Xinhua Myanmar

WTT Champions Frankfurt စားပွဲတင်တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ကွာတားဖိုင်နယ်သို့ တရုတ်ကစားသမား သုံးဦး တက်ရောက်

အမေရိကန်နိုင်ငံ လာ့စ်ဗီးဂက်စ်မြို့၌ ကျင်းပသည့် WTT US Smash စားပွဲတင်တင်းနစ်ပြိုင်ပွဲ ၁၆ ဦး ရှုံးထွက်အဆင့်တွင် တရုတ်ကစားသမား စွန်းရင်ဆားက အသင်းဖော် ချန်ရိနှင့် ယှဉ်ပြိုင်ကစားစဉ် ဆာဗင်ပေးနေသည်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘာလင်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

နိုဝင်ဘာ ၆ ရက်က ကျင်းပသည့် WTT Champions Frankfurt စားပွဲတင်တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် တရုတ်ကစားသမား သုံးဦး ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ကြသည်။ ချန်ရိသည် ငါးပွဲအထိ အကြိတ်အနယ် ယှဉ်ပြိုင်ကစားပြီးမှ အနိုင်ရရှိခဲ့သော်လည်း ခွိုင်မန့်နှင့် ချန်ရှင့်ထုန်တို့မှာမူ သုံးပွဲပြတ် အနိုင်ရရှိခဲ့ကြသည်။

အဆင့် ၈ သတ်မှတ်ခံရသူ ချန်ရိသည် ၁၆ ယောက်အဆင့်တွင် ယူကရိန်းကစားသမား မာဂရီတာ ပီဆော့စကာ နှင့် အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရပြီးနောက် ၃-၂ ပွဲဖြင့် အနိုင်ရရှိခဲ့ရာ တရုတ်နိုင်ငံအနေဖြင့် ကွာတားဖိုင်နယ်တွင် ကိုယ်စားပြုကစားသမား သုံးဦး ပါဝင်လာခဲ့သည်။

ကမ္ဘာ့အဆင့် ၅ နေရာတွင် ရပ်တည်နေသည့် ခွိုင်မန့်သည် ဂျာမနီကစားသမား နီနာ မစ်တယ်ဟမ် ကို ၃ ပွဲပြတ် အနိုင်ရရှိခဲ့ပြီး ကမ္ဘာ့အဆင့် ၇ နေရာမှ ချန်ရှင့်ထုန်ကလည်း ဘရာဇီးကစားသမား ဘရူနာ တာကာဟာရှီ ကို အလားတူရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။

ချန်ရိသည် ပြိုင်ပွဲအဖွင့်ပွဲစဉ်တွင် ဂျာမနီနိုင်ငံမှ အထူးဖိတ်ခေါ်ပါဝင်ယှဉ်ပြိုင်သူ ယိုဆီဖီနာ နွိုင်းမန် ကို သုံးပွဲပြတ် အနိုင်ရရှိခဲ့ပြီး ခွိုင်မန့်ကလည်း ယခင်ပွဲစဉ်တွင် အမေရိကန်ကစားသမား အေမီ ဝမ် ကို တစ်ပွဲမျှမပေးရဘဲ အနိုင်ရရှိခဲ့သည်။

သို့သော် အမျိုးသမီးပြိုင်ပွဲတွင် အိမ်ရှင်ဂျာမနီကလည်း အောင်ပွဲခံစရာ အကြောင်းရှိခဲ့သည်။ ယင်းမှာ ဆာဘီနီ ဝင်တာ က တစ်နိုင်ငံတည်းသူ ဟန်ရင်ကို ၃ ပွဲပြတ် အနိုင်ရရှိကာ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။ ဟန်ရင်သည် ယခင်ပွဲစဉ်တွင် ကမ္ဘာ့အဆင့် ၄ နေရာမှ တရုတ်ကစားသမား ဝမ်ရိသီကို ဖြုတ်ချကာ အံ့အားသင့်ဖွယ် အနိုင်ရလဒ်တစ်ခု ရယူထားသူဖြစ်သည်။

ဂျာမနီကစားသမား အန်နက် ကာ့ဖ်မန်း သည်လည်း ဂျပန်ကစားသမား ဟိနာ ဟာယာတကို ၁-၃ ပွဲဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။ ဂျပန်ကစားသမား မိဝါ ဟာရိမိုတိုကလည်း တောင်ကိုရီးယားကစားသမား ဂျူ ချွန်းဟွီ ကို ၃-၁ ပွဲဖြင့် အနိုင်ရရှိခဲ့ရာ တစ်နိုင်ငံတည်းသူ ဟာယာတနှင့်အတူ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။

