MyTech Myanmar

ကင်ဆာရောဂါကို စောစီးစွာ စစ်ဆေးနိုင်မယ့် AI စနစ်အသစ်

သုတေသနပညာရှင်တွေဟာ CT Scans တွေကို အသုံးပြုပြီး ပန်ကရိယကင်ဆာရောဂါရဲ့ လက္ခဏာတွေကို ရောဂါမဖြစ်ပွားမီ ကြိုတင်စစ်ဆေးပေးနိုင်မယ့် REDMOD လို့ခေါ်တဲ့ AI စနစ်အသစ်တစ်ခုကို တီထွင်လိုက်ကြပါတယ်။ အဲဒီနည်းပညာဟာ ရောဂါမတွေ့ရှိရသေးခင် လူနာတွေရဲ့ စကန်ဖတ်ချက်တွေကို လေ့လာပြီး ရောဂါလက္ခဏာတွေကို ပျမ်းမျှရက်ပေါင်း ၄၇၅ ရက် ကြိုတင်ဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်။

 

စမ်းသပ်မှုတွေအရ အဲဒီ AI စနစ်ဟာ ကင်ဆာဖြစ်ပွားမှုကို ၇၃ ရာခိုင်နှုန်းအထိ တိကျစွာ ခွဲခြားနိုင်ခဲ့ပြီး Radiologists လို့ခေါ်တဲ့ ကျွမ်းကျင်ဆရာဝန်တွေရဲ့ ၃၈ ဒသမ ၉ ရာခိုင်နှုန်းထက် ပိုမိုတိကျကောင်းမွန်တာကို တွေ့ရှိခဲ့ရပါတယ်။ ပန်ကရိယကင်ဆာဟာ အစောပိုင်းအဆင့်မှာ ရှာဖွေတွေ့ရှိဖို့ အလွန်ခက်ခဲတဲ့ ရောဂါတစ်ခုဖြစ်တဲ့အတွက် အဲဒီလို ကြိုတင်စစ်ဆေးတွေ့ရှိနိုင်ခြင်းအားဖြင့် ဆရာဝန်တွေအတွက် ရောဂါကို ကုသစစ်ဆေးဖို့ အချိန်ပိုမိုရရှိလာစေမှာ ဖြစ်ပါတယ်။

 

ဒါပေမဲ့ အဲဒီလေ့လာမှုဟာ ယခင်ရှိပြီးသား စကန်ဖတ်ချက်ဟောင်းတွေကို ပြန်လည်စစ်ဆေးခဲ့တာသာ ဖြစ်ပါတယ်။ ဆေးရုံတွေမှာ ပုံမှန်စစ်ဆေးတဲ့ ကိရိယာတစ်ခုအနေနဲ့ အသုံးပြုဖို့အတွက် ခွင့်ပြုချက်သေးတာကြောင့် လူနာတွေနဲ့ ဆက်လက်စမ်းသပ်မှုတွေ ထပ်မံပြုလုပ်သွားဖို့ လိုအပ်နေဆဲဖြစ်တယ်လို့ Gut ဆေးပညာဂျာနယ်မှာ ဖော်ပြထားပါတယ်။

Ref : Technology Innovation

မူရင်းသတင်း — MyTech Myanmar