Xinhua Myanmar

တရုတ်ကမ်းခြေစောင့်တပ်သင်္ဘော မလေးရှားနိုင်ငံသို့ ခရီးစဉ်သွားရောက်ရန် ထွက်ခွာ

တောင်တရုတ်ပင်လယ်ရှိ ကျောက်တန်းတစ်ခုအနီးတွင် ကင်းလှည့်နေသော တရုတ်ကမ်းခြေစောင့်တပ်သင်္ဘော ဆန်းတူး ကို ၂၀၂၆ ခုနှစ် မတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်ယာ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

တရုတ်ကမ်းခြေစောင့်တပ်သင်္ဘော ဆန်းတူး သည် မလေးရှားနိုင်ငံ Penang ဆိပ်ကမ်းသို့ ချစ်ကြည်ရေးဆိပ်ကမ်းကပ်ခရီးစဉ်သွားရောက်ရန် တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဆန်းရမြို့မှ နိုဝင်ဘာ ၅ ရက်၌ စတင်ထွက်ခွာသွားကြောင်း သိရသည်။

အဆိုပါခရီးစဉ်သည် တရုတ်နိုင်ငံနှင့် မလေးရှားနိုင်ငံတို့၏ ကမ်းခြေစောင့်တပ်ဖွဲ့များအကြား ကူးလူးဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေရန်၊ ရေကြောင်းတရားဥပဒေစိုးမိုးရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်နှင့် တောင်တရုတ်ပင်လယ်အတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပူးတွဲကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်သည်။

ခရီးစဉ်အတွင်း နှစ်ဖက်မှ သက်ဆိုင်ရာတာဝန်ရှိသူများက အဆင့်မြင့် အစည်းအဝေးများ ကျင်းပပြီး လက်တွေ့ကျသော ရေကြောင်းတရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

ယခုအကြိမ်သည် တရုတ်နိုင်ငံနှင့် မလေးရှားနိုင်ငံတို့၏ ကမ်းခြေစောင့်တပ်ဖွဲ့များအကြား တရားဝင် ဆက်ဆံဆောင်ရွက်မှုများ ပြုလုပ်သည့် နှစ်နှစ်ဆက်တိုက်မြောက်ဖြစ်သည်။ ၂၀၂၅ ခုနှစ် ဇွန်လတွင် မလေးရှားနိုင်ငံ ရေကြောင်းစိုးမိုးရေးအေဂျင်စီမှ သင်္ဘောတစ်စင်းကလည်း ဆန်းရမြို့သို့ ခရီးစဉ်လာရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

..........................................

(English Version)

Chinese coast guard vessel sets sail for Malaysia visit

SANYA, Nov. 5 (Xinhua) -- The China Coast Guard vessel Sandu on Thursday set sail from Sanya, south China's Hainan Province, for a port visit to Penang, Malaysia.

The visit aims to deepen exchanges and cooperation between China and Malaysia's coast guard agencies, enhance coordination in maritime law enforcement, and jointly safeguard peace and stability in the South China Sea.

During the visit, the two sides will hold high-level meetings and conduct exchanges on a range of practical maritime law enforcement topics.

It marks the second consecutive year that China and Malaysia have conducted official exchanges between their coast guard agencies. A vessel of the Malaysian Maritime Enforcement Agency visited Sanya in June 2025. ■

Photo caption: An aerial drone photo shows the China Coast Guard (CCG) vessel Sandu patrolling near a reef in the South China Sea on March 24, 2026. (Xinhua/Mao Jun)

မူရင်းသတင်း — Xinhua Myanmar