
နေပြည်တော်၊ နိုဝင်ဘာ ၇
လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီး အကဲ Lieutenant General Saichay Kommasith ၏ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ချစ်ကြည်ရေးခရီးရောက်ရှိနေသည့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့က လာအိုနိုင်ငံ၊ လွန်ပရာဘန်ပြည်နယ် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြန်လည် ထွက်ခွာကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဦးစီး ဌာန ဒုတိယအကြီးအကဲ Major General Vanhthong Boudtavongနှင့်ဇနီး၊ လွန်ပရာ ဘန်ပြည်နယ် စစ်ဌာနချုပ်မှူးနှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာလာအိုစစ်သံမှူး၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ)နှင့်ဇနီး၊ တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး ဦးဆောင်သည့် မြန်မာ့ တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်လေဆိပ်သို့ ညနေပိုင်းတွင် ပြန်လည် ရောက်ရှိကြရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း နှင့်ဇနီး ဒေါ်နန်းကူးကူ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းဝင်း နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံရုံးနှင့် စစ်သံရုံး တို့မှ တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စား လှယ် အဖွဲ့သည် ခရီးစဉ်အတွင်း လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအကဲ၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် အမျိုးသားကာကွယ်ရေးဝန်ကြီး၊ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ်တို့နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခြင်းများ ဆောင်ရွက် ခြင်း၊ လာအိုနိုင်ငံရှိ သမိုင်းဝင်ဘုရား ပုထိုးစေတီကျောင်းများနှင့် အထင်ကရနေရာများသို့ သွားရောက်ဖူးမြော် ကြည်ညိုလေ့လာကြည့်ရှုခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သတင်း ရရှိသည်။
#Myanmar #News
