်နှစ်ခုကို မျက်မြင်ကိုယ်တွေ့ လေ့လာဖို့ စီစဉ်ဆောင်ရွက်မှုတွေပြုလုပ်ပေး နေ တယ်လို့ သိရပါတယ်။
အဆိုပါစီမံကိန်း သုံးခုကို အကောင်ထည်ဖော်နိုင်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက နိုဝင်ဘာ၂ ရက်နေ့တွင်တင်ဒါခေါ်ယူခဲ့ပါတယ်။ တင်ဒါခေါ်ယူပြီး တရက်အကြာမှာ စုံစမ်းမေးမြန်းမှု တွေ ရှိလာခြင်းဖြစ်ပါတယ်။
“လောလောဆယ်တော့ စုံစမ်းမေးမြန်းတဲ့ အဆင့်ပဲရှိပါသေးတယ်။ လုပ်ချင်တဲ့သူတွေများလို့လည်း ကျွန်တော်တို့က တင်ဒါခေါ်တာပါ။ တင်ဒါခေါ်တာလည်း မကြာသေးတော့ တင်ဒါတင်တာတော့မရှိ သေးဘူးပေါ့။ တင်ဒါခေါ်တာလည်း မကြာသေးတော့ အများကြီးပြောလို့ မရသေးပါဘူး။ လုပ်ငန်းစဉ်တွေက ကြာအုန်းမှာကိုး။” လို့ အမည်မဖော်လိုသူ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူတဦးကပြောပါတယ်။
ထိန်ပင် အမှိုက်ပုံနဲ့ ထားဝယ်ချောင် စွန့်ပစ်အမှိုက်ပုံက လျှပ်စစ်ဓါတ်အားကို နည်းပညာသုံးခု သုံးပြီး ထုတ်လုပ်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက တင်ဒါခေါ်ယူခဲ့ပါတယ်။ လျှပ်စစ် ဓါတ်အား ထုတ်ယူမယ့် နည်းပညာသုံးခုအနက် တခုက စွန့်ပစ်အမှိုက်ကနေ မီသိန်း ဓါတ်ငွေ့ကို ထုတ်ယူပြီး ဂျန်နရေတာတွေနဲ့ မောင်းနှင်း လျှပ်စစ်ဓါတ်အား ထုတ်ယူမယ့် လုပ်ငန်းတခုဖြစ်ပါတယ်။
ကျန် နှစ်ခုအနက် တခုက အမှိုက်ကထွက်ရှိတဲ့ မီသိန်း ဓါတ်ငွေ့ကို ထုတ်ယူပြီး ၉၀ ရာခိုင်နှုန်း သန့်စင်တဲ့ CNG အစားထိုး ဓါတ်ငွေ့ထုတ်ယူခြင်း လုပ်ငန်းနဲ့ စွန့်ပစ်အမှိုက်မီးရှို့စက်ရုံတည်ဆောက်ပြီး လျှပ်စစ်ဓါတ်အား ထုတ်ယူတဲ့ လုပ်ငန်းတို့ ဖြစ်ပါတယ်။
လုပ်ငန်းရှင်တွေ တင်ဒါလျှောက်ထားလို့ပါက ဒီဇင်ဘာ ၃၁ ရက်နောက်ဆုံးထား လျှောက်ထားကြ ရန် နိုင်ငံပိုင်သတင်းစာကတဆင့် ထုတ်ပြန်ကြေငြာထားပါတယ်။ လျှောက်ထားသူတွေအနေနဲ့ နိုဝင်ဘာ ၂ ရက် တွင် ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်အတိုင်း လိုက်နာ လုပ်ဆောင်ကြရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက နှိုးဆော်ထားပါတယ်။
“အခုမှ တင်ဒါခေါ်တဲ့ အဆင့်ဆိုတော့ လုပ်ငန်းအကောင်ထည်ဖော်ဖို့က ကြာအုန်းမှာပါ။ လုပ်ခွင့်ရရင် တောင် ဝန်ကြီးဌာန ခုနှစ်ခု ၊ ရှစ်ခုမှာ လိုအပ်တဲ့ စာရွက်စာတမ်းတွေ လုပ်ဖို့ လိုသေးတယ်။ ဖြစ်မြှောက်နိုင်စွမ်းတွေ ၊ သဘာ၀ပတ်၀န်းကျင်ကို ထိခိုက်မှု ရှိ မရှိ လေ့လာရဦးမယ်” လို့ ရန်ကုန်မြို့တော်စည်ပင် သာယာကော်မတီက တာဝန်ရှိသူကပြောပါတယ်။
တင်ဒါခေါ်ယူထားတဲ့ သတ်မှတ်ချက်တွင် စက်ရုံတည်ဆောက်မယ့် ကုမ္မဏီအနေနဲ့ အသုံးပြုမယ့်မြေ နေရာ အကျယ်အဝန်းကို အစိုးရက လုပ်ပိုင်ခွင့်ပေးဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။
ရန်ကုန်မြို့တွင် အခုကောင်ထည်ဖော်မယ့် အမှိုက်က လျှပ်စစ်ဓါတ်အားထုတ်ယူတဲ့ စီမံကိန်းဟာ အခုနဲ ဆိုရင် သုံးခုမြှောက်ရှိလာမှာ ဖြစ်ပါတယ်။ ပထမတစ်ခုကတော့ လှော်ကားစက်ရုံ ဖြစ်ပြီး ဂျပန် ကုမ္မဏီ နဲ့ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်နေတဲ့ စက်ရုံ ဖြစ် ပါတယ်။
အမှိုက်က လျှပ်စစ်ဓါတ်အားထုတ်ယူတဲ့ လှော်ကားစက်ရုံက အမှိုက်တန်ချိန် ၆၀ ကို အသုံးပြုပြီး နေစဉ် လျှပ်စစ်ဓါတ်အား ၇၆၀ ကီလိုဝပ်ထုတ်ယူနေဆဲဖြစ်ပါတယ်။ အခုအသုံးပြုမယ့် အမှိုက်တန်ချိန်က ၂၅၀၀ ရှိတဲ့အတွက် ပထမ စက်ရုံထက် လျှပ်စစ်ဓါတ်အား ထုတ်ယူနိုင်မယ့်အနေအထားရှိနေတယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။
ရန်ကုန်မြို့အပါအဝင် မြန်မာတစ်နိုင်ငံလုံးရဲ့ လျှပ်စစ်လိုအပ်ချက်ဟာ တနှစ်ထက် တစ်နှစ်များပြားနေပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး နဲ့ ပြည်နယ် အစိုးရအဖွဲ့တွေဟာ လျှပ်စစ်ဓါတ်အားထုတ်ယူဖို့တင်ဒါ ခေါ်ယူပြီး လုံးပန်းနေကြပါတယ်။ အစိုးရအနေနဲ့လည်း နိုင်ငံအဆင့်အနေနဲ့ မြန်မာနိုင်ငံရဲ့ စွမ်းအင်နဲ့လျှပ် စစ်လုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံရန် ပြည်ပက လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်နေပါတယ်။
#vioceofmyanmar #Yangon #VOM #စွန့်ပစ်အမှိုက်လျှပ်စစ်ဓါတ်အားထုတ်ယူ #ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