Xinhua Myanmar

၇ ကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီးအစည်းအဝေး ပေကျင်းတွင် ကျင်းပ၊ လီဆူးလေ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အဓိကမိန့်ခွန်း ပြောကြား

တရုတ်နိုင်ငံ ပေကျင်းမြို့၌ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၇ ရက်က ကျင်းပသော ၇ ကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ ပြန်ကြားရေးဌာန အကြီးအကဲ လီဆူးလေ တက်ရောက်၍ အဓိကမိန့်ခွန်းစကား ပြောကြားနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)

၇ ကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီးအစည်းအဝေးကို နိုဝင်ဘာ ၇ ရက်တွင် ပေကျင်းမြို့၌ ဖွင့်လှစ်ကျင်းပခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ ပြန်ကြားရေးဌာန အကြီးအကဲ လီဆူးလေ တက်ရောက်ပြီး အဓိကမိန့်ခွန်း ပြောကြားခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ ပေကျင်းမြို့ပါတီကော်မတီ အတွင်းရေးမှူး ယဉ်လိ တက်ရောက်၍ အမှာစကား ပြောကြားခဲ့သည်။

အစည်းအဝေးသို့ တက်ရောက်လာသော ဧည့်သည်တော်များက သမ္မတ ရှီကျင့်ဖိန်၏ ၄ ကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီးအစည်းအဝေးသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာပါ စိတ်ဓာတ်လမ်းညွှန်မှုအောက်တွင် ငါးနှစ်တာကာလတစ်လျှောက် ထိပ်သီးအစည်းအဝေး၏ ဩဇာလွှမ်းမိုးမှုသည် စဉ်ဆက်မပြတ် မြင့်တက်လာပြီး နိုင်ငံအသီးသီး၏ မီဒီယာပူးပေါင်းဆောင်ရွက်မှုလည်း ဆက်လက် နက်ရှိုင်းလာသည်ဟု ယူဆကြသည်။ လက်ရှိတွင် ကမ္ဘာလုံးဆိုင်ရာ ဉာဏ်ရည်တုနည်းပညာ ဆန်းသစ်တီထွင်မှုသည် ယခင်က မကြုံစဖူး တက်ကြွသော ကာလတစ်ခုသို့ ရောက်ရှိနေပြီး မီဒီယာဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကို ယူဆောင်လာခဲ့သည်။ လူထုသဘောထားဂေဟစနစ်၏ နက်ရှိုင်းသော အပြောင်းအလဲများနှင့် မည်သို့ လိုက်လျောညီထွေဖြစ်စေရန်၊ ကမ္ဘာလုံးဆိုင်ရာမီဒီယာဖွံ့ဖြိုးရေးကို မည်သို့ တွန်းအားပေးရန်၊ မီဒီယာ၏ ထူးခြားသော အားသာချက်များကို မည်သို့ အသုံးချရန်နှင့် ကမ္ဘာလုံးဆိုင်ရာ ဉာဏ်ရည်တုစီမံခန့်ခွဲမှုကို စဉ်ဆက်မပြတ် ပြည့်စုံကောင်းမွန်စေရန် မည်သို့ဆောင်ရွက်မည်ဆိုသည်ကို ဘက်အသီးသီးက နက်ရှိုင်းစွာ စဉ်းစားရန်နှင့် အတူတကွ ဖြေကြားရန် လိုအပ်ကြောင်း ယူဆကြသည်။

