
အမေရိကန်ဒေါ်နယ်ထရန့်က အထောက်အထားမဲ့ရွှေ့ပြောင်းများကို မိမိ၏အစုလိုက် အပြုံလိုက်ပြန်ပို့ရေး မူဝါဒသည် ကြမ်းတမ်းလွန်းရာကျပြီး သက်တမ်းဝက် ရွေးကောက်ပွဲတွင် မိမိအား အထိနာစေခဲ့သည် ဟုပြောကြားကြောင်း နိုဝင်ဘာ ၈ ရက်တွင် CBS ရုပ်သံက ထုတ်လွှင့်ခဲ့သောအင်တာဗျူးကို ကောက်နုတ်ဖော်ပြ ချက်အရ သိရသည်။
၎င်း၏နေရပ်ပြန်ပို့ရေးမူဝါဒနှင့် ပတ်သက်မေးမြန်းသည့်အခါ ထရန့်က "အဲဒါဟာ ကြမ်းတမ်းလွန်းရာကျ တယ်လို့ ထင်ပါတယ်။ ကြမ်းတမ်းကောင်း ကြမ်းတမ်းနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ် "ဟု CBS ရုပ်သံ၏ "60 Minutes" အစီအစဉ်ကို ပြောခဲ့သည်။
လူဝင်မှုကြီးကြပ်ရေးကိစ္စများနှင့်ပတ်သတ်၍ ဒီမိုကရက်များနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု သမ္မတက ပြောကြားခဲ့သည်။
ထိုကောက်နုတ်ချက်ကို နိုဝင်ဘာ ၈ ရက်ညပိုင်းတွင် ရုပ်သံကွန်ရက်မှတစ်ဆင့် အင်တာဗျူး မထုတ်လွှင့်မီ CBS က X ၌ ဖော်ပြထားခဲ့ခြင်း ဖြစ်သည်။
နိုဝင်ဘာ ၃ ရက် သက်တမ်းဝက်ရွေးကောက်ပွဲတွင် ရီပတ်ဘလီကင်ပါတီ အရှုံးကြီးရှုံးခဲ့ပြီးနောက် CBS က သမ္မတကို အင်တာဗျူးထားခြင်း ဖြစ်သည်။
ထရန့်သည် အမေရိကန်တောင်ပိုင်းနယ်စပ်ကို လုံခြုံစေခဲ့သဖြင့် ပြည်တွင်း ထောက်ခံမှုအချို့ရရှိခဲ့သည်ဆို သော်လည်း အထောက်အထားမဲ့ရွှေ့ပြောင်းများကို ပြန်ပို့ရန်သူ့အစိုးရ၏ ကြမ်းကြမ်းတမ်းတမ်းလုပ်ဆောင် မှုသည် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခြင်းခံခဲ့ရသည်။
သို့သော်လည်း ထရန့်က ထိုတင်းမာသော မူဝါဒကိုအကောင်အထည်ဖော်သူအဖြစ် စတီဖင်မီလာကို အိမ်ဖြူတော်အရာရှိချုပ်အဖြစ် နိုဝင်ဘာ ၆ ရက်တွင် ခန့်အပ်လိုက်ခြင်းက ရီပတ်ဘလီကင်တို့ သက်တမ်းဝက် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီးနောက် အကြိတ်အနယ်ပြန်တိုက်မည်ဟူ၍ အချက်ပြလိုက်ခြင်းဖြစ်သည်။
မီလာသည် ယခုနှစ်အစပိုင်းတွင် အမေရိကန်နိုင်ငံသားနှစ်ဦးကို ပစ်ခတ်ခဲ့သည့် ဖက်ဒရယ်အေးဂျင့်များကို ထောက်ခံကြောင်း ပြောကြားခဲ့သောကြောင့် သူသည် အကြမ်းဖက်မှုကျူးလွန်သော မျက်နှာဖုံးစွပ် လူဝင်မှု ကြီးကြပ်ရေးအေးဂျင့်များ၏ ဆူဆူညံ့ညံ့လုပ်ရပ်များနှင့် တစ်သဘောတည်းဖြစ်သည်။
Ref:CBS,NBC