Myanmar National Post

ရန်ကုန် အမျိုးသားပြတိုက်သို့ မှော်ဘီမြို့နယ်အ-ထ-က(၁)မှကျောင်းသား၊ကျောင်းသူများ သွားရောက်လေ့လာ






မှော်ဘီ ၊ နိုဝင်ဘာ  ၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတ၏ လမ်းညွှန်မှုဖြင့် ကျောင်းသား/ကျောင်းသူ၊လူငယ်လူရွယ်များ နိုင်ငံတော်၏သမိုင်းကြောင်း အစဉ်အလာနှင့် ယဉ်ကျေးမှုအမွေအနှစ်တန်ဖိုးများ သိရှိနားလည်လာစေရန်နှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားလာစေရန်၊ ဘိုးဘွားများ၏ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်၍ အမိနိုင်ငံမြှင့်တင်လိုစိတ်ရှိစေရန်နှင့် ဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍  ယနေ့နံနက်ပိုင်းက မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(အ-ထ-က ၁)မှ ဆရာမဒေါ်ဖြူဖြူစန်း၊ ဆရာမဒေါ်ချောစုလှိုင်၊ ဒေါ်ဝင်းဝင်မာတို့မှ ဦးစီးဦးဆောင်၍ ကျောင်းသား/ကျောင်းသူများသည် ရန်ကုန်မြို့အမျိုးသားပြတိုက်သို့သွ ားရောက်လေ့လာကြသည်။

ဦးစွာ ဆရာ/ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ ရန်ကုန်မြို့ ပြည်လမ်းရှိ အမျိုးသားပြတိုက်သို့ရောက်ရှိကြပြီး ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတာဝန်ရှိသူများမှ ခရီးဦးကြိုဆို၍ ဟိုတယ်၊ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အိသန္တာ၊ ဒေါ်မိမိလေး၊ ဦးစီးအရာရှိဒေါ်အေးသီတာဦးတို့နှင့် တာဝန်ရှိသူများမှ ကျောင်းသား/ကျောင်းသူများကို လိုက်လံပြသရာ ပျူခေတ်၊ ပုဂံခေတ်၊ အင်းဝခေတ်၊ ရတနာပုံခေတ်  ခေတ်အဆက်ဆက် သမိုင်းမှတ်တမ်းများ၊  ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များအကြောင်းတို့ကို တစ်ခုချင်း ရှင်းလင်းပြသ ပြောကြားရာကျောင်းသား/ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ကြသည်။

အဆိုပါ အမျိုးသားပြတိုက်သို့ မှော်ဘီမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(အ-ထ-က ၁) အထက်တန်းပြ တာဝန်ခံဆရာမဒေါ်ဖြူဖြူစန်း၊ ဆရာမဒေါ်ချောစုလှိုင်၊ ဆရာမဒေါ်ဝင်းဝင်းမာတို့နှင့်အတူတာဝန်ရှိဆရာမ (၁၁)ဦးနှင့် ကျောင်းသား/ကျောင်းသူစုစုပေါင်း(၁၄၇)ဦးကျော်တို့က ရှေးသမိုင်းခေတ်အဆက်ဆက် ဗဟုသုတများကို စုံလင်စွာ ကြည့်ရှု၊ဖတ်/မှတ်လေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ လေ့လာရေအစီအစဉ် ဦးဆောင်သော ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများသည်  အာကာသပြတိုက်ပြခန်း၊ ဝန်ကြီးများရုံးပြခန်းများနှင့် ရွှေတိဂုံဘုရား၊ ဗိုလ်တထောင်ဘုရားများ ကိုပါလေ့လာဖူးမြော်ခဲ့ကြကြောင်း သိရသည်။


ဝင်းဇော်

#News #Myanmar


မူရင်းသတင်း — Myanmar National Post