Eleven Media Group

တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကာလအတွင်း မော်တော်ယာဉ်၊ ဆိုင်ကယ် မောင်းနှင်သူများ လိုက်နာရမည့် စည်းကမ်းချက်များ အသိပေးထုတ်ပြန်

တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကာလအတွင်း မော်တော်ယာဉ်၊ ဆိုင်ကယ် မောင်းနှင်သူများ လိုက်နာရမည့်စည်းကမ်းချက်များအား လက်ကမ်းစာစောင်ပေးဝေခြင်းနှင့် ပညာပေးခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး မြို့လယ်ဓမ္မာရုံရှေ့တွင် နိုဝင်ဘာ ၈ ရက် နံနက်ပိုင်းတွင် မီးပုံးပျံပွဲတော်ကာလအတွင်း မော်တော်ယာဉ်၊ ဆိုင်ကယ်မောင်းနှင်သူများ လိုက်နာရမည့်စည်းကမ်းချက်များ လက်ကမ်းစာစောင်ပေးဝေခြင်းနှင့် ပညာပေးခြင်း ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၆ ခုနှစ် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း မော်တော်ယာဉ်၊ မော်တော် ဆိုင်ကယ် မောင်းနှင်သူများ လိုက်နာရမည့် စည်းကမ်းချက် ၁၀ ချက်ကိုလုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီက ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ ပြည်သူလူထုသိရှိစေရန် လက်ကမ်းစာစောင် ဖြန့်ဝေခြင် ဖြစ်သည်။

အဆိုပါ အချက်များမှာ ယာဉ်မောင်းသူများ အရက်သေစာသောက်စား၍ မောင်းနှင်ခြင်း မပြုရန်၊ စည်းကမ်းမဲ့ ပြိုင်မောင်းခြင်း၊ အရှိန်ပြင်းမောင်းနှင်ခြင်းများ မပြုလုပ်ရ၊

နံပါတ်ပြားမပါဘဲ မောင်းနှင်ခြင်းမပြုရ၊ Wheel Tax တစ်ပါတည်းပါရှိရန်၊ မဝင်ရလမ်းကြောင်း များအား ယာဉ်ကြောပြောင်းပြန် မောင်းနှင်ခြင်းမပြုရ၊ အိပ်ဇောဖြုတ်၍ မောင်းနှင်ခြင်း စီးနင်းခြင်း သံစုံဟွန်းများ တပ်ဆင်မောင်းနှင်ခြင်းများ မပြုရ၊ နှစ်ဦးထက်ပို၍ မောင်းနှင်စီးနင်းခြင်း၊ ဆိုင်ကယ်စီးဦးထုပ်မပါဘဲ မောင်းနှင်စီးနင်းခြင်းမပြုရ၊ လိုင်စင်မဲ့ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအား လုံးဝမောင်းနှင်စီးနင်းခွင့်မပြုကြောင်းနှင့် မောင်းနှင်စီးနင်းသည်ကို တွေ့ရှိပါ တည်ဆဲဥပဒေနှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

တောင်ကြီးမြို့ စဝ်စံထွန်းရပ်ကွက် အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းတွင်လည်း နိုဝင်ဘာလ ၆ ရက် က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း နှင့်ပတ်သက်သော အန္တရာယ်ကင်းရှင်းရေး ဆိုင်ရာသိကောင်းစရာများကို အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကလောင် - စည်သာ(တောင်ကြီး)

မူရင်းသတင်း — Eleven Media Group