
မြောက်ဥက္ကလာ၊ နို၀င်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ် ၊ (င)ရပ်ကွက် ၊ သုဓမ္မာလမ်းမကြီး အမှတ်(၁၀၄၄း)၊ ရှိ RC ၂ ထပ် အဆောက် အဦ မြေညီထပ်ရှိ Best Top (2) ဖုန်းပြုပြင်ရေးဆိုင်တွင် နို၀င်ဘာ ၈ နံနက် ၃ နာရီ ၃၀ မိနစ်အချိန်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ ကြောင်းသိရသည်။
ဖြစ်စဉ်မှာ မြောက်ဥက္ကလာပမြို့နယ် ၊ (င)ရပ်ကွက် ၊ သုဓမ္မာလမ်းမကြီး အမှတ်(၁၀၄၄)၊ ရှိ RC ၂ ထပ် အဆောက် အဦ မြေညီထပ်ရှိ Best Top (2) ဖုန်းပြုပြင်ရေးဆိုင်တွင် မီး လောင် နေကြောင်းသတင်းအရ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစည်သူမျိုးဦးဆောင်ကာ သန္ဓေမီးသတ်တပ်ဖွဲ့၀င်များ ၊ အရန် မီးသတ်တပ်ဖွဲ့၀င်များက မီးငြိမ်းသတ်ယာဉ်များဖြင့် အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက်မီးငြိမ်းသတ်ရာ နံနက် ၃ နာရီ ၃၉ မိနစ်ခန့်က မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။
မီးလောင်ကျွမ်းရခြင်းမှာ မြောက်ဥက္ကလာပမြို့နယ်(င)ရပ်ကွက် ၊ သုဓမ္မာလမ်းမကြီး အမှတ်(၁၀၄၄)ရှိ ဦးအောင် ကျော်သိန်း (ဘ)ဦးထွန်း အောင် အသက်(၅၉)နှစ် ၏RC ၂ ထပ် (၂၀×၆၀)ပေ အဆောက်အဦ မြေညီထပ်ရှိ Best Top(2) ဖုန်းပြုပြင်ရေးဆိုင် (၁၀×၂၀)ပေ ဖုန်း ပြုပြင်သည့် နေရာရှိ နံရံကပ် ပန်ကာ မော်တာ အပူလွန်ကဲရာမှ အောက်ရှိ ဖုန်းပြုပြင်ရာတွင် အသုံးပြုသည့် ကြိတ်သားခုံ ပေါ်သို့ မီးပွားကျရာမှ မီးစတင် လောင်ကျွမ်းခဲ့ပြီး ဖုန်းပြုပြင်သည့် ပစ္စည်းကိရိယာ များနှင့် အနီးရှိ အသုံးပြုသည့် ပစ္စည်း စုစု ပေါင်း ဆုံးရှုံးမှု တန်ဖိုး ခန့်မှန်း တစ်သိန်း၈ သောင်းကျပ်ခန့် မီး လောင် ဆုံးရှုံးခဲ့သည်။
အဆိုပါ မီးလောင်မှု နှင့် ပတ်သတ်၍ ဆိုင်တာ၀န်ခံ ဦးထက်မြတ်အောင် (ဘ) ဦး ဌေးမြင့် အသက်(၂၅)နှစ်အား မြောက်ဥက္ကလာမြို့မရဲစခန်းမှ (ပ)၇၉၅/ ၂၀၂၆၊ ပုဒ်မ -၂၈၅/၃၃၈ ဖြင့် အမှုဖွင့်အရေးယူနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
သက်လွင်စိုး
#Myanmar #News