အမျိုးသားပြိုင်ပွဲတွင် ဂျာမနီနိုင်ငံမှ အထူးဖိတ်ခေါ်ပါဝင်ယှဉ်ပြိုင်သူ ဝင်မ် ဗာဒွန်ရှော့တ် က ဘရာဇီးကစားသမား အဆင့် ၆ သတ်မှတ်ခံရသူ ဟူဂို ကယ်လ်ဒါရာနို ကို ၃-၁ ပွဲဖြင့် အနိုင်ရရှိကာ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သဖြင့် ထူးခြားသည့် အနိုင်ရလဒ်တစ်ခုကို ရယူနိုင်ခဲ့သည်။ ကယ်လ်ဒါရာနို သည် လွန်ခဲ့သည့်ရက် အစောပိုင်းက တရုတ်ကစားသမား လျန်ကျင့်ခွန်းကို ငါးပွဲအထိ အကြိတ်အနယ် ယှဉ်ပြိုင်ကစားပြီး အနိုင်ရရှိခဲ့သော်လည်း ယခုပွဲစဉ်တွင် ဗာဒွန်ရှော့တ် ကို ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။

အခြားဂျာမနီကစားသမား ပက်ထရစ် ဖရန်ဇစ်စကာ ကလည်း တစ်နိုင်ငံတည်းသား ဘဲနဒစ် ဒူဒါ ကို ၃-၂ ပွဲဖြင့် အနိုင်ရရှိကာ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။ ၎င်းတို့နှစ်ဦး ငါးပွဲအထိ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရသည့် အဆိုပါပွဲစဉ်တွင် ဒူဒါ ရှုံးနိမ့်ခဲ့သဖြင့် အဖွင့်ပွဲစဉ်၌ တောင်ကိုရီးယားကစားသမား ဂျန်ဝူဂျင်းကို အနိုင်ရရှိထားသည့် ၎င်း၏ ပြိုင်ပွဲခရီးစဉ် အဆုံးသတ်သွားခဲ့သည်။

တရုတ်နိုင်ငံမှ ကျိုးချီဟောင်မှာမူ တရုတ် (ထိုင်ပေ) ကစားသမား လျင်ယွင်ရူကို ၁-၃ ပွဲဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီး လျင်ယွင်ရူက ၃-၁ ပွဲဖြင့် အနိုင်ရရှိကာ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

ဂျပန်ကစားသမား တိုမိုကာဇု ဟာရိမိုတိုသည် တောင်ကိုရီးယားကစားသမား လင် ဂျုံဟွန်း ကို ၃-၁ ပွဲဖြင့် အနိုင်ရရှိကာ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီး တစ်နိုင်ငံတည်းသား ရွှန်းဆုကဲ တိုဂါမိကလည်း အခြားတောင်ကိုရီးယားကစားသမား အို ဂျွန်ဆောင် ကို ၃-၂ ပွဲဖြင့် အနိုင်ယူခဲ့သည်။ (Xinhua)

------------------------------------------

(English Version)

Chinese trio advances to women's singles quarterfinals at WTT Champions Frankfurt

BERLIN, Nov. 6 (Xinhua) -- Three Chinese women reached the quarterfinals at WTT Champions Frankfurt on Friday, with Chen Yi surviving a five-game contest while Kuai Man and Chen Xingtong advanced in straight games.

Eighth seed Chen Yi was pushed to the limit by Ukraine's Margaryta Pesotska before prevailing 3-2 in the round of 16, giving China three representatives in the quarterfinals.

World No. 5 Kuai Man defeated Germany's Nina Mittelham 3-0, while seventh-ranked Chen Xingtong dispatched Brazil's Bruna Takahashi by the same margin.

Chen Yi had opened her campaign with a straight-games victory over German wildcard Josephina Neumann, while Kuai Man had previously defeated American Amy Wang without dropping a game.

The hosts nevertheless had reason to celebrate in the women's draw as Sabine Winter beat compatriot Han Ying 3-0 to secure a quarterfinal berth. Han had caused a major upset in the previous round by eliminating China's world No. 4 Wang Yidi.

Germany's Annett Kaufmann also bowed out, losing 3-1 to Japan's Hina Hayata. Miwa Harimoto joined compatriot Hayata in the last eight with a 3-1 victory over South Korea's Joo Cheon-hui.

In the men's competition, German wildcard Wim Verdonschot produced a notable result by defeating Brazil's sixth seed Hugo Calderano 3-1 to reach the quarterfinals. Calderano had eliminated China's Liang Jingkun in five games a day earlier, but his campaign ended against Verdonschot.

Another German reached the last eight when Patrick Franziska prevailed 3-2 against compatriot Benedikt Duda. Their five-game meeting ended Duda's run after his opening-round victory over South Korea's Jang Woo-jin.

China's Zhou Qihao, meanwhile, was eliminated by Chinese Taipei's Lin Yun-Ju, who advanced with a 3-1 win.

Japan's Tomokazu Harimoto progressed with a 3-1 victory over South Korea's Lim Jong-hoon, while compatriot Shunsuke Togami overcame another South Korean, Oh Jun-sung, 3-2.

Photo Caption 1 :Sun Yingsha of China serves during the 1/8 final against teammate Chen Yi at the WTT US Smash in Las Vegas, the United States, on July 10, 2025. (Handout via Xinhua)

မူရင်းသတင်း — Xinhua Myanmar