
မွန်တီဗီဒီယို၊ နို၀င်ဘာ ၇ ရက် (ဆင်ဟွာ)
အာဂျင်တီးနား၊ ဒိုမီနီကန်အသင်းတို့နှင့် ချစ်ကြည်ရေးပွဲကစားရန် ကွင်းလယ်ကစားသမား ဖယ်ဒရီကို ဗယ်လ်ဗာဒီအား ဥရုဂွေးအသင်းသို့ ပြန်လည်ခေါ်ယူလိုက်ကြောင်း ဥရုဂွေးဘောလုံးအဖွဲ့ချုပ် (AUF) က နို၀င်ဘာ ၇ ရက်၌ ပြောကြားခဲ့သည်။
အသက် ၂၈ နှစ်အရွယ်ရှိ ဗယ်လ်ဗာဒီက ခြေကျင်းဝတ်ဒဏ်ရာကြောင့် စက်တင်ဘာနှင့် အောက်တိုဘာတို့တွင် ဂျပန်၊ တောင်ကိုရီးယားနှင့် အိန္ဒိယအသင်းတို့နှင့်ယှဉ်ပြိုင်ခဲ့သည့် ဤတောင်အမေရိက အသင်း၏ ချစ်ကြည်ရေးပွဲများကို လွဲချော်ခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်း နည်းပြချုပ် ဒီယေဂို ဖော်လန်သည် လီဗာပူးလ် နောက်ခံလူ ရော်နယ်အာရူဟို၊ တော့တင်ဟမ်ဟော့စပါးကွင်းလယ်လူ ရိုဒရီဂိုဘန်တန်ကာနှင့် ဒီရီယာတိုက်စစ်မှူး ဒါဝင်နယူနက်တို့ကိုလည်း ခေါ်ယူခဲ့သည်။
ဒေသခံကလပ်အသင်းမှပါဝင်သည့် တစ်ဦးတည်းသောကစားသမားမှာ မွန်တီဗီဒီယိုမြို့ အခြေစိုက်ကလပ် Albion FC တွင် ကစားနေသော၊ နိုင်ငံအသင်းတွက် ပွဲထွက်ကစားဖူးခြင်းမရှိသေးသည့် ဂိုးသမား Sebastian Jaume ဖြစ်သည်။
ဥရုဂွေးအသင်းအနေဖြင့် နိုဝင်ဘာ ၁၃ ရက်တွင် ဗျူနိုအေးရိစ်မြို့ရှိ La Bombonera ကွင်း၌ အာဂျင်တီးနားအသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး ထို့နောက် လေးရက်အကြာတွင် အိမ်ကွင်း၌ ဒိုမီနီကန်အသင်းနှင့် ကစားရမည်ဖြစ်သည်။
ဥရုဂွေးအသင်းတွင် ပါဝင်သည့် ကစားသမားများမှာ အောက်ပါအတိုင်းဖြစ်ကြောင်း သိရသည်။
ဂိုးသမား- Santiago Mele ၊ Cristopher Fiermarin ၊ Ignacio de Arruabarrena ၊ Sebastian Jaume ။
နောက်ခံလူများ- Guillermo Varela ၊ Santiago Mourino ၊ Ronald Araujo ၊ Jose Maria Gimenez ၊ Juan Rodriguez ၊ Sebastian Caceres ၊ Mathias Olivera ၊ Joaquin Piquerez ၊ Juan Manuel Sanabria ။
ကွင်းလယ်ကစားသမားများ- Lucas Torreira ၊ Rodrigo Bentancur ၊ Facundo Bernal ၊ Nicolas de la Cruz ၊ Federico Valverde ၊ Agustin Canobbio ၊ Facundo Pellistri ၊ Maximiliano Araujo ၊ Rodrigo Zalazar ၊ Giorgian de Arrascaeta ။
ရှေ့တန်း- Martin Satriano ၊ Bruno Damiani ၊ Rodrigo Aguirre ၊ Federico Vinas ၊ Darwin Nunez ။ (Xinhua)



..........................................
(English Version)
Valverde recalled to Uruguay squad for FIFA window
MONTEVIDEO, Nov. 6 (Xinhua) -- Midfielder Federico Valverde has been recalled to Uruguay's squad for friendlies against Argentina and the Dominican Republic, the Uruguayan Football Association (AUF) said on Friday.
The 28-year-old missed the South American team's friendlies against Japan, South Korea and India in September and October due to a sprained ankle.
As expected, head coach Diego Forlan also called up Liverpool defender Ronald Araujo, Tottenham midfielder Rodrigo Bentancur and Diriyah striker Darwin Nunez.
The only player included from a local club was uncapped goalkeeper Sebastian Jaume, who plays for Montevideo-based club Albion FC.
Uruguay will face Argentina at La Bombonera in Buenos Aires on November 13 before hosting the Dominican Republic four days later.
Uruguay squad:
Goalkeepers: Santiago Mele, Cristopher Fiermarin, Ignacio de Arruabarrena, Sebastian Jaume.
Defenders: Guillermo Varela, Santiago Mourino, Ronald Araujo, Jose Maria Gimenez, Juan Rodriguez, Sebastian Caceres, Mathias Olivera, Joaquin Piquerez, Juan Manuel Sanabria.
Midfielders: Lucas Torreira, Rodrigo Bentancur, Facundo Bernal, Nicolas de la Cruz, Federico Valverde, Agustin Canobbio, Facundo Pellistri, Maximiliano Araujo, Rodrigo Zalazar, Giorgian de Arrascaeta.
Forwards: Martin Satriano, Bruno Damiani, Rodrigo Aguirre, Federico Vinas, Darwin Nunez. ■
Photo caption 1: Real Madrid's Federico Valverde shoots to score during a La Liga football match between Real Madrid and Atletico de Madrid in Madrid, Spain, on March 22, 2026. (Photo by Gustavo Valiente/Xinhua)
Photo caption 2: Real Madrid's Federico Valverde celebrates his goal during a La Liga football match between Real Madrid and Atletico de Madrid in Madrid, Spain, on March 22, 2026. (Photo by Gustavo Valiente/Xinhua)