အစည်းအဝေးသို့ တက်ရောက်လာသော ဧည့်သည်တော်များက နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်လေ၊ လူမှုယဉ်ကျေးမှု စိတ်ဓာတ်နှင့် ရေရှည်ဝါဒကို ပို၍ စွဲမြဲစွာ ထိန်းသိမ်းရမည်ဖြစ်လေဟု ပြောကြားခဲ့ကြသည်။ နိုင်ငံအသီးသီး၏ မီဒီယာများအနေဖြင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရရန်၊ အရည်အသွေးမြင့် အကြောင်းအရာ ထောက်ပံ့မှုကို စဉ်ဆက်မပြတ် ကြွယ်ဝစေရန်၊ ဒီဂျစ်တယ်နှင့် ဉာဏ်ရည်တုဖြင့် စွမ်းရည်မြှင့်တင်မှုကို အရှိန်မြှင့်ဆောင်ရွက်ရန်၊ ယဉ်ကျေးမှု ဖလှယ်မှုနှင့် အပြန်အလှန်လေ့လာမှုကို လက်တွဲ၍ မြှင့်တင်ရန်၊ ဉာဏ်ရည်တု စီမံခန့်ခွဲမှု ပြည့်စုံကောင်းမွန်စေရေးကို အထောက်အကူပြုရန်၊ လူသားမျိုးနွယ် အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေးကို တွန်းအားပေးရာတွင် ဉာဏ်ပညာနှင့် စွမ်းအားများ ပံ့ပိုးကူညီရန် လုပ်ဆောင်ရမည်ဟု ၎င်းတို့က ဆိုကြသည်။

၇ ကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီးအစည်းအဝေးကို နိုဝင်ဘာ ၅ ရက်မှ ၉ ရက်အထိ ပေကျင်းမြို့တွင် ကျင်းပခဲ့ပြီး၊ ဆင်ဟွာသတင်းဌာနနှင့် ပေကျင်းမြို့ ပြည်သူ့အစိုးရတို့ အတူတကွ စီစဉ်ကျင်းပခဲ့သည်။ ထိပ်သီးအစည်းအဝေးသည် “ဉာဏ်ရည်ထည့်သွင်းမှုဆိုင်ရာ ပြောင်းလဲမှုများအကြား မီဒီယာ၏တာဝန်နှင့် ပူးပေါင်းဆောင်ရွက်ရေး လှုပ်ရှားမှု” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး ကမ္ဘာ့နိုင်ငံနှင့် ဒေသပေါင်း ၁၁၂ ခုမှ ပင်မမီဒီယာ၊ Think Tank အဖွဲ့၊ အစိုးရဌာနများအပြင် ကုလသမဂ္ဂနှင့် အခြား နိုင်ငံတကာအဖွဲ့အစည်း စသည့် အဖွဲ့အစည်း ၃၃၀ နီးပါးမှ ကိုယ်စားလှယ် ၅၀၀ နီးပါး တက်ရောက်ခဲ့ကြသည်။ (Xinhua)

..............................

(Chinese Version)

第七届世界媒体峰会在北京举办  李书磊出席开幕式并发表主旨演讲

新华社北京11月7日电 第七届世界媒体峰会7日在北京开幕。中共中央政治局委员、中宣部部长李书磊出席开幕式并发表主旨演讲。中共中央政治局委员、北京市委书记尹力出席并致辞。

与会嘉宾认为,在习近平主席致第四届世界媒体峰会贺信精神指引下,五年来峰会影响力不断提升,各国媒体合作持续深化。当前全球人工智能技术创新进入前所未有的活跃期,为媒体发展带来了机遇和挑战。如何适应舆论生态深刻变革、促进全球媒体转型发展,如何发挥媒体独特优势、推动全球人工智能治理不断完善,需要各方深入思考、共同作答。

与会嘉宾表示,技术发展越迅猛,越是要坚持人文精神、长期主义。各国媒体要深化务实合作,不断丰富优质内容供给,加快推进数智化赋能,携手促进文明交流互鉴,助力完善人工智能治理,为推动构建人类命运共同体贡献智慧和力量。

第七届世界媒体峰会于11月5日至9日在北京举行,由新华通讯社、北京市人民政府共同主办。峰会以“智能变革中的媒体使命与合作行动”为主题,来自全球112个国家和地区的近330家主流媒体、智库、政府部门以及联合国和其他国际组织等机构的近500名代表出席。(完)

图说:11月7日,第七届世界媒体峰会在北京开幕。中共中央政治局委员、中宣部部长李书磊出席开幕式并发表主旨演讲。新华社记者 李响 摄

မူရင်းသတင်း — Xinhua Myanmar