
ပေကျင်း၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အောက်တိုဘာ ၂၈ ရက်တွင် ဩစတြေးလျနိုင်ငံမှ လူငယ် ကျောင်းသား၊ ကျောင်းသူ ၁၁၀ ဦးအား ပြန်စာပေးပို့ခဲ့ပြီး ၎င်းတို့အနေဖြင့် တရုတ်-ဩစတြေးလျ ချစ်ကြည်ရေးလုပ်ငန်းများတွင် ဆက်လက် တက်တက်ကြွကြွ ပါဝင်ရန် တိုက်တွန်းအားပေးခဲ့သည်။
ပြန်စာတွင် ရှီကျင့်ဖိန်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မကြာသေးမီက တရုတ်နိုင်ငံသို့ လာရောက်ပြီး “တရုတ်-ဩစတြေးလျ လူငယ် (တက္ကသိုလ်ကျောင်းသား) ပြိုင်လှေနှင့် နဂါးလှေလှော်မှု ချစ်ကြည်ရေးပြိုင်ပွဲ” တွင် ပါဝင်၍ တရုတ်နိုင်ငံ အဆင့်မြင့်ပညာရေး တက္ကသိုလ်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ယှဉ်ပြိုင်ကာ ထဲထဲဝင်ဝင် ဖလှယ်မှုများ လုပ်ဆောင်ခဲ့ကြရာ နိုင်ငံနယ်နိမိတ်ဖြတ်ကျော်သည့် ချစ်ကြည်ရင်းနှီးမှုများ တည်ထောင်ခဲ့ပြီး သာယာလှပသော အမှတ်တရများ ရရှိခဲ့သည်ကို ကြားသိရသည်အတွက် များစွာဝမ်းသာမိကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့် ဩစတြေးလျနိုင်ငံ၏ ချစ်ကြည်ရင်းနှီးစွာ သွားလာဆက်ဆံမှုသည် သမိုင်းကြောင်းကြာရှည်ကာ နှစ်နိုင်ငံဆက်ဆံရေး၏ အနာဂတ်သည် လူငယ်များလက်ထဲတွင် ရှိကြောင်း ရှီကျင့်ဖိန်က ထောက်ပြခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တရုတ်-ဩစတြေးလျ ချစ်ကြည်ရေးလုပ်ငန်းများတွင် ဆက်လက် တက်ကြွစွာ ပါဝင်ရန်၊ တရုတ်-ဩစတြေးလျ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု၏ လက်ဆင့်ကမ်းသူအဖြစ် လုပ်ဆောင်ကာ တရုတ်-ဩစတြေးလျ ချစ်ကြည်ရင်းနှီးမှု ထာဝရှင်သန်စေရေးအတွက် စဉ်ဆက်မပြတ် လက်ဆင့်ကမ်းသယ်ပိုးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
မကြာသေးမီက ဆစ်ဒနီတက္ကသိုလ် စသည့် အဆင့်မြင့်ပညာရေး တက္ကသိုလ်ကျောင်းမှ ဩစတြေးလျ လူငယ် ကျောင်းသား၊ ကျောင်းသူ ၁၁၀ ဦးသည် သမ္မတ ရှီကျင့်ဖိန်နှင့် ဩစတြေးလျနိုင်ငံ ဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီစီ ထံသို့ ပူးတွဲစာပေးပို့၍ တရုတ်နိုင်ငံသို့ ခရီးစဉ်လာရောက်ဖလှယ်သည့် အတွေ့အကြုံများ မိတ်ဆက်ပြောကြားခဲ့ပြီး တရုတ်နိုင်ငံ၏ ကာလကြာရှည်သော သမိုင်းယဉ်ကျေးမှု၊ သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုစွမ်းရည်အပေါ် လေးစားမှုနှင့် တရုတ်-ဩစတြေးလျ ချစ်ကြည်ရင်းနှီးမှု လက်ဆင့်ကမ်းရေး၊ အပြန်အလှန် နားလည်သိရှိမှု မြှင့်တင်ရေးအပေါ် တက်ကြွသည့်ဆန္ဒများကို ဖော်ပြခဲ့သည်။ (Xinhua)
---------------------
(Chinese Version)
习近平复信澳大利亚青年学生
新华社北京11月6日电 10月28日,国家主席习近平复信澳大利亚110名青年学生,鼓励他们继续积极参与中澳友好事业。
习近平表示,得知你们不久前来华参加“中澳青年(大学生)赛艇暨龙舟友谊赛”,同中国高校学生同场竞赛、深入交流,建立了跨越国界的友谊,留下了美好的回忆,我感到很欣慰。
习近平指出,中国和澳大利亚友好交往源远流长,两国关系的未来在青年。希望你们继续积极参与中澳友好事业,做中澳友谊与合作的传承者,让中澳友好薪火相传、生生不息。
近日,来自悉尼大学等高校的110名澳大利亚青年学生联名致信习近平主席和澳大利亚总理阿尔巴尼斯,介绍来华参访交流经历,表达对中国悠久历史文化、科技创新能力的钦佩和传递中澳友谊、增进相互了解的积极愿望。(完)
图说:2014年11月18日,国家主席习近平在澳大利亚塔斯马尼亚州参观访问。这是习近平和夫人彭丽媛抵达塔斯马尼亚州霍巴特机场时,与前来欢迎的当地儿童亲切交流。新华社记者 马占成 摄