Xinhua Myanmar

ကမ္ဘာ့ပထမဆုံး ဇီဝနည်းပညာသုံး လူပုံစံတူ စက်ရုပ်သတင်းကြေညာသူများ ပွဲထုတ်ပြသ

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ကျင်းပသည့် သတ္တမအကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီးအစည်းအဝေး၏ “ဉာဏ်ရည်တုနှင့် တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းလဲမှု” ခေါင်းစဉ်ရှိ ဖိုရမ်ခွဲတွင် ကမ္ဘာ့ပထမဆုံး ဇီဝနည်းပညာသုံး လူပုံစံတူ စက်ရုပ်သတင်းကြေညာသူအား ပထမဆုံးအကြိမ်အဖြစ် ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၅ ရက်က တရားဝင် ပွဲထုတ်ပြသစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

ကမ္ဘာ့ပထမဆုံး ဇီဝနည်းပညာသုံး လူပုံစံတူ စက်ရုပ်သတင်းကြေညာသူများကို နိုဝင်ဘာ ၅ ရက်က ပေကျင်းမြို့တွင် ကျင်းပသည့် သတ္တမအကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီးအစည်းအဝေး၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ဉာဏ်ရည်တုနှင့် တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းလဲမှုဆိုင်ရာ ဖိုရမ်တွင် ပွဲထုတ်ပြသခဲ့သည်။

ယခုအကြိမ်ပြသမှုသည် ယုံကြည်စိတ်ချရသော သတင်းအကြောင်းအရာနှင့် embodied AI ကို ပေါင်းစပ်ထားသည့် ဆန်းသစ်တီထွင်မှု ပုံစံစနစ်ကို လက်တွေ့အသုံးချမှုဆီသို့ ခြေလှမ်းတစ်ရပ် ဖြစ်လာခဲ့ပြီး ဉာဏ်ရည်တုခေတ်တွင် သတင်းဆက်သွယ်ဖလှယ်မှုအတွက် နည်းလမ်းသစ်တစ်ခု ပေးစွမ်းခဲ့သည်။

ရှင်းယန် (Xinyan) နှင့် ရှင်းယွီ (Xinyu) ဟု အမည်ပေးထားသော လူပုံစံတူ စက်ရုပ်သတင်းကြေညာသူများကို ဆင်ဟွာသတင်းဌာနနှင့် တရုတ်နိုင်ငံ ထိပ်တန်းစက်ရုပ်ကုမ္ပဏီ UBTECH တို့က ပူးတွဲ တီထွင်ခဲ့ကြပြီး တရုတ်နာမည်ကျော်ဒါရိုက်တာ ကျန်းရိမိုက စက်ရုပ်များ၏ အမြင်အာရုံဆိုင်ရာ ပုံစံဒီဇိုင်းများအတွက် ဦးဆောင်ဒီဇိုင်နာအဖြစ် ဆောင်ရွက်ခဲ့သည်။

စက်ရုပ်နှစ်ရုပ်လုံးကို လူသားတို့၏ အရွယ်အစားနှင့် အချိုးအစားအတိုင်း တစ်ထပ်တည်း တုပတည်ဆောက်ထားသည်။ သတင်းအသုံးချမှုအခြေအနေများအတွက် အထူးတည်ဆောက်ထားသောကြောင့် နေရာတွင်တိုက်ရိုက် သတင်းထုတ်လွှင့်နိုင်စွမ်း ရှိသည်။ ၎င်းတို့၏ စွမ်းရည်များသည် ဆင်ဟွာသတင်းဌာန၏ ဉာဏ်ရည်တုနည်းပညာသုံး သတင်းစက်ရုပ် “ဆင်ဟွာယွီတျန်” နှင့် UBTECH ၏ ဇီဝနည်းပညာသုံး အရေပြား၊ embodied AI ဟာ့ဒ်ဝဲ၊ လည်ပတ်မှုစနစ်များ၊ စိတ်ခံစားမှုဖြင့် မောင်းနှင်သော ကြီးမားသော ဘာသာစကားမော်ဒယ်များ (LLM) နှင့် အစုလိုက်အပြုံလိုက် ထုတ်လုပ်နိုင်စွမ်းများ အပါအဝင် ကွင်းဆက်တစ်ခုလုံး ကိုယ်ပိုင်နည်းပညာများကို အသုံးချထားသည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

http://xhtxs.cn/bgep

.................................

(Chinese Version)

World's first bionic humanoid robot news anchors unveiled

BEIJING, Nov. 5 (Xinhua) -- The world's first bionic humanoid robot news anchors were unveiled on Thursday at a forum on artificial intelligence and Chinese modernization held in Beijing as part of the 7th World Media Summit.

The launch marked a step toward putting the innovative model of combining authoritative news content with embodied AI into practical use, offering a new approach to news communication in the age of artificial intelligence.

The humanoid robot news anchors, named Xinyan and Xinyu, were jointly developed by Xinhua News Agency and UBTECH, a leading Chinese robotics company, with renowned Chinese director Zhang Yimou as the lead designer of the robots' visual identities.

Both robots are built to human scale, replicating the proportions of real people. Custom-built for news applications, they are capable of delivering on-site news broadcasts. Their capabilities leverage Xinhua's AI-powered newsbot "Xinhua Yudian," as well as UBTECH's full-chain proprietary technologies including biomimetic skin, embodied AI hardware, operating systems, emotion-driven large language models (LLMs) and mass production capabilities.

http://xhtxs.cn/bgep

Photo Caption: The world's first bionic humanoid robot news anchor makes its official debut at a sub-forum titled Artificial Intelligence (AI) and Chinese Modernization of the 7th World Media Summit in Beijing, capital of China, Nov. 5, 2026. (Xinhua/Zhang Chenlin)

မူရင်းသတင်း — Xinhua Myanmar