Eleven Media Group

■ တတိယအကြိမ် အမျိုးသားလွှတ်တော်၊ လူငယ် ၊အမျိုးသမီး ၊ က‌လေးသူငယ်နှင့်သက်ကြီးရွယ်အိုအခွင့်အ‌ရေးဆိုင်ရာကော်မတီနှင့် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)တို့ တွေ့ဆုံဆွေးနွေး

တတိယအကြိမ် အမျိုးသားလွှတ်တော်၊ လူငယ် ၊အမျိုးသမီး ၊က‌လေးသူငယ်နှင့်သက်ကြီးရွယ်အိုအခွင့်အ‌ရေးဆိုင်ရာကော်မတီနှင့် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့(၅.၁၁.၂၀၂၆)ရက်နေ့တွင် အမျိုးသားလွှတ်တော် (l -18)အဆောက်အဦးရှိ လူငယ် ၊အမျိုးသမီး ၊က‌လေးသူငယ်နှင့်သက်ကြီးရွယ်အိုအခွင့်အ‌ရေးဆိုင်ရာကော်မတီအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

ပထမဦးစွာ ဆွေးနွေးပွဲစတင်ကြောင်း ကြေညာပြီးသည့်နောက် လူငယ် ၊အမျိုးသမီး ၊က‌လေးသူငယ်နှင့်သက်ကြီးရွယ်အိုအခွင့်အ‌ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါ်သိင်္ဂီဝင်းရွှေက နှုတ်ခွန်းဆက်အမှာစကားနှင့် ကော်မတီ၏လုပ်ငန်းဆောင်တာများကိုရှင်းလင်းပြောကြားခဲ့ပြီး ကော်မတီဝင်များက မိတ်ဆက်ခဲ့ကြပါသည်။

ထို့နောက်မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)မှ တာဝန်ရှိသူများက လူငယ် ၊အမျိုးသမီး ၊က‌လေးသူငယ်နှင့်သက်ကြီးရွယ်အိုအခွင့်အ‌ရေးဆိုင်ရာကိစ္စရပ်များကို ကော်မတီမှတာဝန်ရှိသူများအား ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါသည်။ထိုသို့ တင်ပြဆွေးနွေးခဲ့သည့်အပေါ် ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ပြန်လည်ဆွေးနွေးခဲ့ပြီး သိရှိလိုသည်များအား မေးမြန်းခဲ့သည်။

ယင်းနောက် ကော်မတီဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး တွေ့ဆုံဆွေးနွေးပွဲအခမ်းအနား အောင်မြင်စွာပြီးမြောက်ကြောင်း ကြေညာခဲ့ပါသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲအခမ်းအနားသို့ လူငယ် ၊အမျိုးသမီး ၊က‌လေးသူငယ်နှင့်သက်ကြီးရွယ်အိုအခွင့်အ‌ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါ်သိင်္ဂီဝင်းရွှေ ၊အတွင်းရေးမှူး ဒေါ်ထားထားနုနှင့် ကော်မတီအဖွဲ့ဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ ၊ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)မှ ဥက္ကဋ္ဌ ဦးဇော်မျိုးအောင်၊ အကြီးတန်းအကြံပေး ဦးစည်သူ ၊ ဒုတိယဥက္ကဋ္ဌ(၃) ဦးခန့်မင်းသျှင် ၊ အတွင်းရေးမှူး ဒေါ်ကြည်စင်ရွှေ ၊ စာရင်းစစ် ဦးအောင်ဆန်းဝင်း ၊ တွဲဖက်အတွင်းရေးမှူး ဦးဟန်ထွန်းဦး ၊ ရှမ်းပြည်နယ်ရုံးခွဲတာဝန်ခံ ဦးဉာဏ်ထိန်လင်း ၊ရန်ကုန်တိုင်းဒေသကြီး အလုပ်အမှုဆောင် ဦးအောင်မင်းပိုင်နှင့် ဦးသူမြတ်ထွန်း၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ အလုပ်အမှု‌ဆောင် ဒေါ်သီရိဆင့်၊ ဧရာဝတီတိုင်းဒေသကြီးအလုပ်အမှုဆောင် ဦးဖြိုးမင်းသက်တို့ တက်ရောက်ခဲ့ကြပါသည်။

တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားအပြီးတွင် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံအား လူငယ် ၊အမျိုးသမီး ၊က‌လေးသူငယ်နှင့်သက်ကြီးရွယ်အိုအခွင့်အ‌ရေးဆိုင်ရာကော်မတီအဆောင်ရှေ့တွင် အတူတကွ မှတ်တမ်းတင်ရိုက်ကူးခဲ့ပါသည်။

မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)အနေဖြင့် လူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများ ၊အမျိုးသမီးများ၏ ရသင့်ရထိုက်သည့် အခွင့်အလမ်းများနှင့်လူမှုဘဝလုံခြုံရေးလုပ်ငန်းစဉ်များ၊ ကလေးသူငယ်များ၏ ဘဝအခြေအနေများ နည်းမှန်လမ်းမှန် ဖွံ့ဖြိုးတိုးတက်လာ‌စေရေးနှင့် သက်ကြီးရွယ်အိုများအတွက် လုံခြုံနွေးထွေးသော လူ့ပတ်ဝန်းကျင်အသိုက်အမြုံအား တည်ဆောက်ပေးနိုင်ရေးတို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာလွှတ်တော်ကော်မတီများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရများ၊ ပြည်တွင်းမိတ်ဖက်အဖွဲ့အစည်းများ ၊အပြည်ပြည်ဆိုင်ရာလူငယ်အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသည်။

#elevennews #မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း#MYDA

မူရင်းသတင်း — Eleven Media Group