Xinhua Myanmar

တရုတ်နိုင်ငံက ကျူးဘားနိုင်ငံနှင့် ညှိနှိုင်းဆောင်ရွက်မှုများ အားကောင်းစေရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းစေရန် ဆန္ဒရှိကြောင်း ပြောရေးဆိုခွင့်ရှိသူ ပြောကြား

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ကျူးဘားပါတီနှင့် အစိုးရ၏ အထူးကိုယ်စားလှယ်ဖြစ်သူ ကျူးဘားကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် ကျူးဘားနိုင်ငံခြားရေးဝန်ကြီး ဘရူနိုရိုဒရီဂွက်ဇ်ပါရီလာနှင့် ပေကျင်းမြို့၌ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ကျူးဘားနိုင်ငံနှင့် ဆက်သွယ်ရေးနှင့် ပူးပေါင်းညှိနှိုင်းမှုများအားကောင်းစေရန်နှင့် နယ်ပယ်အသီးသီးတွင် ဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းစေရန် အသင့်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက နိုဝင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏အဆိုအရ ကျူးဘားကွန်မြူနစ်ပါတီ (PCC) နှင့် ကျူးဘားအစိုးရ၏ အထူးကိုယ်စားလှယ်၊ PCC ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဘရူနိုရိုဒရီဂွက်ဇ်ပါရီလာသည် နိုဝင်ဘာ ၁၀ ရက်မှ ၁၃ ရက်အထိ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ် လာရောက်မည်ဖြစ်ကြောင်း သိရသည်။

ကောက တရုတ်နှင့် ကျူးဘားနိုင်ငံတို့သည် မိတ်ဆွေကောင်းများ၊ ရဲဘော်ရဲဘက်ကောင်းများနှင့် ညီအစ်ကိုကောင်းများဖြစ်ကြကြောင်း ယခုခရီးစဉ်သည် နှစ်နိုင်ငံအကြား နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှု မြင့်မားမှုရှိခြင်းကို ဖော်ပြနေကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ယခုခရီးစဉ်ကို အထူးအလေးထားပြီး တရုတ်-ကျူးဘားဆက်ဆံရေးနှင့် နှစ်ဖက်အကျိုးစီးပွားနှင့်သက်ဆိုင်သောကိစ္စရပ်များအပေါ် ကျူးဘားနိုင်ငံနှင့် နက်နက်ရှိုင်းရှိုင်းအမြင်ချင်းဖလှယ်ရန်၊ နှစ်နိုင်ငံခေါင်းဆောင်များရရှိထားသည့် အရေးကြီးသောဘုံသဘောတူညီချက်များကို ပိုမိုအကောင်အထည်ဖော်ရန် အသင့်ရှိကြောင်း ကောက ပြောကြားခဲ့သည်။

၎င်းက တရုတ်နိုင်ငံအနေဖြင့် ဆက်သွယ်ရေးနှင့် ပူးပေါင်းညှိနှိုင်းမှုများ ပိုမိုခိုင်မာစေရန်၊ နယ်ပယ်အသီးသီးတွင် ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေရန်နှင့် တရုတ်-ကျူးဘား အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေး ဆက်လက်ဖော်ဆောင်ရန် အသင့်ရှိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)

…………….

(English Version)

China willing to strengthen coordination, deepen cooperation with Cuba: spokesperson

BEIJING, Nov. 9 (Xinhua) -- China stands ready to strengthen communication and coordination with Cuba and deepen exchanges and cooperation in various fields, Chinese Foreign Ministry spokesperson Guo Jiakun said Monday.

According to Chinese Foreign Ministry, special envoy of the Communist Party of Cuba (PCC) and the Cuban Government, Member of the Political Bureau of the PCC Central Committee and Minister of Foreign Affairs Bruno Rodriguez Parrilla will pay an official visit to China from Nov. 10 to 13.

Guo told the media briefing that China and Cuba are good friends, good comrades and good brothers, adding that the visit reflects the high level of political mutual trust between the two countries.

China attaches great importance to the visit and stands ready to have in-depth exchanges of views with the Cuban side on China-Cuba relations and issues of mutual concern, further implement the important common understandings reached by the leaders of the two countries, Guo said.

He added that China is ready to strengthen communication and coordination, deepen exchanges and cooperation in various fields, and continue to build a China-Cuba community with a shared future.

Photo caption: Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, holds talks with Bruno Rodriguez Parrilla, who is the special envoy of the party and government of Cuba, a member of the Politburo of the Central Committee of the Cuban Communist Party and the foreign minister of Cuba, in Beijing, capital of China, Feb. 5, 2026. (Xinhua/Li Xin)

မူရင်းသတင်း — Xinhua Myanmar