




ပုဇွန်တောင်၊ နိုဝင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ အယ်လ်နီညိုကြိုတင်ပြင်ဆင်မှု အနေဖြင့် အပူရှောင်စခန်းများဖွင့်လှစ်၍ လိုအပ်သည်များ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက် ရှိရာ ယနေ့နံနက်ပိုင်းက ဗိုလ်တထောင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ် ရေးမှူး ဦးကျော်ဇေယျာလင်း ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာ၌ အပူရှောင်စခန်းများတွင် ထိခိုက်လွယ်အုပ်စုဝင်များအား သက်သာစွာ နေထိုင်နိုင် ရေးခင်းကျင်းမှုများ၊ လျှပ်စစ်မီးရရှိရေး၊ လေဝင်လေထွက်ကောင်းမွန်စေရေးအတွက် ပန်ကာ တပ်ဆင်ထားရှိသည့် အခြေအနေများ၊ ရေသန့်၊ ကြက်ဥ၊ ၊ ခေါက်ဆွဲခြောက်၊ အချိုရည်၊ ဓာတ်ဆား ထုတ်၊ ဆေးဝါးစသည့်ပစ္စည်းများ စုဆောင်းထားသည့်အခြေအနေများ၊ သောက်သုံးရေ ပြတ်လပ်မှု မရှိစေရေး၊ အရေးပေါ်ရေလိုအပ်ချက် ရရှိရေးအတွက် သောက်သုံးရေစုကန်နေရာများနှင့် အိမ်သာ များ သန့်ရှင်းရေးဆောင်ရွက်ထားရှိမှုတို့အား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျာလင်းက လိုက်လံကြည့်ရှုစစ်ဆေးရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ် ရေးကော်မတီ အတွင်းရေးမှူး ရဲမှူးချစ်ဆွေ၊ အဖွဲ့ဝင် ဦးမင်းဇော်၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ် ရေးမှူး ဦးကြည်ဖေလင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သန်းဌေး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းဦးက လိုက်လံရှင်းလင်းပြသခဲ့သည်။ ထို့နောက် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးမှ လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စုယဉ်ချစ်
#News #Myanmar
