Eleven Media Group

Nvidia ကုမ္ပဏီက တရုတ်စပိုင်ဟု စွပ်စွဲခံထားရသည့် အမျိုးသမီးတစ်ဦးနှင့် ဖောက်ပြန်ခဲ့‌ကြောင်း ဝန်ခံခဲ့သည့် ကုမ္ပဏီစီအီးအို ဂျန်ဆန် ဟွမ်ကို သီးခြားစုံစမ်းစစ်ဆေးမှုစတင်လုပ်ဆောင်ကြောင်း ကြေညာ

အမေရိကန်နည်းပညာကုမ္ပဏီကြီးဖြစ်သည့် Nvidia ကုမ္ပဏီက တရုတ်စပိုင်ဟု စွပ်စွဲခံထားရသည့် အမျိုးသမီးတစ်ဦးနှင့် ဖောက်ပြန်ခဲ့‌ကြောင်း ဝန်ခံခဲ့သည့် စီအီးအို ဂျန်ဆန် ဟွမ်ကို သီးခြားစုံစမ်းစစ်ဆေးမှုစတင်လုပ်ဆောင်ကြောင်း ကြေညာခဲ့သည်။

နိုဝင်ဘာ ၉ ရက်က ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်တစ်ခုတွင် ဟွမ်က ဇနီးဖြစ်သူအပေါ် သစ္စာဖောက်ခဲ့မိကြောင်း ဝန်ခံခဲ့ပြီး၊ သူသည် တရုတ်စပိုင်ဟု အမေရိကန်အာဏာပိုင်များက ပြောကြားထားသည့် အမျိုးသမီးတစ်ဦးနှင့် ဖောက်ပြန်ခဲ့မိကြောင်း ဝန်ခံခဲ့သည်။

ထို့ပြင် အဆိုပါ စုံစမ်းစစ်ဆေးမှုကို ထောက်ခံအားပေးကြောင်းနှင့် အမေရိကန်နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ထောက်ပံ့ရန်အတွက် ကတိကဝတ်ပြုထားကြောင်း ဟွမ်က ထည့်သွင်းပြောကြားခဲ့သည်။

ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးဆုံး ကုမ္ပဏီများထဲတွင် တစ်ခုအပါအဝင်ဖြစ်သော Nvidia ကမူ ၎င်းတို့ကုမ္ပဏီ၏ လျှို့ဝှက်ချက်များ သို့မဟုတ် အမျိုးသားလုံခြုံရေးကို ထိခိုက်နစ်နာသွားခဲ့သည်ဟု ယုံကြည်ရမည့် အကြောင်းရင်း တစ်စုံတစ်ရာ မရှိသေးကြောင်း ပြောကြားခဲ့သော်လည်း ရရှိနိုင်သမျှ အချက်အလက် အားလုံးကို စစ်ဆေးသွားမည်ဟု ဆိုသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကမူ ဟွမ်သည် လူကောင်းတစ်ယောက်ဖြစ်ကြောင်း သို့သော် မည်သည့်အရာများဖြစ်လာမည်ဆိုခြင်းကို မသိနိုင်ကြောင်း ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် တရုတ်အစိုးရက အဆိုပါ စွပ်စွဲချက်များသည် တရုတ်နိုင်ငံကို အသရေဖျက်ရန် ရည်ရွယ်သည့် သားပုပ်လေလွင့် စွပ်စွဲချက်သာ ဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

Ref: BBC

မူရင်းသတင်း — Eleven Media Group