Voice of Myanmar

ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ကာမလိမ်လည်ရယူတယ်ဆိုပြီး စွပ်စွဲ ပြောဆိုတဲ့အမျိုးသမီးကို ပုဒ်မ ၆၆ ဃနဲ့ အမှုဖွင့်ထား

နိုဝင်ဘာ ၇ ၊ ၂၀၂၆

GG (VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကောင်းသက်စံက အမျိုးသမီးတယောက်အကို ကာမလိမ်လည်ရယူတယ်ဆိုပြီး ​သတင်းထွက်နေတဲ့အပေါ် မဟုတ်မှန်ကြောင်းနဲ့ ပြန်လည်တရားစွဲဆိုထားတယ်လို့ ဦးစိုင်းကောင်းသက်စံကပြောပါတယ်။

အဲဒီလို မဟုတ်မမှန်စွပ်စွဲ ပြောဆိုမှုအတွက် အဲဒီအမျိုးသမီးကို သီပေါမြို့နယ်ရဲစခန်းမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ နဲ့အမှုဖွင့်အရေးယူထားတယ်လို့ ဆိုပါတယ်။

” သူကမရိုးရှင်းဘူး။ ကလေးရှိတယ် အိမ်ထောင်လည်းရှိတယ်။ ကျွန်တော့်ကိုချဥ်းကပ်လာတကလည်း အခွင့်အရေးရယူချင်တဲ့ပုံရှိတယ်။ ဒါကိုသိတော့ သူ့ရဲ့နောက်ကြောင်းကိုလိုက်တော့ မရိုးရှင်းဘူး ။ကျွန်တော်ကိုအတင်းလက်ထပ်ချင်လာတယ်။ ဒါကိုမဖြစ်နိုင်ဘူးပြောတော့ခြိမ်းခြောက်တယ်။ လိုင်းပေါ်ကိုယ်တုံးလုံးတင်မယ်ပြောတယ်။တင်ရင်တင်ပါ ဒီနေ့ဒီချိန်ထိ ကိုယ်တုံးလုံးပုံလည်းမရှိပါဘူး။ လိုင်းပေါ်မှာလျှောက်ဖွတဲ့ ကျွန်တော်နဲ့အိပ်ပါတယ်ဆိုတဲ့ ရက်တွေကလည်း လွှတ်တော်တက်နေတဲ့ရက်တွေပါ။ လက်ရှိသူထွက်ပြေးတိမ်းရှောင်နေတယ်လို့ ယူဆရပါတယ်။” လို့ သူကပြောပါတယ် ။

စိုင်း​ကောင်းသက်စံ ထပ်​ပြောတာက

” သူ့ခဲအိုနဲ့ကျွန်တော်ကသူငယ်ချင်းပါ။ သူနဲ့သွားတာလာတာစားတာသောက်တာရှိပါတယ်။ ကာမကိစ္စ Sex ကိစ္စလုံးဝမရှိခဲ့ပါဘူး။ မိတ်ဆွေသဘောအရ မိသားစုသဘောအရ ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့တယ်။ ဒါလည်းတမြို့လုံးသိပါတယ်။သူ့ကို ဆုံးမသင့်ရင်ဆုံးမတယ်။ လူမြင်သာတဲ့ ဆက်ဆံရေးမျိုးပါ။ အမှန်တကယ်က ကျွန်တော့ကို ရယူပြီး ကာဗာလုပ်ပြီးတော့ တရားမဝင်ကိစ္စရပ်တွေဆောင်ရွက်ချင်တာရယ် သူကျွန်တော့်ကိုတောင်းဆိုတဲ့တချို့ကိစ္စရပ်တွေက ဥပဒေနဲ့မညီညွတ်တာရှိတယ်။ ကျွန်တော့မှာ Record အကုန်ရှိတယ်။ ကျွန်တော်နာမည်ပျက်ပြီး ပျက်စီးသွားတာကိုလိုချင်တာပေါ့။” လို့ ပြောပါတယ်။

အဲဒီ အမျိုးသမီးက သူ့ကို ကာမလိမ်လည်ရယူတယ်ဆိုပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီထံ တိုင်ကြားထားတယ်ဆိုတာလည်း မဟုတ်ဘူးလို့ ပြောပါတယ်။

” ကျွန်တော်ကိုယ်တိုင် ဥက္ကဋ္ဌ ကြီးဦးခင်ရီကိုအကျိုးအကြောင်းတင်ပြတယ်။မနေ့က ၆ရက်မှာ ဥက္ကဋ္ဌက သဘောထားမှတ်ချက်ပြန်ပေးပါတယ်။အဲဒီသဘောထားမှတ်ချက်အတိုင်း ဆက်လုပ်နေပါတယ်။” လို့သူက ဆက် ပြောပါတယ်။

ဦးစိုင်းကောင်းသက်စံဟာ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) မှ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်ပါတယ်။

မူရင်းသတင်း — Voice of Myanmar