လွိုင်ကော် နိုဝင်ဘာ ၃
တတိယအကြိမ် ကယားပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေး (၁/၂၀၂၆) (ပထမနေ့)ကို ယနေ့နံနက် ၁၀ နာရီတွင် လွိုင်ကော်မြို့ရှိ ကယားပြည်နယ် လွှတ်တော်ရုံး လွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးမော်ရယ်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အမှတ် (၆၅/၂၀၂၆) အရ တပ်မတော်သား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အစားထိုး ပြောင်းလဲခြင်းကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြည်နယ်လွှတ်တော်သို့ တင်ပြမှတ်တမ်းတင်သည်။
ဆက်လက်၍ အစားထိုးပြောင်းလဲသည့် တပ်မတော်သား ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီး နောင်လတ်က ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌရှေ့မှောက်တွင် ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးသည်။
ယင်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးမော်ရယ်က ပြည်နယ်ဝန်ကြီးချုပ်က ပေးပို့လာသည့် ပြည်နယ်လွှတ်တော်က အတည်ပြုထားသည့် တပ်မတော်သား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး တာဝန်ပေးအပ်နိုင်ရေးနှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်သို့ တင်ပြဆွေးနွေးပြီး အတည်ပြုချက်ရယူသည်။
ထို့နောက် တတိယအကြိမ် ကယားပြည်နယ် လွှတ်တော်အရေးပေါ် အစည်းအဝေး (၁/၂၀၂၆) (ပထမနေ့) ရပ်နားပြီး အစည်းအဝေးကျင်းပမည့်ရက်ကို ပြန်လည် အကြောင်းကြားမည် ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)