
ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီး ပြည်လည်လွတ်မြောက်လာသည့်မြန်မာလုပ်သား ၁၁၇ ဦးကို ထိုင်းနိုင်ငံက မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံတောင်ပိုင်းဒေသများတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံရပြီး လွတ်ရက်စေ့သဖြင့် ပြန်လည်လွတ်မြောက်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သားများကို နိုဝင်ဘာ ၆ ရက်က မြန်မာနိုင်ငံ ကော့သောင်းမြို့သို့ ပြန်လည်ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံ ရနောင်းခရိုင် ရနောင်းမြို့ လူဝင်မှုကြီးကြပ်ရေး ရဲစခန်းအချုပ် (IDC ) တွင် ခေတ္တထိန်းသိမ်းထားရှိပြီး မြန်မာတာဝန်ရှိသူများနှင့်ချိတ်ဆက်ကာ ပြန်လည်ပို့ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
ပြန်လည်ရောက်ရှိလာသည့် မြန်မာရေွှ့ပြောင်း လုပ်သားများတွင် အမျိုးသား ၉၁ ဦး၊ အမျိုးသမီး ၂၆ ဦး၊ စုစုပေါင်း ၁၁၇ ဦး ပါဝင်ပြီး ရနောင်းမြို့အခြေစိုက် အလုပ်သမားသံအရာရှိ ဦးအောင်စိုးသန်း ဦးဆောင်၍ ပဲ့ချိတ်စက်လှေကိုးစင်းဖြင့် လာရောက်လွှဲပြောင်းပေးခဲ့ရာ ကော့သောင်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဉက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် တာဝန်ရှိသူများက ကြိုဆိုလက်ခံခဲ့ကြောင်း သိရသည်။ ပြန်လည်ရောက်ရှိလာသည့် မြန်မာရွှေ့ပြာင်းလုပ်သားများအား ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်ရေးအချက်အလက်များ ရယူခြင်း၊ အမည်မည်းစာရင်းတွင်ပါဝင်သူများ၊ လူကုန်ကူးမှုဖြင့် အလိုရှိသူများနှင့် လူကုန်ကူးခံရသူများ၊ တရားခံပြေးများ ပါဝင်လာခြင်းရှိ မရှိ စစ်ဆေးပြီး နေထိုင်ရာ နေရပ်အသီးသီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။