Xinhua Myanmar

ဥရောပအနေဖြင့် ယူကရိန်းအကျပ်အတည်းဆိုင်ရာ အဘူဒါဘီဆွေးနွေးပွဲတွင် ပါဝင်မည်ဟု ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ရုရှား-အမေရိကန်-ယူကရိန်း သုံးပွင့်ဆိုင် စေ့စပ်ညှိနှိုင်းမှု ကျင်းပရာနေရာကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Beatrice Devenes/The Swiss Federal Department of Foreign Affairs/Handout via Xinhua)

ပဲရစ်၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)

ဥရောပအနေဖြင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) မြို့တော် အဘူဒါဘီတွင် ကျင်းပမည့် အမေရိကန်၊ ရုရှားနှင့် ယူကရိန်း သုံးပွင့်ဆိုင် ဆွေးနွေးပွဲ၌ ပါဝင်မည်ဟု ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Noel Barrot က နိုဝင်ဘာလ ၈ ရက်တွင် ပြောကြားသည်။

ထိုနေ့တွင် ပြင်သစ်မီဒီယာ၏ မေးမြန်းမှုများကို ဖြေကြားရာတွင် Barrot က ယူကရိန်းအကျပ်အတည်းကို ဖြေရှင်းရန် ရည်ရွယ်သည့် ညှိနှိုင်းမှုများတွင် “တစ်ခါတစ်ရံ ဥရောပ ပါဝင်ပြီး တစ်ခါတစ်ရံ မပါဝင်ကြောင်း၊” သို့သော် အဘူဒါဘီဆွေးနွေးပွဲတွင်မူ ဥရောပမှ လူပုဂ္ဂိုလ်များ ပါဝင်မည်ဟု ဆိုသည်။ “ပြင်သစ်အနေနဲ့ ကိုယ်စားလှယ် စေလွှတ်ပြီး ဥရောပရဲ့ သတင်းစကားကို ပေးပို့သွားမှာဖြစ်တယ်” ဟု ၎င်းက ပြောကြားသည်။

ပြင်သစ်ကိုယ်စားလှယ် မည်သူမည်ဝါဖြစ်ကြောင်းကိုမူ Barrot က ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပါ။

လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ဥရောပသည် ကြားဝင်စေ့စပ်သူအဖြစ် ဆောင်ရွက်နေသည့် အမေရိကန်ကို “ဥရောပတိုက်ကြီးရဲ့ အနာဂတ်နဲ့ သက်ဆိုင်တဲ့ ဘယ်စေ့စပ်ညှိနှိုင်းမှုမဆို ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်နဲ့ တောင်းဆိုချက်ကို လျစ်လျူရှုမထားသင့်ပါဘူး” ဟု Barrot က ထပ်မံပြောကြားသည်။

အမေရိကန်ဘက်အနေဖြင့် နိုဝင်ဘာလ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် အဘူဒါဘီမြို့၌ ရုရှား-ယူကရိန်း ပဋိပက္ခ အဆုံးသတ်ရေးကို တွန်းအားပေးရန်အတွက် ယူကရိန်းနှင့် ရုရှားအကြား လုပ်ငန်းအဆင့်စေ့စပ်ညှိနှိုင်းမှုများကို ဖျန်ဖြေဆောင်ရွက်ပေးမည်ဖြစ်ပြီး ဆွေးနွေးပွဲများတွင် စစ်ပြီးကာလ လုံခြုံရေးအစီအစဉ်များ၊ အခြေအနေ အရှိန်ဖြေလျှော့ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ဆောင်မှုများနှင့် ငြိမ်းချမ်းရေးအကောင်အထည်ဖော်ရန် နောက်ဆက်တွဲ လုပ်ငန်းစဉ်များကို အဓိကထား ဆွေးနွေးမည်ဟု အမေရိကန်သမ္မတ အထူးကိုယ်စားလှယ် Witkoff သည် နိုဝင်ဘာလ ၂ ရက်တွင် လူမှုကွန်ရက်ပေါ် ပို့စ်ရေးသားဖော်ပြခဲ့သည်။ ယင်းမှာ ရုရှား-ယူကရိန်း အခြေအနေနှင့် ပတ်သက်၍ ၉ လအကြာတွင် ရုရှား၊ အမေရိကန်နှင့် ယူကရိန်းတို့ သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို ပြန်လည်စတင်ခြင်း ဖြစ်မည်။ (Xinhua)

…………………

(Chinese Version)

法国外长说欧洲将参加乌克兰危机阿布扎比会谈

新华社巴黎11月8日电(记者乔本孝)法国外长巴罗8日说,欧洲将参加定于在阿联酋首都阿布扎比举行的美国、俄罗斯和乌克兰三方会谈。  

巴罗当天接受法国媒体采访时说,旨在推动解决乌克兰危机的谈判“有时有欧洲参与,有时没有”,而阿布扎比会谈将有欧洲人参与。他说,“法国将派出代表,并传递欧洲声音”。  

巴罗没有透露法国代表的身份。  

巴罗还说,过去几周,欧洲向作为调解方的美国表示,“任何涉及欧洲大陆未来的谈判,都不应忽视我们的期待与要求”。  

美国总统特使威特科夫2日在社交媒体发文说,美方将于10日至11日在阿布扎比斡旋乌克兰与俄罗斯之间的工作层级谈判,以推动结束俄乌冲突,会谈将重点讨论战后安全安排、局势降级、人道主义行动,以及实现和平的后续步骤。这将是俄美乌时隔9个月就俄乌局势再启三方会谈。(完)

图说:这是2月17日在瑞士日内瓦拍摄的俄美乌三方谈判现场。新华社发(瑞士联邦外交部供图)

မူရင်းသတင်း — Xinhua Myanmar