
ပေကျင်း၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)
၁၁ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို နိုဝင်ဘာ ၄ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပခဲ့သည်။ အစည်းအဝေးကို တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow တို့က အတူတကွ ကြီးမှူးကျင်းပခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ၊ လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Thongsavanh Phomvihane ၊ ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Le Hoai Trung ၊ မြန်မာနိုင်ငံ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး တို့ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ဝမ်ရိက ယခုနှစ်သည် ပထမအကြိမ် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အကြီးအကဲများ အစည်းအဝေး ကျင်းပသည့် ၁၀ နှစ်ပြည့်ဖြစ်ကြောင်း၊ ၁၀ နှစ်တာကာလအတွင်း နိုင်ငံ ၆ နိုင်ငံ အကြီးအကဲများ၏ မဟာဗျူဟာမြောက် ဦးဆောင်မှုအောက်တွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် ရှင်သန်စွမ်းအားနှင့် အလားအလာအရှိဆုံး ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု “ရွှေရောင်နမူနာ” ဖြစ်လာခဲ့ပြီး ၆ နိုင်ငံမှ ပြည်သူများအတွက် လက်တွေ့ကျကျ အကျိုးစီးပွားများ သယ်ဆောင်လာပေးခဲ့ကာ ကိုယ်စီနိုင်ငံ၏ ခေတ်မီအသွင်ပြောင်းမှုလုပ်ငန်းစဉ်အား ထိရောက်စွာ အားဖြည့်ပေးလိုက်ကြောင်း ပြောကြားခဲ့သည်။
လက်ရှိဒေသတွင်း စိန်ခေါ်မှုအရပ်ရပ်အား ရင်ဆိုင်ရာတွင် လန်ချန်း-မဲခေါင် မိသားစုကြီးအနေဖြင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ၂.၀ ဗားရှင်းကို လက်တွေ့ကျကျ တွန်းအားပေး ဖော်ဆောင်ပြီး လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ “ရွှေရောင်ဆယ်နှစ်” အသစ်အား လက်တွဲအတူ ဖွင့်လှစ်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဝမ်ရိက စည်းလုံးညီညွတ်ရေးနှင့် ကိုယ်ထူကိုယ်ထ တိုးတက်ရေး စုပေါင်းအင်အားတစ်ရပ်ကို စုစည်းရန်၊ တံခါးဖွင့်လှစ်၍ ဘုံအကျိုးဖြစ်ထွန်းသော စင်မြင့်သစ်ကို တည်ဆောက်ရန်၊ အစိမ်းရောင်ကဏ္ဍ စမ်းသစ်ဖန်တီးမှု တွန်းအားသစ်ကို ပျိုးထောင်ရန်၊ လုံခြုံရေးကဏ္ဍ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှု အကာအကွယ်သစ်ကို ခိုင်ခိုင်မာမာ တည်ဆောက်ရန်၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုအချက်သစ်ကို တည်ဆောက်ရန် ဟူသည့် အကြံပြုချက် ၅ ရပ်ကို အဆိုပြုခဲ့သည်။
ဘက်အသီးသီးက တရုတ်ကွန်မြူနစ်ပါတီ (CPC) ၂၀ ကြိမ်မြောက် ဗဟိုကော်မတီ ပဉ္စမအကြိမ် မျက်နှာစုံညီအစည်းအဝေး အောင်မြင်စွာကျင်းပခဲ့မှုကို ဂုဏ်ပြုခဲ့ပြီး လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ၁၀ နှစ်တာကာလအတွင်း ရရှိခဲ့သည့် အပြုသဘောဆောင်သော တိုးတက်မှုများကို ချီးကျူးသုံးသပ် ပြောကြားခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံက ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရန်အတွက် အရေးကြီးသည့် ဦးဆောင်မှု အခန်းကဏ္ဍမှ ပါဝင်ခြင်းကို တန်ဖိုးထားချီးကျူးကြောင်း၊ အိမ်နီးချင်းနိုင်ငံများ ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်၍ အခိုင်အမာလက်ကိုင်ထားပြီး အပြန်အလှန်လေးစားယုံကြည်မှုဖြင့် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေခြင်းဖြင့် ဘုံအကျိုးစီးပွား ဖော်ဆောင်၍ ဒေသတွင်း စဉ်ဆက်မပြတ် စည်ပင်ဝပြော ဖွံ့ဖြိုးတိုးတက်မှုကို အတူတကွမြှင့်တင်သွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
အစည်းအဝေးတွင် “လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ငါးနှစ်လှုပ်ရှားမှုအစီအစဉ် (၂၀၂၃-၂၀၂၇) ၏ ၂၀၂၅ ခုနှစ် အကောင်အထည်ဖော်မှုဆိုင်ရာ တိုးတက်မှုအခြေအနေ အစီရင်ခံစာ” ၊ “၂၀၂၆ ခုနှစ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ပံ့ပိုးမည့် စီမံကိန်းစာရင်း” တို့ကို အတည်ပြုခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးပြီးနောက် ဝမ်ရိသည် Sihasak Phuangketkeow နှင့်အတူ သတင်းထောက်များအား တွေ့ဆုံခဲ့ကြောင်း သိရသည်။ (Xinhua)

---------------------
(Chinese Version)
澜沧江-湄公河合作第十一次外长会在北京举行
新华社北京11月4日电(记者邵艺博)澜沧江-湄公河合作第十一次外长会4日在北京举行。中共中央政治局委员、外交部长王毅和泰国副总理兼外长西哈萨共同主持会议,柬埔寨副首相兼外交大臣布拉索昆,老挝副总理兼外长通沙万,越南外长黎怀忠,缅甸国家计划、投资与对外经济部部长昂觉霍出席。
王毅表示,今年是澜湄合作首次领导人会议召开十周年。十年来,在六国领导人战略引领下,澜湄合作成为最具活力和潜力的区域合作“金色样板”,给六国民众带来实实在在的福祉,有效助力各自国家现代化进程。面对当前国际地区多重挑战,澜湄大家庭要扎实推进澜湄合作2.0版,携手开启澜湄合作新的“金色十年”。
王毅提出五点建议:凝聚团结自强新合力,构筑开放共赢新高地,培育绿色创新新动能,筑牢安全协作新屏障,打造灾害治理新亮点。
与会各方祝贺中共二十届五中全会成功召开,高度评价澜湄合作十年来取得的积极进展,赞赏中方为推动合作发挥重要引领作用,重申将继续坚持睦邻友好,互尊互信,深化合作,实现共赢,共促地区可持续发展繁荣。
会议通过《澜湄合作五年行动计划(2023-2027)2025年度落实进展报告》《2026年度澜湄合作专项基金支持项目清单》。
外长会后,王毅同西哈萨共同会见记者。(完)
图说:11月4日,澜沧江-湄公河合作第十一次外长会在北京举行。中共中央政治局委员、外交部长王毅和泰国副总理兼外长西哈萨共同主持会议,柬埔寨副首相兼外交大臣布拉索昆,老挝副总理兼外长通沙万,越南外长黎怀忠,缅甸国家计划、投资与对外经济部部长昂觉霍出席。 新华社记者 田宇 摄