MyTech Myanmar

အမေရိကန် က AI နည်းပညာတွေကို ကာကွယ်ဖို့ အထူးတပ်ဖွဲ့အသစ် ဖွဲ့စည်း

အမေရိကန်တရားရေးဌာနက အမေရိကန်ရဲ့ နည်းပညာတွေကို ကာကွယ်ဖို့နဲ့ အဆင့်မြင့် AI နည်းပညာတွေကို အလွဲသုံးစားလုပ်တာတွေ တားဆီးဖို့ Super Intelligence Task Force လို့ခေါ်တဲ့ အထူးတပ်ဖွဲ့အသစ်တစ်ခုကို ဖွဲ့စည်းလိုက်ပါတယ်။ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့မှာ ကြေညာခဲ့တဲ့ အဲဒီတပ်ဖွဲ့ဟာ နိုင်ငံခြားအစိုးရတွေ၊ ရာဇဝတ်ဂိုဏ်းတွေနဲ့ AI ကိုသုံးပြီး ပြစ်မှုကျူးလွန်သူတွေရဲ့ ခြိမ်းခြောက်မှုတွေကို အဓိကထား ဖြေရှင်းသွားမှာ ဖြစ်ပါတယ်။

 

ဒီအထူးတပ်ဖွဲ့ကို ရှေ့နေချုပ် Todd Blanche ရဲ့ ကြီးကြပ်မှုအောက်မှာ တွဲဖက်ရှေ့နေချုပ် Stanley Woodward နဲ့ ဒုတိယတွဲဖက်ရှေ့နေချုပ် Stephen Weiss တို့က ဦးဆောင်သွားမှာ ဖြစ်ပါတယ်။ FBI နဲ့ တခြားတရားရေးဌာနက အဖွဲ့တွေ ပူးပေါင်းပြီး AI နဲ့သက်ဆိုင်တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးတာတွေ၊ အမေရိကန်ရဲ့ အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေကို ကာကွယ်တာတွေနဲ့ အဆင့်မြင့်နည်းပညာ တရားမဝင်အသုံးပြုမှုတွေကို တားဆီးတာတွေ လုပ်ဆောင်သွားမှာပါ။ အဲဒီအပြင် လုံခြုံရေး ပိုကောင်းလာစေဖို့နဲ့ ဖြစ်လာနိုင်တဲ့ ခြိမ်းခြောက်မှုတွေကို ဖော်ထုတ်နိုင်ဖို့ AI ကုမ္ပဏီတွေနဲ့လည်း ပူးပေါင်းလုပ်ဆောင်သွားဖို့ ရှိနေပါတယ်။

 

အခုဖွဲ့စည်းလိုက်တဲ့ တပ်ဖွဲ့သစ်ဟာ ကမ္ဘာလုံးဆိုင်ရာ AI ယှဉ်ပြိုင်မှုမှာ အမေရိကန်ပြည်ထောင်စုကို ရှေ့တန်းရောက်နေစေဖို့ ရည်ရွယ်ဖွဲ့စည်းထားတဲ့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ Super Intelligence Force နဲ့ သီးခြားစီဖြစ်တယ်လို့ သိရပါတယ်။ တရားရေးဌာနက ကြေညာထားတဲ့ အဲဒီအစီအစဉ်ဟာ အမေရိကန်နိုင်ငံရဲ့ နည်းပညာလုံခြုံရေးအတွက် အရေးပါတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်လာမယ့် အခြေအနေ ရှိနေပါတယ်။

Ref : Technology Innovation

မူရင်းသတင်း — MyTech Myanmar