ပုသိမ် နိုဝင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်ရှိ ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားကာ ရေကျော် စီးဝင်၍ ရေလွှမ်းထိခိုက်ပျက်စီးခဲ့သည့် စိုက်ပျိုးမြေများတွင် ပဲမျိုးစုံ ပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ဒီဇယ်ဆီနှင့် မျိုးစေ့များ အခမဲ့ ထောက်ပံ့ပေးလျက်ရှိသည်။
ထိုသို့ ထောက်ပံ့ပေးလျက်ရှိရာ ကျုံပျော် ခရိုင် ရေကြည်မြို့နယ် ဆီဆုံကုန်းကျေးရွာအုပ်စု အတွင်း ရေကြီးနစ်မြုပ်ခဲ့သည့် လယ်မြေများတွင် မတ်ပဲပြန်လည်စိုက်ပျိုးမည့် တောင်သူများအား တစ်ဧကလျှင် ဒီဇယ်ဆီ ၂ ဒသမ ၅ ဂါလန်နှုန်းဖြင့် အခမဲ့ပံ့ပိုးပေးနေမှု၊ ရေကြည်မြို့နယ် ဆီဆုံ ကုန်းကျေးရွာအုပ်စုအတွင်း ရေကြီးနစ်မြုပ်သည့် လယ်မြေများအတွက် မတ်ပဲမျိုးများ ထောက်ပံ့ပေးအပ်နေမှုနှင့် မတ်ပဲသီးနှံ စိုက်ပျိုးရန်အတွက် မြေပြင်ထွန်ယက်နေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် က ယနေ့နံနက်ပိုင်းတွင် လှည့်လည်ကြည့်ရှုအားပေးသည်။
ထို့နောက် ကျုံပျော်မြို့နယ် ငါးကျီးထူကျေးရွာအုပ်စုတွင် ရေကြီး နစ်မြုပ်ခဲ့သည့် လယ်မြေများတွင် မတ်ပဲပြန်လည်စိုက်ပျိုးမည့် တောင်သူများအား တစ်ဧကလျှင် ဒီဇယ်ဆီ ၂ ဒသမ ၅ ဂါလန်နှင့် မတ်ပဲမျိုးစေ့များကိုလည်းကောင်း၊ နေကြာစိုက်တောင်သူများအား နေကြာမျိုးစေ့များနှင့် ယူရီးယား မြေဩဇာများကိုလည်းကောင်း ထောက်ပံ့ပေးအပ်ကာ နိုင်ငံတော်မှပံ့ပိုးပေးသည့် အထောက်အပံ့များကို ထိရောက်စွာ အသုံးချ၍ သီးနှံအထွက်နှုန်း ကောင်းမွန်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။
ယင်းနောက် ငါးကျီးထူကျေးရွာအုပ်စု အောင်လံစုကျေးရွာ တောင်သူ ဒေါ်လှရင်၏ လယ်မြေတွင် ၂၀၂၆-၂၀၂၇ ခုနှစ် ဆောင်းဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်ကြည့်ရှုအားပေးပြီး အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးကြရန်နှင့် ပိုးမွှားရောဂါများ ကြိုတင်ကာကွယ် နှိမ်နင်းခြင်းတို့ကို အလေးထား ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားကာ ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)