Myanmar Digital News

M League U-20 အပတ်စဉ် (၂၃) ပထမနေ့ပွဲစဉ်တွင် ဧရာဝတီနှင့် မြဝတီတို့ ဂိုးမရှိသရေကျ

 

ရန်ကုန် နိုဝင်ဘာ ၇

M League 2026 U20 အမှတ်ပေးဘောလုံးပြိုင်ပွဲ အပတ်စဉ်(၂၃) ပထမနေ့ပွဲစဉ်ကို ယနေ့ ညနေ ၃ နာရီခွဲက တောင်ဒဂုံကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ ဧရာဝတီယူနိုက်တက်နှင့် မြဝတီအသင်းတို့ ဂိုးမရှိသရေကျခဲ့သည်။

 

ယနေ့ပွဲစဉ်သည် အမှတ်ပေးဇယား အဆင့်(၁၁)နေရာမှ ဧရာဝတီယူနိုက်တက်အသင်းနှင့် အဆင့်(၁၃)နေရာမှ မြဝတီအသင်းတို့ တွေ့ဆုံမှုဖြစ်ပြီး နိုင်ပွဲရရှိရေး အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြသော်လည်း ပြိုင်ပွဲပြီးဆုံးချိန် အထိ ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ သရေကျကာ ရမှတ်ခွဲယူခဲ့သည်။ အဆိုပါပွဲစဉ်၏ AYA Pay Player Of The Match ဆုကို မြဝတီအသင်းမှ တိုးတက်အောင် ‎က ရရှိခဲ့သည်။

 

အပတ်စဉ်(၂၃) ဒုတိယနေ့ပွဲစဉ်များကို နိုဝင်ဘာ ၈ ရက်တွင် သီဟဒီပကွင်း၌ အဆင့်(၃)နေရာမှ ISPE အသင်းနှင့် အဆင့်(၉)နေရာမှ သစ္စာအားမာန်အသင်း၊ YUSC ကွင်း၌ အဆင့်(၁)နေရာမှ ရန်ကုန်ယူနိုက်တက်နှင့် အဆင့်(၁၂) နေရာမှ စစ်ကိုင်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

နေမျိုး၊ ဓာတ်ပုံ-ML

မူရင်းသတင်း — Myanmar Digital News