
အစ္စလာမ်မာဘတ်၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)
“ဉာဏ်ရည်တုနည်းပညာခေတ်မှာ သတင်းမီဒီယာတွေအနေနဲ့ ယုံကြည်စိတ်ချရမှု၊ ဘက်မလိုက်မှုနဲ့ ဓမ္မဓိဋ္ဌာန်ကျမှုတွေကို ဆက်လက်ထိန်းသိမ်းထားဖို့ လိုအပ်သလို ဉာဏ်ရည်တုနည်းပညာကို အသုံးချပြီး သတင်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မောင်းနှင်အားသစ်တွေ တိုးမြှင့်ပေးသင့်ပါတယ်” ဟု ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ် မဟာဗျူဟာလေ့လာရေးဌာန အုပ်ချုပ်ရေးဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့် တရုတ်နိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီးဟောင်း ခါလစ် မာမွတ်က မကြာသေးမီက နိုဝင်ဘာ ၇ ရက်၌ ဆင်ဟွာသတင်းဌာန သတင်းထောက်နှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။
ပေကျင်းမြို့တွင် ကျင်းပမည့် ၇ ကြိမ်မြောက် ကမ္ဘာ့မီဒီယာ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် အဖွဲ့အစည်းများအနေဖြင့် သတင်းလုပ်ငန်းအပေါ် ဉာဏ်ရည်တုနည်းပညာအပါအဝင် နည်းပညာသစ်များ၏ အပြုသဘောဆောင်သော သက်ရောက်မှုများကို တိုးမြှင့်နိုင်ရန် ပူးတွဲအစီအစဉ်များ ရေးဆွဲကြရန်နှင့် ဉာဏ်ရည်တုနည်းပညာကို စနစ်တကျအသုံးပြုနိုင်ရေးအတွက် လုပ်ငန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ချမှတ်နိုင်ရေးကို ဆွေးနွေးကြရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယခုအကြိမ် ကမ္ဘာ့မီဒီယာ ထိပ်သီးအစည်းအဝေး၏ ဆောင်ပုဒ်မှာ “ဉာဏ်ရည်ထည့်သွင်းမှုဆိုင်ရာ ပြောင်းလဲမှုများအကြား မီဒီယာ၏တာဝန်နှင့် ပူးပေါင်းဆောင်ရွက်ရေး လှုပ်ရှားမှု” ဖြစ်သည်။
တရုတ်နိုင်ငံသည် ဉာဏ်ရည်တုနည်းပညာအပါအဝင် နည်းပညာသစ်များကို ပြည်သူများ၏ နေ့စဉ်ဘဝကဏ္ဍအသီးသီးတွင် ပေါင်းစပ်အသုံးပြုနိုင်ရန် အစဉ်တစိုက် အားထုတ်ဆောင်ရွက်လျက်ရှိပြီး ယင်းတွင် မီဒီယာကဏ္ဍလည်း ပါဝင်ကြောင်း မာမွတ်က ပြောကြားခဲ့သည်။
“နည်းပညာသစ်တွေကို အသုံးချပြီး လူ့အဖွဲ့အစည်းအတွက် အကျိုးကျေးဇူးကို ဘယ်လိုဖော်ဆောင်နိုင်တယ်ဆိုတဲ့ အတွေ့အကြုံတွေကို တရုတ်နိုင်ငံက အမြောက်အမြား စုဆောင်းရရှိထားပါတယ်။ အဲဒီအတွေ့အကြုံတွေဟာ ပါကစ္စတန်နိုင်ငံအပါအဝင် အခြားနိုင်ငံတွေအတွက်လည်း အရေးပါတဲ့ အတုယူလေ့လာစရာတွေ ဖြစ်ပါတယ်” ဟု မာမွတ်က ပြောကြားခဲ့သည်။
“သို့သော်လည်း ဖြေရှင်းနည်းတစ်ခုတည်းနဲ့ နေရာဒေသအားလုံးမှာ အကျုံးဝင်နိုင်တာမျိုး မရှိပါဘူး။ ဒါကြောင့် ဒေသတစ်ခုချင်းစီရဲ့ လူမှုရေးနဲ့ ယဉ်ကျေးမှုနောက်ခံအခြေအနေတွေအပေါ် မူတည်ပြီး ပြုပြင်ညှိနှိုင်းဖို့ လိုအပ်ပါတယ်။ တရုတ်နိုင်ငံဟာ နည်းပညာမျှဝေသုံးစွဲရေးအပေါ် အစဉ်တစိုက် တံခါးဖွင့်လှစ်တဲ့ သဘောထားရှိသလို နိုင်ငံများအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးကို ဝမ်းမြောက်ဝမ်းသာ အားပေးမြှင့်တင်ဖို့ ဆန္ဒရှိပါတယ်။ နိုင်ငံအများအပြားဟာ တရုတ်နိုင်ငံရဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်မှုကနေ အကျိုးကျေးဇူးတွေ ရရှိနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံအား အောက်ပါလင့်ခ်မှတစ်ဆင့် ကြည့်ရှုနိုင်ပါသည်။
http://xhtxs.cn/bghf
------------------------------------------
(Chinese Version)
专访丨“让人工智能为新闻行业发展增添动力”——访伊斯兰堡战略研究所理事会主席哈立德·马哈茂德
新华社伊斯兰堡11月7日电
“在人工智能时代,新闻媒体仍应坚守可信度、中立性和客观性,让人工智能为新闻行业发展增添动力。”巴基斯坦伊斯兰堡战略研究所理事会主席、巴基斯坦前驻华大使哈立德·马哈茂德日前在接受新华社记者专访时表示,希望在北京召开的第七届世界媒体峰会与会机构共同制定方案,扩大人工智能等新技术对新闻行业的积极影响,并探讨建立规范使用人工智能的行业准则。
本届世界媒体峰会的主题是“智能变革中的媒体使命与合作行动”。
马哈茂德表示,中国正致力于将包括人工智能在内的新技术融入国民生活的各个方面,其中也包括媒体领域。“中国在如何利用新技术造福社会方面积累了丰富经验,这些经验对巴基斯坦等其他国家具有重要的借鉴意义。”马哈茂德说,“当然,没有任何一种解决方案具有普适性,因而需要根据当地的社会文化背景进行调整。中国对于技术共享的态度始终是开放的,也乐于促进各国之间的相互合作,相信许多国家都能从中国的技术发展中获益。”