
ပေကျင်း၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)
ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာသည် နိုဝင်ဘာ ၅ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ တရုတ်နိုင်ငံသို့ လာရောက်၍ ၇ ကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီးအစည်းအဝေး တက်ရောက်နေကြသော အင်ဒိုနီးရှား Antara သတင်းအေဂျင်စီ ဥက္ကဋ္ဌ Abdul Hakim ၊ ဂျပန် Jiji သတင်းဌာန အမှုဆောင်ဒါရိုက်တာ Yoshiki Kishida တို့နှင့် သီးခြားစီ တွေ့ဆုံခဲ့ပြီး ဇမ်ဘီယာနိုင်ငံ သတင်းနှင့် ဝန်ဆောင်မှုဌာန အကြီးအကဲ Loyce Mkwayaya Saili အပါအဝင် အာဖရိက အဓိကမီဒီယာကိုယ်စားလှယ်များနှင့် တစ်စုတစ်စည်းတည်း တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ဖုဟွာက နိုင်ငံအသီးသီး မီဒီယာကိုယ်စားလှယ်များ တရုတ်နိုင်ငံသို့ လာရောက်ပြီး ၇ ကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီးအစည်းအဝေး တက်ရောက်ခြင်းကို ကြိုဆိုခဲ့ပြီး ကမ္ဘာ့မီဒီယာထိပ်သီးအစည်းအဝေးသည် တစ်ကမ္ဘာလုံး မီဒီယာလောက၏ ကြီးကျယ်ခမ်းနားသော အခမ်းအနားဖြစ်ကြောင်း၊ ယခုအကြိမ် ထိပ်သီးအစည်းအဝေးမှာ ဆင်ဟွာသတင်းဌာန တည်ထောင်ခြင်း ၉၅ နှစ်ပြည့်နှင့် ကြုံကြိုက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ဆင်ဟွာသတင်းဌာနအနေဖြင့် အစည်းအဝေးတက်ရောက်လာသော မီဒီယာများနှင့်အတူ “ဉာဏ်ရည်ထည့်သွင်းမှုဆိုင်ရာ ပြောင်းလဲမှုများအကြား မီဒီယာ၏တာဝန်နှင့် ပူးပေါင်းဆောင်ရွက်ရေး လှုပ်ရှားမှု” ဟူသည့် အကြောင်းအရာနှင့် စပ်လျဉ်း၍ ဉာဏ်ရည်တု (AI) အား မည်ကဲ့သို့ ပိုမိုကောင်းမွန်စွာ အသုံးပြု၍ သတင်းတည်းဖြတ်ရေးသားမှုကို အားဖြည့်ပြီး သတင်းမီဒီယာ၏ ယုံကြည်ကိုးစားရမှုကို အတူတကွ ကာကွယ်ထိန်းသိမ်းရန် ထဲထဲဝင်ဝင် ဆွေးနွေးသွားလိုကြောင်း၊ ဆင်ဟွာသတင်းဌာနအနေဖြင့် မီဒီယာအဖွဲ့အစည်း အသီးသီးနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုးမြှင့်တင်ပြီး ပြည်သူများ စိတ်နှလုံးချင်းဆက်နွှယ်မှုကို မြှင့်တင်ကာ တစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား ဆက်ဆံရေး တိုးတက်မှုကို တွန်းအားပေးရန်အတွက် တက်ကြွ၍ အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှပါဝင်ရန် မျှော်လင့်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

Abdul Hakim က ဆင်ဟွာသတင်းဌာန တည်ထောင်ခြင်း ၉၅ နှစ်ပြည့်ကို ဂုဏ်ပြုကြောင်း ပြောကြားခဲ့သည်။ Antara သတင်းအေဂျင်စီအနေဖြင့် ဆင်ဟွာသတင်းဌာနနှင့် ကာလကြာရှည်စွာ ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းထားကြောင်း၊ ဆင်ဟွာသတင်းဌာန၏ နည်းပညာဖြင့် သတင်းတည်းဖြတ်မှုကို အားဖြည့်ပေးသည့် ကဏ္ဍတွင် ထိရောက်မှုရှိသော နည်းလမ်းများကို လေ့လာသင်ယူလိုကြောင်း၊ ၎င်းအနေဖြင့် ဆင်ဟွာသတင်းဌာနက ကမ္ဘာလုံးဆိုင်ရာ မီဒီယာ ပူးပေါင်းဖလှယ်မှုကို တွန်းအားပေးရာတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိမှုကို တန်ဖိုးထားချီးကျူးပြီး နိုင်ငံစုံမူဘောင်အောက်တွင် သတင်းဌာနနှစ်ခု ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်လိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
