Xinhua Myanmar

တရုတ်နိုင်ငံက အဝေးထိန်းအာရုံခံ ဂြိုဟ်တုအသစ်များကို လွှတ်တင်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အဝေးထိန်းအာရုံခံ ဂြိုဟ်တုအုပ်စုနှစ်စု တင်ဆောင်ထားသည့် Long March-4B သယ်ဆောင်ရေးဒုံးပျံအား ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၄ ရက်က လွှတ်တင်စဉ် (ဆင်ဟွာ)

ရှီးချန်း၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အဝေးထိန်းအာရုံခံ ဂြိုဟ်တုအုပ်စုတစ်စုကို နိုဝင်ဘာ ၅ ရက်၌ လွှတ်တင်ခဲ့ကြောင်း သိရသည်။

Yaogan-51 အုပ်စုမှ ဂြိုဟ်တုအမှတ် ၀၇ မှ ၀၉ အထိကို Long March-2C သယ်‌ဆောင်ရေးဒုံးပျံဖြင့် ပေကျင်းစံတော်ချိန် ည ၁၁ နာရီ ၅၈ မိနစ်တွင် လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး ၎င်းဂြိုဟ်တုများသည် ကြိုတင်သတ်မှတ်ထားသော ဂြိုဟ်ပတ်လမ်းများထဲသို့ အောင်မြင်စွာ ဝင်ရောက်သွားခဲ့သည်။

အဆိုပါဂြိုဟ်တုများကို သိပ္ပံဆိုင်ရာ စမ်းသပ်မှုများနှင့် လျှပ်စစ်သံလိုက်နှင့်ပတ်သက်သော ပတ်ဝန်းကျင်အခြေအနေအား စစ်ဆေးတိုင်းတာခြင်းတို့အတွက် အဓိကအသုံးပြုမည် ဖြစ်သည်။

ထိုလွှတ်တင်မှုမှာ Long March သယ်ဆောင်ရေးဒုံးပျံများ၏ ၆၇၅ ကြိမ်မြောက် မစ်ရှင်ဖြစ်ကြောင်း သိရသည်။ (Xinhua)

.......................

(English Version)

China launches new remote sensing satellites

XICHANG, Nov. 6 (Xinhua) -- China launched a group of remote sensing satellites from the Xichang Satellite Launch Center in southwest China's Sichuan Province Thursday.

The satellites 07-09 of the Yaogan-51 group were launched at 11:58 p.m. (Beijing Time) aboard a Long March-2C carrier rocket, and they entered the preset orbits successfully.

They are primarily used for scientific experiments and electromagnetic environment detection.

The launch marked the 675th mission of the Long March carrier rockets. ■

Photo caption: A Long March-4B carrier rocket carrying two groups of remote sensing satellites blasts off from the Jiuquan Satellite Launch Center in northwest China, Oct. 24, 2026. (Photo by Wang Jiangbo/Xinhua)

မူရင်းသတင်း — Xinhua Myanmar