Xinhua Myanmar

လူငယ်အိုလံပစ် ပြေးခုန်ပစ်ပြိုင်ပွဲ ဒုတိယနေ့တွင် တရုတ်အသင်း ဆုတံဆိပ် ၃ ခု ဆွတ်ခူး

ဆီနီဂေါနိုင်ငံ ဒါကာမြို့၌ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၉ ရက်က ယှဉ်ပြိုင်သည့် ၂၀၂၆ လူငယ်အိုလံပစ်အားကစားပြိုင်ပွဲ အမြင့်ခုန်အားကစားနည်း ဗိုလ်လုပွဲအပြီးတွင် တရုတ်နိုင်ငံမှ လျိုဆန်း အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

ဒါကာ၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)

နိုဝင်ဘာ ၉ ရက်က ကျင်းပခဲ့သည့် ဒါကာ ၂၀၂၆ လူငယ်အိုလံပစ်အားကစားပြိုင်ပွဲ ပြေးခုန်ပစ်အားကစားနည်းတွင် ဆုတံဆိပ်ရရှိသည့် ကစားသမား ၁၂ ဦး ထွက်ပေါ်လာခဲ့ရာ တရုတ်နိုင်ငံက ငွေတံဆိပ် ၂ ခုနှင့် ကြေးတံဆိပ် ၁ ခု ဆွတ်ခူးနိုင်ခဲ့ပြီး အမျိုးသား မီတာ ၁၁၀ တန်းကျော်အပြေးပြိုင်ပွဲတွင် တရုတ်အားကစားသမား ချန်ရှီးကျယ်မှာ အ‌စောပိုင်းတွင် နောက်ကျကျန်နေခဲ့သော်လည်း အကောင်းဆုံးပြန်လည်စွမ်းဆောင်နိုင်ခဲ့သဖြင့် ဒုတိယနေရာမှ ပန်းဝင်နိုင်ခဲ့သည်။

ချန်မှာ ၁၃.၄၀ စက္ကန့်ဖြင့် ၎င်း၏ အကောင်းဆုံးစံချိန်သစ်တင်ကာ ငွေတံဆိပ်ဆွတ်ခူးသွားခဲ့ပြီး ၎င်း၏ရှေ့မှ ပန်းဝင်ခဲ့သည့် ဂျမေကာအားကစားသမား မားကီးစ် ပေ့ဂျ်က ၁၂.၉၅ စက္ကန့်ဖြင့် ရွှေတံဆိပ်ဆွတ်ခူးသွားခဲ့ကာ တောင်အာဖရိကမှ အန်နရီကေး ဘော့ရှ်က ကြေးတံဆိပ်ရရှိခဲ့သည်။

ပထမအကြိမ် တာထွက်စဉ် အမှားလုပ်မိခဲ့ခြင်းကြောင့် ပြန်လည်တာထွက်ရချိန်၌ ချန်သည် တာထွက်နှေးခဲ့သဖြင့် နောက်ဆုံးအဆင့် ပြိုင်ပွဲဝင် ၉ ဦးအနက် အဆင့် ၇ နေရာသို့ ရောက်ရှိသွားသော်လည်း နောက်ပိုင်းတွင် အစွမ်းကုန်အမီလိုက်ကာ ဒုတိယနေရာမှ ပန်းဝင်နိုင်ခဲ့ခြင်းဖြစ်သည်။

ချန်က တစ်ကိုယ်တော်အကောင်းဆုံးစံချိန်သစ် တင်နိုင်ခဲ့သော်လည်း ၎င်း၏စွမ်းဆောင်ရည် ၇၀ ရာခိုင်နှုန်းခန့်ကိုသာ ပြသနိုင်ခဲ့သည်ဟု ပြိုင်ပွဲအပြီးတွင် ပြောကြားခဲ့သည်။

"ကျွန်တော် သိပ်ကိုစိတ်လှုပ်ရှားနေပြီး စိုးရိမ်စိတ်နည်းနည်းလည်းရှိနေတော့ ဟန်ချက်မထိန်းနိုင်ခဲ့ဘူး။ ပွဲမစခင် သွေးပူလေ့ကျင့်ခန်းလုပ်တုန်းကလည်း ကျွန်တော့်ခြေထောက်က အတားအဆီးတစ်ခုနဲ့တိုက်မိပြီး ရောင်ကိုင်းသွားတယ်လေ။ ကျွန်တော်က ပြိုင်ပွဲကြီးတွေမှာ ယှဉ်ပြိုင်ဖို့ အတွေ့အကြုံလိုပါသေးတယ်" ဟုလည်း ၎င်းက ပြောသည်။

