Myanmar Transparency News

နိုင်ငံတော်မှ လက်တလော ထိန်းကြောင်းနေသည့် ဒေါ်လာ၊ ရွှေ၊ ကားဈေးနှုန်း တည်ငြိမ်စေရန် ဆောင်ရွက်မှုများအား ပံ့ပိုးစေရေးအတွက် ရွှေ၊ ရွှေကြမ်း၊ လက်ဝတ်ရတနာ၊ ရွှေနှင့်ရွှေကြမ်းဖြင့် ပြုလုပ်ထားသော ပစ္စည်းများ အွန်လိုင်းစနစ်ဖြင့် ရောင်းချ ခြင်း ယာယီခွင့်မပြုကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အသိပေး

သက်တံ့
၄. ၁၁. ၂၀၂၆

နိုင်ငံတော်မှ လက်တလော ထိန်းကြောင်းနေသည့် ဒေါ်လာ၊ ရွှေ၊ ကားဈေးနှုန်း တည်ငြိမ်စေ ရေး ဆောင်ရွက်မှုများအား ပံ့ပိုးစေရေးအတွက် ရွှေ၊ရွှေကြမ်း၊ လက်ဝတ် ရတနာ၊ ရွှေနှင့်ရွှေကြမ်းဖြင့် ပြုလုပ်ထားသော ပစ္စည်းများ အွန်လိုင်းစနစ်ဖြင့် ရောင်းချ ခြင်း ယာယီခွင့်မပြုကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက အသိပေးချက်ထုတ်ပြန်ထားသည်။

ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းအတွက် အွန်လိုင်း အသုံးပြုခွင့် လိုင်စင်လျှောက်ထားခြင်း၊ ရောင်းချခြင်းနှင့် ပတ်သက်၍ ကုန်သွယ်ရေးဦးစီးဌာနမှ ညှိနှိုင်းပြန်ကြားချက်များအား ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက အများပြည်သူ သိရှိရန် အသိပေးထားသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂ ရက်နေ့မှ ယခုနှစ် အောက်တိုဘာ ၉ ရက်နေ့အထိ လက်ဝတ်ရတနာပစ္စည်းအုပ်စုဖြင့် Online Sale မှတ်ပုံတင်လက်မှတ်စောင်ရေ (၈၁၁) စောင် ခွင့်ပြုထုတ်ပေးထားပြီး မှတ်ပုံတင်သက်တမ်း ရှိနေသည့် စောင်ရေ (၂၄၁) စောင်နှင့် သက်တမ်းကုန်ဆုံးသည့် စောင်ရေ (၅၇၀) ဖြစ်ကြောင်း အသိပေးသည်။

သို့သော် နိုင်ငံတော်မှ လက်တလော ထိန်းကြောင်းနေသည့် ဒေါ်လာ၊ ရွှေ၊ ကားဈေးနှုန်း တည်ငြိမ်စေ ရေး ဆောင်ရွက်မှုများအား ပံ့ပိုးစေရေးအတွက် ရွှေ၊ရွှေကြမ်း၊ လက်ဝတ် ရတနာ၊ ရွှေနှင့်ရွှေကြမ်းဖြင့် ပြုလုပ်ထားသော ပစ္စည်းများ အွန်လိုင်းစနစ်ဖြင့် ရောင်းချ ခြင်း ယာယီခွင့်မပြုကြောင်း၊ ခွင့်ပြုပြီးလုပ်ငန်းမှတ်ပုံတင်အား သက်တမ်းတိုးခွင့် မပြုကြောင်းနှင့် ကျောက်မျက်ရတနာ သီးခြား ရောင်းချခြင်းလုပ်ငန်းအား ဝန်ခံကတိဖြင့် ခွင့်ပြုလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက အသိပေး ထုတ်ပြန်ထားသည်။

မူရင်းသတင်း — Myanmar Transparency News