Xinhua Myanmar

ချိန်တူးမြို့တွင် ၂၀၂၆ ခုနှစ် ကမ္ဘာ့ပန်ဒါဝက်ဝံမိတ်ဖက်များ ညီလာခံ ပင်မဖိုရမ် ဖွင့်လှစ်

.

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ချိန်တူးမြို့တွင် ၂၀၂၆ ခုနှစ် ကမ္ဘာ့ပန်ဒါဝက်ဝံမိတ်ဖက်များ ညီလာခံကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၃ ရက်က ဖွင့်လှစ်စဉ် (ဆင်ဟွာ)

ချိန်တူး၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

၂၀၂၆ ခုနှစ် ကမ္ဘာ့ပန်ဒါဝက်ဝံ မိတ်ဖက်များညီလာခံ၏ ပင်မဖိုရမ်ကို "ပန်ဒါဝက်ဝံကြီးများ၏ ဇာတိမြေ" ဟု လူသိများသည့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်တွင် နိုဝင်ဘာ ၃ ရက်က စတင်ကျင်းပခဲ့ရာ နိုင်ငံနှင့် ဒေသပေါင်း ၃၀ ကျော်မှ ကျွမ်းကျင်သူများနှင့် ပညာရှင်များ တက်ရောက်ခဲ့ကြသည်။

ပန်ဒါဝက်ဝံကြီးများ နေထိုင်ကျက်စားရာ နေရာများကို ထိန်းသိမ်းရေး၊ သာယာလှပသော ကမ္ဘာကြီးကို တည်ဆောက်ရေး၊ ပွင့်လင်းမြင်သာသော အခွင့်အလမ်းများ မျှဝေရေး" ဟူသော ဆောင်ပုဒ်ဖြင့် ပြည်နယ်မြို့တော် ချိန်တူး၌ ကျင်းပလျက်ရှိသည့် အဆိုပါအခမ်းအနားသို့ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးရန် ကမ္ဘာတစ်ဝန်းမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါဖိုရမ်နှင့်အတူ ပန်ဒါဝက်ဝံ အဓိကပုံစံများကို အခြေခံဖန်တီးထားသည့် ယဉ်ကျေးမှုနှင့် ဖန်တီးမှုဆိုင်ရာ ထုတ်ကုန်မျိုးစုံပြသရောင်းချသည့် ပြပွဲကိုလည်း ထည့်သွင်းကျင်းပခဲ့ရာ တက်ရောက်လာကြသည့် ဧည့်သည်အများအပြား၏ စိတ်ဝင်စားမှုကို ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

……………………

(English Version)

InPics | Main forum of Global Panda Partners Conference 2026 opens in Chengdu

CHENGDU, Nov. 3 (Xinhua) -- The main forum of the Global Panda Partners Conference 2026 opened on Tuesday in Chengdu, southwest China's Sichuan Province, known as the "hometown of giant pandas," drawing experts and scholars from over 30 countries and regions.

Under the theme of protecting giant panda habitats, building a beautiful world and sharing open opportunities, the conference runs from Nov. 2 to 4, featuring a main forum, multiple parallel sessions and supporting activities focused on giant panda conservation, biodiversity conservation and green development cooperation.

A fair featuring a variety of panda-themed cultural and creative products was held on the sidelines of the forum, attracting the attention of many guests.

Photo caption 1: The Global Panda Partners Conference 2026 is launched in Chengdu, southwest China's Sichuan Province, Nov. 3, 2026. (Xinhua/Xu Bingjie)

Photo caption 2: Members of a choir perform the theme song "We Are Pandas" alongside the event's mascot at the Global Panda Partners Conference 2026 in Chengdu, southwest China's Sichuan Province, Nov. 3, 2026. (Xinhua/Wang Xi)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ချိန်တူးမြို့တွင် ၂၀၂၆ ခုနှစ် ကမ္ဘာ့ပန်ဒါဝက်ဝံမိတ်ဖက်များ ညီလာခံတွင် ပန်ဒါဝက်ဝံ လာဘ်ကောင်ရုပ်နှင့်အတူ “We Are Pandas” သီချင်းအား သံစုံသီဆိုနေကြသူများအား ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မူရင်းသတင်း — Xinhua Myanmar