
ပေကျင်း၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ထိပ်တန်းဥပဒေပြုအဖွဲ့က နယ်စပ်ဖြတ်ကျော် အကျင့်ပျက်ခြစားမှုများ တိုက်ဖျက်ရေး ဥပဒေတစ်ရပ်ကို နိုဝင်ဘာ ၆ ရက်၌ အတည်ပြုပြဋ္ဌာန်းလိုက်ကြောင်း သိရသည်။
ထိုဥပဒေသည် နယ်စပ်ဖြတ်ကျော် အကျင့်ပျက်ခြစားမှုများကို တားဆီးရန်နှင့် အရေးယူရန်၊ နိုင်ငံတကာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေရန်၊ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန်၊ သမာသမတ်ကျပြီး တရားမျှတမှုရှိသော ကမ္ဘာလုံးဆိုင်ရာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး စီမံခန့်ခွဲမှုစနစ် တည်ဆောက်ရေးကို မြှင့်တင်ရန် ရည်ရွယ်သည်။
အခန်းကြီး ၆ ခန်းနှင့် ပုဒ်မ ၄၇ ခု ပါဝင်သည့် အဆိုပါဥပဒေတွင် လုပ်ငန်းစဉ်ယန္တရားများနှင့် တာဝန်များ၊ အမှုကိစ္စများ ကိုင်တွယ်ဆောင်ရွက်ခြင်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု၊ သမာသမတ်ရှိမှုနှင့် စည်းမျဉ်းစည်းကမ်း လိုက်နာမှု၊ ဥပဒေအရ တာဝန်ယူမှု/တာဝန်ခံမှုနှင့် အခြားကဏ္ဍများ ပါဝင်သည်။
အဆိုပါဥပဒေကို တရုတ်နိုင်ငံ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ၏ ဥပဒေပြုရေး အစည်းအဝေးတွင် အတည်ပြုပြဋ္ဌာန်းခဲ့ကြောင်း သိရသည်။ (Xinhua)
..............................
(English Version)
China passes law to prevent, punish cross-border corruption
BEIJING, Nov. 6 (Xinhua) -- China's top legislature on Friday adopted a law to combat cross-border corruption.
The law aims to prevent and punish cross-border corruption, deepen international anti-corruption cooperation, safeguard China's sovereignty, security and development interests, and promote the building of a fair and equitable global anti-corruption governance system.
With 47 articles in six chapters, the law covers mechanisms and responsibilities, case handling and international cooperation, integrity and compliance, legal liability, among other areas.
The law was passed at a legislative session of the Standing Committee of the National People's Congress. ■
Photo caption: This photo taken on March 12, 2026 shows the Great Hall of the People ahead of the closing meeting of the fourth session of the 14th National People's Congress (NPC) in Beijing, capital of China. (Xinhua/Li Yan)