Xinhua Myanmar

ဂျပန်၏ “ထပ်မံ စစ်ရေးအသွင်ပြောင်းခြင်း” အရှိန်အဟုန်ဖြင့် တိုးတက်မှုက ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပြင်းထန်စွာ ခြိမ်းခြောက်လျက်ရှိဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းအား ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၅ ရက်တွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Foreign Affairs of the People’s Republic of China)

ပေကျင်း၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

ဂျပန်အစိုးရသည် ဒီဇင်ဘာလတွင် “လုံခြုံရေးဆိုင်ရာ စာတမ်း ၃ ရပ်” ဗားရှင်းအသစ်ကို အတည်ပြုရန် စီစဉ်နေသည်။ သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ ဗားရှင်းအသစ်တွင် တရုတ်ကို “အကြီးမားဆုံး မဟာဗျူဟာမြောက် စိန်ခေါ်မှု” အဖြစ် ဆက်လက်သတ်မှတ်ထားမည်ဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက နိုဝင်ဘာ ၅ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းချက်ကို ဖြေကြားရာတွင် ဂျပန်သည် “လုံခြုံရေးဆိုင်ရာ စာတမ်း ၃ ရပ်” ကို အလောတကြီး ပြန်လည်ပြင်ဆင်ရန်၊ စစ်ရေးအသုံးစရိတ်ကို သိသိသာသာ မြှင့်တင်ကာ ထိုးစစ်ဆင်နိုင်သည့်အင်အားများကို တိုးတက်စေရန်၊ “ထပ်မံ စစ်ရေးအသွင်ပြောင်းခြင်း” ကို အရှိန်မြှင့်လုပ်ဆောင်ရန် လောဘစိတ်သည် သိသာထင်ရှားလျက်ရှိကြောင်း၊ “အကြီးမားဆုံး မဟာဗျူဟာမြောက် စိန်ခေါ်မှု” ဟူသည်မှာ ဂျပန်ဘက်က ကာကွယ်ရေးအမည်ခံကာ စစ်ရေးချဲ့ထွင်ရေးကို လက်တွေ့ဆောင်ရွက်ရန် အကြောင်းပြချက်သာလျှင် ဖြစ်ကြောင်း ပြောကြားသည်။

“ဂျပန်ပြည်တွင်းမှာလည်း ‘ငြိမ်းချမ်းသောနိုင်ငံ’ ဆိုတဲ့ အယူအဆ ယိုယွင်းပျက်စီးလာမှု၊ စီးပွားရေးနဲ့ ပြည်သူတွေရဲ့ လူနေမှုဘဝအပေါ်  ထိခိုက်နစ်နာလာမှာကို စိုးရိမ်နေကြတာကို ကျွန်တော်တို့ သတိပြုမိပါတယ်” ဟု ကောကျားခွန်းက ပြောကြားသည်။

သမိုင်းတွင် ဂျပန် စစ်ဝါဒသည် ကြီးမားသော ရာဇဝတ်မှုကြီးများကို ကျူးလွန်ခဲ့ဖူးပြီး အာရှပစိဖိတ်နှင့် ကမ္ဘာ့ပြည်သူများအတွက် နက်ရှိုင်းကြီးမားသော ဘေးဒုက္ခများ ဖြစ်ပေါ်စေခဲ့ကြောင်း၊ အတိတ်သင်ခန်းစာသည် အလှမ်းမဝေးသေးဘဲ မှတ်မှတ်ထင်ထင် ရှိနေဆဲဖြစ်ရာ သတိမမူဘဲ နေ၍မရကြောင်း၊ ဂျပန်၏ “ထပ်မံ စစ်ရေးအသွင်ပြောင်းခြင်း” သည် အရှိန်အဟုန်ဖြင့် တိုးတက်လျက် “ကာကွယ်ရေးကိုသာ သီးသန့်ဦးတည်ခြင်း” မူဝါဒကို အဆက်မပြတ် ချိုးဖောက်ကာ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပြင်းထန်စွာ ခြိမ်းခြောက်လျက်ရှိပြီး စစ်ပြီးကာလ နိုင်ငံတကာ စည်းစနစ်ကို စိန်ခေါ်လျက်ရှိရာ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အထူး သတိထားကာ အတူတကွ တားဆီးရမည် ဖြစ်ကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။ (Xinhua)

...........................

(Chinese Version)

外交部:日本“再军事化”狂飙突进严重威胁地区和平稳定

新华社北京11月5日电(记者邵艺博、孙楠)日本政府拟于12月通过新版“安保三文件”。有消息人士称,新版“安保三文件”中拟继续将中国定位为“最大战略挑战”。外交部发言人郭嘉昆5日在例行记者会上答问时表示,日本迫不及待修订“安保三文件”,大幅提升军费开支,发展进攻力量,加速“再军事化”的野心昭然若揭。所谓“最大战略挑战”不过是日方以防卫为名、行军事扩张之实的借口。  

“我们注意到日本国内也在担忧‘和平国家’理念变质、经济民生受到严重影响。”郭嘉昆说。  

郭嘉昆表示,历史上日本军国主义曾经犯下滔天罪行,给亚太和世界人民造成深重灾难。殷鉴不远,不可不察。日本“再军事化”狂飙突进,不断突破“专守防卫”,严重威胁地区和平稳定,挑战战后国际秩序,国际社会必须高度警惕、共同遏止。(完)

မူရင်းသတင်း — Xinhua Myanmar