Xinhua Myanmar

တရုတ်နိုင်ငံ ဝန်ကြီးချုပ်က အုပ်ချုပ်ရေးဆိုင်ရာ စည်းမျဉ်းအချို့ ပြင်ဆင်ရန်နှင့် ပယ်ဖျက်ရန် အမိန့်ကို လက်မှတ်ရေးထိုး

တရုတ်နိုင်ငံဝန်ကြီးချုပ် လီချန် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပသည့် ၂၈ ကြိမ်မြောက် တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေးသို့ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၈ ရက်က တက်ရောက်ခဲ့စဥ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီက အုပ်ချုပ်ရေးဆိုင်ရာ စည်းမျဉ်းအချို့ကို ပြင်ဆင်ရန်နှင့် ပယ်ဖျက်ရန် ဆုံးဖြတ်ချက်တစ်ရပ်ကို နိုဝင်ဘာ ၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က အဆိုပါ ဆုံးဖြတ်ချက်ကို အတည်ပြုပြဋ္ဌာန်းသည့် နိုင်ငံတော်ကောင်စီ အမိန့်စာတစ်စောင်ကို လက်မှတ်ရေးထိုးခဲ့ပြီး ဤဆုံးဖြတ်ချက်သည် လက်တွေ့နယ်ပယ်တွင် တာဝန်ထမ်းဆောင်နေသူများ၏ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးနိုင်ရန် အဓိပ္ပာယ်မဲ့သော လုပ်ထုံးလုပ်နည်းများကို ဖြေရှင်းရန်၊ ပါတီနှင့် နိုင်ငံတော် အဖွဲ့အစည်းများ ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်ရန်နှင့် သက်ဆိုင်ရာ ဥပဒေများနှင့် စည်းမျဉ်းများအကြား တစ်သမတ်တည်း ဖြစ်စေရန် ရည်ရွယ်ထားကြောင်း သိရသည်။

အဆိုပါ အမိန့်စာအရ အုပ်ချုပ်ရေးဆိုင်ရာ စည်းမျဉ်း ၁၄ ခုမှ ပြဋ္ဌာန်းချက်အချို့ကို ပြင်ဆင်ခဲ့ပြီး စည်းမျဉ်း ၄ ခုကို ပယ်ဖျက်ခဲ့သည်။  

ထို့ပြင် နိုင်ငံတော်ကောင်စီသည် နိုင်ငံ၏ ဂေဟစနစ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာဥပဒေကျမ်းပါ သက်ဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ မြစ်ကြောင်းစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းတစ်ရပ်ကို ပြင်ဆင်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် တရုတ်ဆိပ်ကမ်းများအကြား ရေကြောင်းခရီးသည် ပို့ဆောင်ရေးနှင့် ပတ်သက်သည့် တာဝန်ယူမှု ကန့်သတ်ချက်ဆိုင်ရာ စည်းမျဉ်းတစ်ရပ်ကိုလည်း ပယ်ဖျက်ခဲ့သလို လက်ရှိ ဆောင်ရွက်နေသော ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များကို ပိုမိုကောင်းမွန်စွာ ဖြည့်ဆည်းပေးနိုင်ရန်နှင့် သက်ဆိုင်ရာ နယ်ပယ်များရှိ လက်တွေ့အခြေအနေများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆုံးဖြတ်ချက်သည် ထုတ်ပြန်ကြေညာသည့်နေ့မှစ၍ အသက်ဝင်မည်ဖြစ်သည်။ (Xinhua)

……………………

(English version)

Chinese premier signs decree to revise, repeal certain administrative regulations

BEIJING, Nov. 5 (Xinhua) -- A decision by China's State Council to amend and repeal certain administrative regulations was made public on Thursday.

Chinese Premier Li Qiang has signed a State Council decree promulgating the decision, which aims to address pointless formalities to lighten the burden on those working on the ground, implement the reform of Party and state institutions, and ensure the consistency of relevant laws and regulations.

Certain provisions of 14 administrative regulations were revised, and four regulations were repealed, according to the document.

The State Council decided to revise a regulation on river course administration to align it with related provisions in the country's Ecological and Environmental Code.

Meanwhile, a regulation on the limits of liability for maritime passenger transport between Chinese ports was repealed to better meet the needs of ongoing reform and development, and address practical realities in relevant areas.

The decision takes effect on the date of its promulgation.

Photo caption : Chinese Premier Li Qiang attends the 28th China-ASEAN Summit in Kuala Lumpur, Malaysia, Oct. 28, 2025. (Xinhua/Li Xiang)

မူရင်းသတင်း — Xinhua Myanmar