ယခုပြိုင်ပွဲအပြီးတွင် အကြီးတန်းပြိုင်ပွဲသုံး အတားအဆီးများဖြင့် စတင်လေ့ကျင့်သွားမည်ဖြစ်ပြီး ယင်းနှင့်ကျင့်သားရရန် အချိန်ယူရဦးမည်ဟုလည်း ချန်က ဝန်ခံပြောဆိုခဲ့သည်။

တရုတ်အသင်းအနေဖြင့် အမျိုးသားအမြင့်ခုန် အားကစားနည်းတွင် ဒုတိယမြောက် ငွေတံဆိပ်ဆုရရှိခဲ့ပြီး အဆိုပါပြိုင်ပွဲတွင်လည်း လျိုဆန်းက ၎င်း၏အကောင်းဆုံးစံချိန်သစ်ကို တင်နိုင်ခဲ့သည်။

လျိုမှာ ပထမအကြိမ်တွင် ၂.၁၄ မီတာ ခုန်နိုင်ခဲ့ပြီး တောင်အာဖရိက ကစားသမား မာတာအို လီရူးစ်နှင့် စံချိန်တူခဲ့သော်လည်း ၂.၁၆ မီတာနှင့် ၂.၁၈ မီတာ အမြင့်များကိုမူ ခုန်နိုင်ခြင်းမရှိခဲ့ပေ။ လီရူးစ်က ၂.၁၆ မီတာကို အောင်မြင်စွာခုန်နိုင်ခဲ့ပြီး ရွှေတံဆိပ်ဆွတ်ခူးသွားခဲ့သည်။

အမျိုးသား မီတာ ၄၀၀ ပြိုင်ပွဲ၏ နောက်ဆုံး ပန်းဝင်ခါနီးအဆင့်တွင် ယူအေအီးနိုင်ငံမှ ဆာအိဒ် အိုမာနှင့် ဂမ်ဘီယာနိုင်ငံမှ မူစတာဖာ ဂျာဒါမာတို့၏ ကျော်တက်ခြင်းကို ခံရပြီးနောက် တရုတ်နိုင်ငံမှ လျိုဟန့် က  ၄၇.၁၆ စက္ကန့်ဖြင့် ကြေးတံဆိပ်ဆွတ်ခူးခဲ့သည်။

အိုမာက ၄၆.၄၀ စက္ကန့်ဖြင့် ရွှေတံဆိပ်ဆွတ်ခူးခဲ့ပြီး ၄၆.၉၃ စက္ကန့်ဖြင့် ပန်းဝင်ခဲ့သည့် ဂျာဒါမာက ငွေတံဆိပ်ရရှိခဲ့သည်။

အခြားအားကစားနည်းဖြစ်သည့် အမျိုးသမီး အလျားခုန်ပြိုင်ပွဲ၌ တရုတ်နိုင်ငံမှ လျိုလိရွှမ်း က ဆဌမရရှိခဲ့ပြီး အဆိုပါပြိုင်ပွဲတွင် အီတလီနိုင်ငံမှ ပိုကို ဆေးလ်ဗီးယား ကာနာပေက ရွှေတံဆိပ်ဆွတ်ခူးသွားခဲ့ကာ အမျိုးသမီး လှံတံပစ်ပြိုင်ပွဲတွင် ဝမ်ချန်လဲ့ က ဆဌမရရှိခဲ့ပြီး ကိုလံဘီယာနိုင်ငံမှ အီလ်ဆာ မေယာလင် ကော်ဒိုဘာက ရွှေတံဆိပ်ဆွတ်ခူးသွားခဲ့သည်။

အမျိုးသား မီတာ ၄၀၀ တန်းကျော်ပြေးပွဲတွင် ဝမ်ထန်ဖေး က အဆင့် ၄ နေရာမှ ပန်းဝင်ခဲ့သဖြင့် နိုဝင်ဘာ ၁၀ ရက်၌ ကျင်းပမည့် ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့သည်။

ပြိုင်ပွဲဒုတိယနေ့၌ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့သည့် အသင်းများအနက် အီသီယိုးပီးယားနိုင်ငံလည်း ပါဝင်ခဲ့ပြီး ရွှေတံဆိပ် ၃ ခုအထိ ဆွတ်ခူးနိုင်ခဲ့သည်။ အမျိုးသား မီတာ ၂,၀၀၀ အတားအဆီးဖြတ်ကျော် အပြေးပြိုင်ပွဲတွင် ဂျူနီဒင် အက်ဘ်ဒိုကလည်းကောင်း၊ အမျိုးသား မီတာ ၁,၅၀၀ ပြိုင်ပွဲတွင် ဝါဘီ ဆီဘလက်ဂါကလည်းကောင်း၊ အမျိုးသမီး မီတာ ၈၀၀ ပြိုင်ပွဲတွင် နက်ဆာနက် ဆီလီမွန်ကလည်းကောင်း အသီးသီးဗိုလ်စွဲခဲ့ကြသည်။

