Xinhua Myanmar

တရုတ်နိုင်ငံက နိုင်ငံတကာ ကုမ္ပဏီများအတွက် အခွင့်အလမ်းများ ဖန်တီးပေးရာ အရင်းအမြစ်အဖြစ် ဆက်လက်တည်ရှိနေ

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် ၉ ကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) အား အဓိကကျင်းပမည့် အမျိုးသားပြပွဲနှင့် ကွန်ဗင်းရှင်းစင်တာ (ရှန်ဟိုင်း) ၏ တောင်ဘက်ရင်ပြင်အား ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

၉ ကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ကို ယခုသီတင်းပတ်အတွင်း တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ဖွင့်လှစ်ကျင်းပရာတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံတကာ ပြပွဲပြသသူ ၄,၁၄၂ ဦး ပါဝင်ပြသမည်ဖြစ်သည်။ Fortune Global 500 စာရင်းဝင် ကုမ္ပဏီနှင့် စက်မှုကဏ္ဍ ဦးဆောင်ကုမ္ပဏီပေါင်း ၃၀၀ ကျော်တို့က ပထမဆုံးအကြိမ် ပါဝင်ပြသမည်ဖြစ်ပြီး ကုမ္ပဏီပေါင်း ၂,၀၀၀ ကျော်ကလည်း အဆိုပါပြပွဲ၌ ပထမဆုံးအကြိမ် ပါဝင်ပြသကြမည်ဖြစ်သည်။

ထိုကိန်းဂဏန်းများသည် ပြပွဲတစ်ခုတည်း၏ ဆွဲဆောင်မှုထက်ပိုသော အခြင်းအရာများကို ညွှန်ပြလျက်ရှိသည်။ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ အရှိန်အဟုန်အားကောင်းလာပြီး ကမ္ဘာ့စီးပွားရေးကိုလည်း မရေရာမှုများက လွှမ်းခြုံထားချိန်တွင် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများအနေဖြင့် တရုတ်ဈေးကွက်၌ အဘယ်ကြောင့် စွဲမြဲခိုင်မာစွာ တည်ရှိနေကြသနည်းဆိုသော မေးခွန်းတစ်ခုမှာ ပီပီပြင်ပြင် ထွက်ပေါ်လာခဲ့သည်။

ထိုမေးခွန်း၏ အဖြေမှာ အားသာချက်တစ်ခုတည်းကြောင့် မဟုတ်ဘဲ ကြံ့ကြံ့ခံနိုင်စွမ်းရှိသော စီးပွားရေး၊ ကျယ်ပြန့်သော စက်မှုလုပ်ငန်းဂေဟစနစ်၊ တိုးပွားလာသော ဆန်းသစ်တီထွင်မှု အခွင့်အလမ်းများ စသည့် အားသာချက်များ စုစည်းနေခြင်းကြောင့်ပင်ဖြစ်သည်။ ယင်းအားသာချက်များက တရုတ်နိုင်ငံအား နိုင်ငံတကာကုမ္ပဏီများအတွက် အလွန်ကြီးမားသော ဈေးကွက်တစ်ခုအဖြစ်သာမက မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများ တည်ဆောက်ခြင်း၊ ဆန်းသစ်တီထွင်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ခြင်းတို့ကို ဖော်ဆောင်ပေးနိုင်သည့် နေရာတစ်ခုအဖြစ်လည်း ပိုမိုပီပြင်ခိုင်မာစေခဲ့သည်။

အရှိန်အဟုန်အားကောင်းသော ဧရာမဈေးကွက်ကြီး

ရေရှည်စီမံကိန်းများ ရေးဆွဲဖော်ဆောင်ကြသည့် စီးပွားရေးလုပ်ငန်းများအတွက် စီးပွားရေးတည်ငြိမ်မှုမှာ အလွန်အရေးကြီးလှသည်။

