Myanmar National Post

ပခုက္ကူမြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၈)နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်









ပခုက္ကူ နိုဝင်ဘာ ၇

၂၀၂၆ခုနှစ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၈)နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ်  ယနေ့နံနက်၇ နာရီခွဲအချိန်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁၄)ရပ်ကွက်ရှိ ရှေးဟောင်းသမိုင်းဝင်သီဟိုဠ်ရှင်မြတ်စွာဘုရားကြီး၌ နယ်မြေခံတပ်နယ်မှတပ်မတော်သားများ၊  ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ခရိုင်/မြို့နယ်ဌာနဆိုင် ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက ချုံနွယ်ပေါင်းပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းဖယ်ရှားခြင်း၊ တံမြက်စည်းလှည်းခြင်းလုပ်ငန်းများ စုပေါင်းဆောင်ရွက်ကြရာ နယ်မြေခံတပ်နယ်မှ ဒုတိယတပ်မမှူး ဗိုလ်မှူးချုပ်ဝင်းမင်းလတ်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးကြသည်။  

ထို့နောက် ၂၀၂၆ခုနှစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၈)နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်း အနားကို ယနေ့နံနက်၁၀နာရီအချိန်က ဆက်လက်ကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်က ဂုဏ်ပြုအမှာစကားပြောကြားပြီး ခရိုင်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများနှင့်အငြိမ်းစားဝန်ထမ်းများအား တာဝန်ရှိသူများက ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများပေးအပ်ကြသည်။

အလားတူ နိုဝင်ဘာလ၆ရက်နေ့တွင် ၂၀၂၆ခုနှစ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၈)နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ပခုက္ကူမြို့၊အမှတ်(၁၅)ရပ်ကွက်၊ ဆုကြီးပန်ပရိယတ္တိစာသင်တိုက်ရှိ ဆရာတော်သံဃာတော်များ၊သာမဏေ၊ သီလရှင်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။ 

ဘာမီသာ(ပခုက္ကူ)

#Myanmar #News

မူရင်းသတင်း — Myanmar National Post