MyTech Myanmar

Nvidia အမှုဆောင်အရာရှိချုပ် ဂျန်ဆင်ဟွမ်ရဲ့ သူလျှိုလို့ စွပ်စွဲခံရသူနဲ့ ဇာတ်လမ်းရှုပ်မှုကို စုံစမ်းစစ်ဆေးနေတာကြောင့် ရှယ်ယာတန်ဖိုး ၄ ရာခိုင်နှုန်း ကျဆင်း

Nvidia ရဲ့ အမှုဆောင်အရာရှိချုပ် ဂျန်ဆင်ဟွမ်ဟာ တရုတ်သူလျှိုလို့ ယူဆရတဲ့ အမျိုးသမီးတစ်ဦးနဲ့ ပတ်သက်မှုရှိနေတယ်ဆိုတဲ့ ကိစ္စကို ဒါရိုက်တာအဖွဲ့က စုံစမ်းစစ်ဆေးသွားမယ်လို့ ကြေညာခဲ့ပြီးနောက် တနင်္လာနေ့မှာ ကုမ္ပဏီရဲ့ ရှယ်ယာတန်ဖိုး ၄ ရာခိုင်နှုန်းအထိ ကျဆင်းသွားပါတယ်။ ဒါပေမဲ့ တခြားနည်းပညာကဏ္ဍတွေမှာတော့ ရှယ်ယာတန်ဖိုးတွေ မြင့်တက်လာခဲ့ပါတယ်။

 

တနင်္ဂနွေနေ့က ဝန်ထမ်းတွေဆီ ပေးပို့တဲ့ မှတ်စုမှာတော့ ဂျန်ဆင်ဟွမ်က သူရဲ့ ဖောက်ပြန်မှုကို ဝန်ခံခဲ့ပြီး မိသားစုနဲ့ ဝန်ထမ်းတွေကို တောင်းပန်ခဲ့သလို လွတ်လပ်တဲ့ ဒါရိုက်တာအဖွဲ့ရဲ့ စစ်ဆေးမှုမှာ အပြည့်အဝ ပူးပေါင်းပါဝင်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။ အဲဒီနောက် Wall Street က လေ့လာဆန်းစစ်သူတွေက ကမ္ဘာ့ထိပ်တန်း AI ချစ်ပ် ထုတ်လုပ်တဲ့ ကုမ္ပဏီအတွက် အရေးကြီးပုဂ္ဂိုလ်နဲ့ ပတ်သက်တဲ့ အန္တရာယ်ရှိနေကြောင်း သတိပေးခဲ့ကြပါတယ်။

 

နာမည်ကြီး လေ့လာဆန်းစစ်သူတစ်ဦးဖြစ်တဲ့ ဒန်အိုက်ဗ်စ်က ဂျန်ဆင်ဟာ Nvidia ရဲ့ အဓိက အသက်သွေးကြောဖြစ်ပြီး ကုမ္ပဏီရဲ့ AI အောင်မြင်မှုတွေနဲ့ ရည်မှန်းချက်တွေဟာ သူ့အပေါ်မှာ အများကြီး မူတည်နေတယ်လို့ တနင်္လာနေ့ မနက်ပိုင်းမှာ ရေးသားခဲ့ပါတယ်။ သူဟာ အစားထိုးလို့မရတဲ့ သူတစ်ဦးဖြစ်တယ်လို့လည်း ထောက်ပြခဲ့ပါတယ်။

 

ဒီပြဿနာဟာ Nvidia တစ်ခုတည်းကိုသာ သက်ရောက်မှုရှိခဲ့ပြီး ပြိုင်ဘက် AMD ရဲ့ ရှယ်ယာတွေကတော့ ၁၃ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။ အလားတူပဲ Broadcom က ၈ ရာခိုင်နှုန်း၊ Intel က ၅ ရာခိုင်နှုန်း၊ TSM က ၄ ရာခိုင်နှုန်းနဲ့ တခြား ဆီမီးကွန်ဒတ်တာ ကုမ္ပဏီတွေရဲ့ ရှယ်ယာတွေလည်း အသီးသီး မြင့်တက်ခဲ့ကြပါတယ်။

 

Ref : Yahoo

မူရင်းသတင်း — MyTech Myanmar