Xinhua Myanmar

တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲက ပိုမိုများပြားသော ကမ္ဘာ့ထိပ်တန်းကုမ္ပဏီ ၅၀၀ စာရင်းဝင် ကုမ္ပဏီများနှင့် လုပ်ငန်းကဏ္ဍဆိုင်ရာ ဦးဆောင်သူများကို ဆွဲဆောင်လျက်ရှိ

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ ၉ ကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ခန်းမ ၃ မြင်ကွင်းကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

၉ ကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ကို တက်ရောက်လာသော ပြည်ပလုပ်ငန်းကုမ္ပဏီနှင့် လုပ်ငန်းကဏ္ဍဆိုင်ရာ ဦးဆောင်သူများ အရေအတွက် နှစ်ခုစလုံးမှာ သမိုင်းစံချိန်သစ်တင်ခဲ့ရာ အဆိုပါ ကမ္ဘာ့အကြီးဆုံး သွင်းကုန်ပြပွဲ၏ စဉ်ဆက်မပြတ်ဆွဲဆောင်မှုကို ဖော်ပြလျက်ရှိသည်။

ယခုအကြိမ် CIIE ပြပွဲကို နိုဝင်ဘာ ၅ ရက်တွင် တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့၌ ဖွင့်လှစ်ကျင်းပရန် စီစဉ်ထားရာ ကမ္ဘာ့ထိပ်တန်းလုပ်ငန်းကုမ္ပဏီ ၅၀၀ စာရင်းဝင် ကုမ္ပဏီများနှင့် လုပ်ငန်းကဏ္ဍဆိုင်ရာ ဦးဆောင်သူများ ၃၀၀ ကျော် ပါဝင်ပြသမည်ဖြစ်ပြီး သမိုင်းစံချိန်သစ်တင်မည်ဖြစ်သည်။ ထို့ပြင် ကုမ္ပဏီပေါင်း ၂,၀၀၀ ကျော်သည် အဆိုပါပြပွဲ၌ ပထမဆုံးအကြိမ်အဖြစ် ပါဝင်ပြသမည်ဖြစ်ကြောင်း ပြပွဲစီစဉ်သူများ၏ မိတ်ဆက်ပြောကြားချက်အရ သိရသည်။

ယခုနှစ်ပြပွဲတွင် နိုင်ငံနှင့် ဒေသပေါင်း ၁၄၈ ခုမှ ပြည်ပမှ ပါဝင်ပြသသူ ၄,၁၄၂ ဦး ပါဝင်ရန် ဆွဲဆောင်နိုင်မည်ဟု မျှော်မှန်းထားသည်။ ထို့ပြင် စုစုပေါင်း နိုင်ငံ၊ ဒေသနှင့် နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၁၆၂ ခုလည်း အဆိုပါပြပွဲတွင် ပါဝင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးမှ သိရသည်။

၂၀၁၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ကျင်းပကတည်းက အဆိုပါကုန်သွယ်မှုပြပွဲသည် နိုင်ငံတကာ လုပ်ငန်းကုမ္ပဏီ အမျိုးမျိုးအပေါ် အားကောင်းသော ဆွဲဆောင်မှုကို ထိန်းသိမ်းထားပြီး အဆိုပါကုမ္ပဏီများသည် ထိုပြပွဲပလက်ဖောင်းကို တရုတ်နိုင်ငံတွင် ထုတ်ကုန်အသစ်များ မိတ်ဆက်ပြသရာနေရာနှင့် ကမ္ဘာ့ဒုတိယအကြီးဆုံး စားသုံးသူဈေးကွက်အတွင်း ဝင်ရောက်ရန် “အမြန်ဆုံးဝင်ရောက်နိုင်သည့် လမ်းကြောင်း” အဖြစ် အသုံးပြုထားကြောင်း သိရသည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20261104/ce73ff6d89254ea6969756b3049dd629/c.html

---------------------

(English Version)

(CIIE) China Focus: China's import expo draws more Fortune Global 500 companies, industry leaders

SHANGHAI, Nov. 4 (Xinhua) -- The numbers of overseas companies and industry heavyweights attending the 9th China International Import Expo (CIIE) are both set to reach record highs, underscoring the enduring appeal of the world's largest import-themed trade fair.

The event is scheduled to open on Thursday in Shanghai, east China, with more than 300 Fortune Global 500 companies and industry leaders expected to participate, marking a record high. Additionally, more than 2,000 companies will be exhibiting here for the first time, according to organizers.

This year's expo is expected to attract a record 4,142 overseas exhibitors from 148 countries and regions. In total, 162 countries, regions and international organizations will participate, according to the Ministry of Commerce.

Since its launch in 2018, the trade fair has maintained strong appeal for international companies of all sizes, which have used the platform as a launchpad for new products in China and a fast track to enter the world's second-largest consumer market.

https://english.news.cn/20261104/ce73ff6d89254ea6969756b3049dd629/c.html

Photo Caption : This photo taken on Nov. 4, 2026 shows a view of the Hall 3 of the ninth China International Import Expo (CIIE) in Shanghai, east China. (Xinhua/Guo Lei)

မူရင်းသတင်း — Xinhua Myanmar