




ကျိုက်ထိုမြို့နယ်အတွင်းရှိ KNU/KNLA တပ်မဟာ(၁) တပ်ရင်း (၃) နှင့် PDF အမည်ခံအကြမ်းဖက်ပူးပေါင်းအဖွဲ့တို့၏ စခန်းတစ်ခုအား ယနေ့ နိုဝင်ဘာ ၇ ရက်နေ့ နေ့လယ် ၁ နာရီချိန်ခန့်က ထပ်မံသိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
လူနေတဲများ၊ ဘန်ကာများ၊ မိုင်းများ၊ လက်တော့များ၊ ဆေးပစ္စည်းများ၊ ယူနီဖေါင်းများနှင့် အခြားဆက်စပ်ပစ္စည်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့ နံနက်ပိုင်းက KNU/KNLA တပ်မဟာ(၁) တပ်ရင်း (၃) ဌာနချုပ်အား တပ်မတော်က သိမ်းပိုက်ခဲ့ပြီး နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#News #Myanmar