Yoshiki Kishida က တရုတ်နိုင်ငံသို့ လာရောက်၍ ၇ ကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီးအစည်းအဝေး တက်ရောက်ခွင့်ရသည့်အတွက် အလွန်ဝမ်းမြောက်မိကြောင်း၊ ဉာဏ်ရည်တု (AI) အား သတင်းတင်ဆက်မှုတွင် မည်ကဲ့သို့ ကောင်းမွန်စွာ အသုံးပြုမည်နည်းမှာ မီဒီယာများက ရင်ဆိုင်နေရသည့် ဘုံစိန်ခေါ်မှုဖြစ်သလို မီဒီယာထိပ်သီးအစည်းအဝေး၏ အရေးကြီးအကြောင်းအရာလည်းဖြစ်ကြောင်း၊ ယင်းနှင့်စပ်လျဉ်း၍ ဆင်ဟွာသတင်းဌာနနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားလိုကြောင်း ပြောကြားခဲ့သည်။

အာဖရိကမီဒီယာကိုယ်စားလှယ်များက ဆင်ဟွာသတင်းဌာနသည် ကမ္ဘာတစ်ဝန်းသက်ရောက်မှုရှိသည့် မီဒီယာအဖွဲ့အစည်းဖြစ်ကြောင်း၊ ဆင်ဟွာသတင်းဌာနနှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး အာဖရိကမီဒီယာ သတင်းတည်းဖြတ်ရေးသားမှုလုပ်ငန်း ခေတ်မီအသွင်ပြောင်းမှုကို အရှိန်မြှင့်ကာ နည်းပညာအသုံးပြုမှုနှင့် မာလ်တီမီဒီယာ အကြောင်းအရာ ထုတ်လုပ်မှုစွမ်းရည် မြှင့်တင်ခြင်းဖြင့် အာဖရိကမီဒီယာများက မိမိ၏အသံကို ပိုမိုကောင်းမွန်စွာ ထုတ်ဖော်ပြောကြားနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ထိုနေ့တွင် ဆင်ဟွာသတင်းဌာနက Gabon သတင်းအေဂျင်စီ၊ Lesotho သတင်းအေဂျင်စီ တို့နှင့်လည်း ပူးပေါင်းဆောင်ရွက်မှု စာရွက်စာတမ်းများ လက်မှတ်ရေးထိုးခဲ့ပြီး သတင်းအချက်အလက် ဖလှယ်မှု၊ လူပုဂ္ဂိုလ်ချင်း ဖလှယ်မှုနှင့် အပြန်အလှန် ခရီးစဉ်သွားရောက်မှု စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် သဘောတူညီခဲ့ကြသည်။ (Xinhua)
---------------------
(Chinese Version)
傅华会见出席第七届世界媒体峰会的部分外国媒体负责人
新华社北京11月5日电(记者王慧慧)新华通讯社社长傅华5日在北京分别会见来华出席第七届世界媒体峰会的印尼安塔拉通讯社社长阿卜杜勒·哈基姆、日本时事社常务董事岸田芳树,并集体会见赞比亚新闻通讯社社长洛伊斯·姆夸亚亚·萨伊利等非洲重要媒体代表。
傅华欢迎各国媒体负责人来华出席第七届世界媒体峰会。他表示,世界媒体峰会是全球媒体界的盛会,本届峰会恰逢新华社建社95周年。新华社愿同与会媒体一道,围绕“智能变革中的媒体使命与合作行动”这一主题,深入探讨如何更好运用人工智能赋能新闻采编,共同维护新闻公信力。新华社期待与各媒体机构进一步加强合作,促进民心相通,为推动国与国关系发展发挥积极建设性作用。
阿卜杜勒祝贺新华社建社95周年。他说,安塔拉通讯社同新华社长期保持友好合作,希望学习借鉴新华社在技术赋能新闻采编方面的有效做法。他赞赏新华社在推动全球媒体交流合作中发挥的重要作用,愿在多边框架下加强两社合作。
岸田芳树说,很高兴来华出席第七届世界媒体峰会。如何更好地将人工智能应用于新闻报道,是媒体面临的共同挑战,也是本届峰会的重要议题,期待同新华社就此加强合作。
非洲媒体代表表示,新华社是具有全球影响力的媒体机构,期待与新华社深化务实合作,加快非洲媒体采编业务现代化转型,提升新技术运用和多媒体内容制作能力,让非洲媒体更好发出自己的声音。
当日,新华社还同加蓬通讯社、莱索托通讯社签署合作文件,同意在新闻信息交换、人员交流互访等领域深化合作。(完)
图说1:11月5日,新华社社长傅华在北京集体会见来华出席第七届世界媒体峰会的非洲重要媒体代表。 新华社记者 李响 摄
图说2:11月5日,新华社社长傅华在北京会见印尼安塔拉通讯社社长阿卜杜勒·哈基姆。 新华社记者 李响 摄
图说3:11月5日,新华社社长傅华在北京会见日本时事社常务董事岸田芳树。 新华社记者 李响 摄