Myanmar National Post

ရုရှား နဲ့ ဘင်္ဂလားဒေ့ရှ်ကတော့ ကုန်သွယ်ရေး ပူးပေါင်းမှုတွေ တိုးမြင့်လုပ်ဆောင်နေ





နိုဝင်ဘာ - ၇ ( စနေနေ့ ) 

ဘင်္ဂလားဒေ့ရှ်နဲ့ ရုရှားနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုနဲ့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုတိုးမြှင့်နိုင်ဖို့ အတားအဆီးတွေကို ဖယ်ရှားသွားရေး ရည်ရွယ်ထားတဲ့ သဘောတူညီချက်တစ်ရပ်ကို နှစ်နိုင်ငံကုန်သွယ်ရေးအဖွဲ့တွေက လက်မှတ်ရေးထိုးလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ကုန်သည်စက်မှုအသင်းချုပ် (FBCCI) နဲ့ ရုရှား-ဘင်္ဂလားဒေ့ရှ် စီးပွားရေးကောင်စီတို့ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ နားလည်မှုစာချွန်လွှာ (MoU) တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြတာပါ။

လက်ရှိမှာ နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံနီးပါး ရှိနေပြီး ဒီထက်ပိုမိုတိုးမြှင့်နိုင်ဖို့ နှစ်နိုင်ငံက ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး အလက်ဇန်းဒါး ခိုဇင်ကတော့ နှစ်နိုင်ငံရဲ့ အားသာချက်တွေ၊ အရင်းအမြစ်တွေနဲ့ ကျွမ်းကျင်မှုတွေကို ပေါင်းစပ်အသုံးချနိုင်မယ်ဆိုရင် နှစ်ဖက်စလုံးအတွက် အကျိုးရှိစေမယ့် အခွင့်အလမ်းသစ်တွေ အများကြီး ဖော်ဆောင်နိုင်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အဲဒီလို အောင်မြင်ဖို့အတွက် လက်ရှိမှာ ရှိနေတဲ့ စည်းမျဉ်းစည်းကမ်းဆိုင်ရာ အတားအဆီးတွေ နဲ့ သယ်ယူပို့ဆောင်ရေး၊ ကုန်စည်ပို့ဆောင်ရေးဆိုင်ရာ အခက်အခဲတွေကို ဖယ်ရှားဖို့ လိုအပ်တယ် လို့လည်း သူက ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။

အခု သဘောတူညီချက်ကိုတော့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အဆင်ပြေချောမွေ့စေဖို့ နှစ်နိုင်ငံအစိုးရတွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ ဘင်္ဂလားဒေ့ရှ်-ရုရှား အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် အစည်းအဝေး ပြင်ပမှာ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။


REF: RT

#News #Myanmar



မူရင်းသတင်း — Myanmar National Post