Myanmar Digital News

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ

ရန်ကုန် နိုဝင်ဘာ ၃

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် ဗိုလ်တထောင်မြို့နယ် အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။

 

ပေးအပ်

ပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖွင့်လှစ်ပေးကြပြီး ပညာရတနာစာကြည့်တိုက်၊ ဌာနဆိုင်ရာ ပြခန်းများ၊ ပြိုင်ပွဲများ၊ စိန်ပေါလ်ပြတိုက်၊ စာပေစကားဝိုင်းတို့ကို ကြည့်ရှုအားပေးကာ ပါဝင်ဆွေးနွေးသူများအား လက်ဆောင်များ၊ ပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား ကျောင်းသူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး “စာဖတ်ခြင်း၏ အကျိုးကျေးဇူး” ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောမည့် စာရေးဆရာ ဦးကျော်ကျော်လှိုင်(Smart) အတွက် ဂုဏ်ပြုလက်ဆောင်၊ ဖျော်ဖြေရေးအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

 

ထို့နောက် ပွဲတော်အတွက် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းမှုကို တိုင်းဒေသကြီး ဝန်ကြီးများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News