Xinhua Myanmar

ဝမ်ရိနှင့် မြောက်ကိုရီးယားနိုင်ငံ ကိုရီးယားအလုပ်သမားပါတီ ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိနှင့် မြောက်ကိုရီးယားနိုင်ငံ ကိုရီးယားအလုပ်သမားပါတီ (WPK) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ အတွင်းရေးမှူးနှင့် နိုင်ငံတကာရေးရာဌာန အကြီးအကဲ Kim Song Nam ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၅ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိသည် နိုဝင်ဘာ ၅ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ မြောက်ကိုရီးယားနိုင်ငံ ကိုရီးယားအလုပ်သမားပါတီ (WPK) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ အတွင်းရေးမှူးနှင့် နိုင်ငံတကာရေးရာဌာန အကြီးအကဲ Kim Song Nam ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ဝမ်ရိက ယခုနှစ် ဇွန်လ၌ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်သည် မြောက်ကိုရီးယားနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် အောင်မြင်စွာ သွားရောက်ခဲ့ပြီး‌ ခေတ်သစ် တရုတ်-မြောက်ကိုရီးယား ဆက်ဆံရေး တိုးတက်မှုအတွက် ရှေ့သို့ချီတက်ရန် ဦးတည်ချက် လမ်းညွှန်ပေးခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြောက်ကိုရီးယားနိုင်ငံနှင့်အတူ နှစ်ပါတီ၊ နှစ်နိုင်ငံ အကြီးအကဲများ၏ အရေးကြီး သဘောတူညီချက်ကို အတူတကွ အကောင်အထည်ဖော်ပြီး တရုတ်-မြောက်ကိုရီးယား ဆက်ဆံရေး စဉ်ဆက်မပြတ် နက်ရှိုင်းစွာ၊ လက်တွေ့ကျစွာ၊ ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးလိုကြောင်း ပြောကြားခဲ့သည်။

ဝမ်ရိက တရုတ်ကွန်မြူနစ်ပါတီ ၂၀ ကြိမ်မြောက် ဗဟိုကော်မတီ ပဉ္စမအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေး၏ အဓိကအခြေအနေများကိုလည်း မိတ်ဆက်ပြောကြားခဲ့သည်။

Kim Song Nam က မြောက်ကိုရီးယားအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နှစ်ပါတီ၊ နှစ်နိုင်ငံ အကြီးအကဲများ၏ သန္နိဋ္ဌာန်ကို လိုက်နာပြီး မြောက်ကိုရီးယား-တရုတ် ချစ်ကြည်ရင်းနှီးသောဆက်ဆံရေး တိုးတက်စေရန်အတွက် မလျှော့သောဇွဲဖြင့် ကြိုးပမ်းသွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

---------------------

(Chinese Version)

王毅会见朝鲜劳动党代表团

新华社北京11月5日电 中共中央政治局委员、中央外办主任王毅5日在京会见由朝鲜劳动党中央政治局委员、中央书记、国际部部长金成男率领的朝鲜劳动党代表团。  

王毅表示,今年6月,习近平总书记成功对朝鲜进行国事访问,为新时期中朝关系发展指明前进方向。中方愿同朝方共同落实两党两国最高领导人重要共识,推动中朝关系持续向深向实向好发展。王毅并介绍了中共二十届五中全会主要情况。  

金成男表示,朝方愿同中方一道,遵循两党两国最高领导人的意志,为发展朝中友好关系作出不懈努力。(完)

图说:11月5日,中共中央政治局委员、中央外办主任王毅在北京会见由朝鲜劳动党中央政治局委员、中央书记、国际部部长金成男率领的朝鲜劳动党代表团。 新华社记者 王晔 摄

မူရင်းသတင်း — Xinhua Myanmar