Eleven Media Group

ဆာနားပြည်နယ်ကို ဆော်ဒီ၏ တိုက်ခိုက်မှုများကြောင့် ကလေး ၂‌၀ ကျော်အပါအဝင် ၄၄ ဦးသေဆုံးခဲ့သည်ဟု ဟူရ်သီ မီဒီယာ ဖော်ပြ

ယီမင်၏ဆာနားပြည်နယ်၌ ဆော်ဒီတိုက်ခိုက်မှုများကြောင့် သေဆုံးသူစုစုပေါင်း ၄၄ ဦးအထိ မြင့်တက်လာ သည်ဟု ဟူရ်သီရုပ်သံလိုင်းက နိုဝင်ဘာ ၉ ရက်တွင် သတင်းဖော်ပြခဲ့ပြီး သေဆုံးသူများထဲတွင် ကလေးသူငယ် ၂၀ ကျော်ပါဝင်သည်ဟု ဆိုသည်။

ယီမင်၏ကာလရည် ပဋိပက္ခတွင် တိုက်ပွဲများကို ရပ်ဆိုင်းစေခဲ့သော ၂၀၂၂ အပစ်အခတ်ရပ်စဲရေးသည် ဇူလိုင်လတွင် ပျက်သွားခဲ့သဖြင့် ဟူရ်သီနှင့် ဆော်ဒီဦးဆောင်သောယီမင်အစိုးရ၏တပ်များ တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားခဲ့သည်။

ယင်းသို့ ယီမင်ပြည်တွင်းစစ်ပြန်လည်ဖြစ်ပွားကတည်းက ဆော်ဒီနှင့်ဟူရ်သီတို့ အပြန်အလှန်တိုက်ခိုက်ခဲ့ကြ သည်။ ဟူရ်သီက ဆော်ဒီလေဆိပ်များအပါအဝင် စွမ်းအင်အခြေခံအဆောက်အအုံများနှင့် စစ်ဘက်နေရာများ ကို တိုက်ခိုက်ခဲ့သည်။

"ဆာနားအရှေ့ဘက် Bani Hushaysh ရဲ့ Alshariyah နယ်မြေမှာ ရန်သူဆော်ဒီရဲ့အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် သေဆုံးသူစုစုပေါင်းဟာ ၄၄ ဦးရှိပါတယ်။ နောက်ထပ် ၄၀ ဒဏ်ရာရခဲ့ပါတယ် "ဟု ဟူရ်သီကျန်းမာရေးဝန်ကြီးဌာနက ပြောကြားကြောင်း ဟူရ်သီ၏ အယ်မာစီယာ ရုပ်သံလိုင်းက သတင်းဖော်ပြ ခဲ့သည်။

သေဆုံးသူများထဲတွင် ကလေး ၂၁ ဦးနှင့်အမျိုးသမီး ၁၀ ဦးပါဝင်သည်ဟု ဆိုသည်။

"ကယ်ဆယ်ရေး အဖွဲ့တွေက ပျောက်ဆုံးနေသူတွေကို ရှာဖွေနေဆဲပါ "ဟု ဖြည့်စွက် ဖော်ပြထားသည်။

ဆော်ဒီမြို့တော် ရီးယာ့ဒ်၏ဘဏ္ဍာရေးရပ်ကွက်ကို နိုဝင်ဘာ ၈ ရက်တွင် ဟူရ်သီက တိုက်ခိုက်ခဲ့ပြီးနောက် ဆော်ဒီ၏ယခုတိုက်ခိုက်မှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ဟူုရ်သီ၏တိုက်ခိုက်မှုများကြောင့် ရီးယာ့ဒ်မြို့ရှိ မိုးမျှော်အဆောက်အအုံ ထိခိုက်ပျက်စီးခဲ့သည်ဟု ဆိုသည်။ အဆိုပါ မိုးမျှော်အဆောက်အအုံသည် ရေနံကုမ္ပဏီကြီး Aramco ပိုင်သည့် အဆောက်အအုံဖြစ်သည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group