MyTech Myanmar

BYD ရဲ့ ဝန်ထမ်းဦးရေဟာ Toyota ၊ Ford ၊ General Motors နဲ့ Tesla တို့ အားလုံးပေါင်းထက် ပိုများသွားပြီ

တရုတ်လျှပ်စစ်ကားထုတ်လုပ်ရေးကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ BYD ဟာ ကမ္ဘာတစ်ဝန်းမှာ ဝန်ထမ်းဦးရေ ၁ ဒသမ ၀၂ သန်းကျော်အထိ ရှိလာခဲ့ပြီး Toyota ၊ Ford ၊ General Motors နဲ့ Tesla တို့ရဲ့ စုစုပေါင်းဝန်ထမ်းဦးရေထက် ပိုမိုများပြားလာခဲ့တယ်လို့ BYD ဥက္ကဋ္ဌ Wang Chuanfu က ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နေ့မှာ တရားဝင် ကြေညာခဲ့ပါတယ်။

 

အဲဒီ စာရင်းတွေအရ ဝန်ထမ်း ၉၆၀,၀၀၀ ကျော်ဟာ တရုတ်နိုင်ငံမှာ လုပ်ကိုင်နေကြပြီး အခြားသော ဝန်ထမ်း ၆၀,၀၀၀ ကတော့ ပြည်ပနိုင်ငံတွေမှာ လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘက်ထရီတွေ ၊ လျှပ်စစ်မော်တာတွေနဲ့ ဆီမီးကွန်ဒတ်တာတွေအပါအဝင် သုတေသနနဲ့ နည်းပညာအသစ်တွေမှာ လုပ်ကိုင်နေတဲ့ အင်ဂျင်နီယာ ၁၂၀,၀၀၀ ခန့်လည်း ရှိနေတယ်လို့ သိရပါတယ်။

 

နှိုင်းယှဉ်ချက်အနေနဲ့ Toyota ၊ Ford ၊ GM နဲ့ Tesla ကုမ္ပဏီလေးခုရဲ့ စုစုပေါင်းဝန်ထမ်းဦးရေမှာ ၈၅၁,၀၀၀ ဝန်းကျင်သာ ရှိတာကြောင့် BYD ဟာ အဲဒီကုမ္ပဏီလေးခုရဲ့ ပေါင်းစပ်ထားတဲ့ အရေအတွက်ထက် အလုပ်သမား ၁၇၀,၀၀၀ ခန့် ပိုမိုများပြားနေတာကို တွေ့ရပါတယ်။

 

Ref : Technology Innovation

မူရင်းသတင်း — MyTech Myanmar