၂၀၂၆ ခုနှစ် ပထမ ၉ လအတွင်း တရုတ်နိုင်ငံ၏ စီးပွားရေးသည် ယခင်နှစ်ကာလတူထက် ၄.၆ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ဂျီဒီပီပမာဏမှာလည်း ယွမ် ၁၀၇ ထရီလီယံကျော် ရှိခဲ့သလို ကုန်ထုတ်လုပ်မှုပမာဏသည်လည်း ယွမ် ၅.၇ ထရီလီယံ တိုးတက်လာခဲ့ရာ ယင်းမှာ လွန်ခဲ့သောငါးနှစ်အတွင်း အလားတူကာလများနှင့် နှိုင်းယှဉ်ပါက အကြီးမားဆုံး တိုးတက်မှုလည်းဖြစ်သည်။ အဆိုပါကာလအတွင်း စီးပွားရေးတိုးတက်မှု၏ ၄၀ ရာခိုင်နှုန်းကျော်ကို တိုးတက်မှုမောင်းနှင်အားသစ်များက ပံ့ပိုးပေးခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားစာရင်းအင်းဗျူရို၏ ကနဦးခန့်မှန်းချက်များအရ သိရသည်။

အဆိုပါ ကိန်းဂဏန်းများက တရုတ်နိုင်ငံ၏ စီးပွားရေးကြံ့ကြံ့ခံနိုင်စွမ်းကိုသာမက စီးပွားရေးတိုးတက်မှုကို မောင်းနှင်တွန်းအားပေးရာတွင် စက်မှုလုပ်ငန်း အဆင့်မြှင့်တင်မှုနှင့် နည်းပညာတိုးတက်မှုတို့၏ အခန်းကဏ္ဍမြင့်မားလာမှုကိုလည်း ထင်ဟပ်ပြသနေသည်။

နိုင်ငံစုံအခြေစိုက်သည့် ကုမ္ပဏီကြီးများအတွက် တရုတ်နိုင်ငံသည် တည်ငြိမ်သောဈေးကွက်နှင့် ကြီးမားသော တိုးတက်မှုအလားအလာတို့ကို ပိုင်ဆိုင်ထားသည့် အဓိကလမ်းကြောင်းတစ်ခုအဖြစ် တည်ရှိနေဆဲဖြစ်သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20261105/f9a25d2e14324193a7a2cfd26641bcb0/c.html

..................................

(English Version)

Commentary: China remains a source of opportunity for global companies

BEIJING, Nov. 5 (Xinhuanet) -- When the ninth China International Import Expo (CIIE) opens in Shanghai this week, it will bring together 4,142 overseas exhibitors from around the world. For the first time, more than 300 Fortune Global 500 companies and industry leaders will take part, while over 2,000 companies will make their debut at the expo.

These numbers point to more than the appeal of a single event. As protectionism rises and uncertainty clouds the global economy, one question stands out: Why do international businesses remain committed to the Chinese market?

The answer lies not in any single advantage, but in the combination of a resilient economy, an extensive industrial ecosystem and growing opportunities for innovation. Together, these strengths make China not only a vast market for global companies, but also a place where they can build partnerships, innovate and grow.

A VAST MARKET WITH MOMENTUM

For businesses planning years ahead, economic stability matters.

In the first three quarters of 2026, China's economy expanded 4.6 percent year on year, with GDP exceeding 107 trillion yuan, adding 5.7 trillion yuan in output, the largest increase for the same period in the past five years. And new growth drivers contributed more than 40 percent to economic growth during the period, according to preliminary estimates from the National Bureau of Statistics.

The figures reflect both China's economic resilience and the growing role of industrial upgrading and technological progress in driving growth.

For multinational companies, China remains a key destination that boasts a stable market and great growth potential.

https://english.news.cn/20261105/f9a25d2e14324193a7a2cfd26641bcb0/c.html

Photo caption: This photo taken on Oct. 26, 2026 shows the south square of the National Exhibition and Convention Center (Shanghai), the main venue for the ninth China International Import Expo (CIIE), in east China's Shanghai. (Xinhua/Fang Zhe)

မူရင်းသတင်း — Xinhua Myanmar