အခြားအားကစားနည်းများတွင်မူ အီဂျစ်နိုင်ငံမှ ရာယာ ဆာဝါဘီက အမျိုးသား သံပြားပစ် ပြိုင်ပွဲတွင်လည်းကောင်း၊ ဘရာဇီးနိုင်ငံမှ ပီယက်ထရို ဟင်နရစ်ကို ဆူဇာက အမျိုးသား သံလုံးပစ်ပြိုင်ပွဲတွင်လည်းကောင်း၊ နိုင်ဂျီးရီးယားနိုင်ငံမှ ပရေးစ် အူဂိုးက အမျိုးသမီး မီတာ ၄၀၀ ပြိုင်ပွဲတွင်လည်းကောင်း၊ ကင်ညာနိုင်ငံမှ ဖိတ်သ် ရိုနိုက အမျိုးသမီး မီတာ ၃,၀၀၀ ပြိုင်ပွဲတွင်လည်းကောင်း ရွှေတံဆိပ်ဆုများ အသီးသီးဆွတ်ခူးသွားခဲ့ကြသည်။ (Xinhua)

ဆီနီဂေါနိုင်ငံ ဒါကာမြို့၌ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၉ ရက်က ယှဉ်ပြိုင်သည့် ၂၀၂၆ လူငယ်အိုလံပစ်အားကစားပြိုင်ပွဲ အမျိုးသား မီတာ ၁၁၀ တန်းကျော်ပြေးပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် အက်စတိုးနီးယားနိုင်ငံမှ အန်ဒရို ဂျူရစ်ဆန်၊ တရုတ်နိုင်ငံမှ ချန်ရှီးကျယ်နှင့် ဂျမေကာနိုင်ငံမှ မားကီးစ် ပေ့ဂျ်(ဝဲမှယာ)တို့ ပြိုင်ပွဲဝင်နေစဉ် (ဆင်ဟွာ)

..................................

(English Version)

China takes three medals on day 2 of Youth Olympics athletics

DAKAR, Nov. 9 (Xinhua) -- China won two silver medals and a bronze as 12 athletics titles were decided at the Dakar 2026 Youth Olympic Games on Monday, with Chen Shijie recovering from a slow start to finish second in the men's 110-meter hurdles.

Chen clocked a personal-best 13.40 seconds to take silver behind Jamaica's Marquies Page, who won gold in 12.95. South Africa's Enrique Bosch finished third.

After the first start was recalled because of a false start, Chen struggled out of the blocks at the restart and was seventh among the nine finalists before recovering to finish second.

Despite setting a personal best, Chen said he had performed at only 70% of his potential.

"I was too excited and a little nervous, so I couldn't find my rhythm," he said. "I also hit my foot against a hurdle during the warm-up and it became swollen. I still lack experience in major competitions."

Chen said he would begin training and competing over senior-height hurdles after the Games, acknowledging that he would need time to adapt.

China's second silver came in the men's high jump, where Liu Sen also set a personal best.

Liu cleared 2.14 meters on his first attempt, matching South Africa's Matao Le Roux, but was unable to clear 2.16 or 2.18 meters. Le Roux secured gold after clearing 2.16 meters.

In the men's 400 meters, China's Liu Han took bronze in 47.16 seconds after being overtaken in the closing stages by Saeed Omar of the United Arab Emirates and Mustapha Jadama of The Gambia.

Omar won gold in 46.40 seconds, ahead of Jadama, who clocked 46.93.

Elsewhere, China's Liu Lixuan finished sixth in the women's long jump, won by Italy's Poko Silvia Canape, while Wang Changle also placed sixth in the women's javelin, where Colombia's Ilsa Mayerlin Cordoba took gold.

Wang Tengfei finished fourth in his men's 400-meter hurdles semifinal heat to advance to Tuesday's final.

Ethiopia was among the day's standout performers, winning three gold medals. Junedin Abdo claimed the men's 2,000-meter steeplechase title, Wabi Seblega won the men's 1,500 meters and Netsanet Selemon triumphed in the women's 800 meters.

Egypt's Yahya Sawaby won the men's discus, Brazil's Pyetro Henrico Souza took gold in the men's shot put, Nigeria's Praise Ugoh claimed the women's 400-meter title and Kenya's Faith Rono won the women's 3,000 meters.

Photo caption 1: Liu Sen of China celebrates after the men's high jump final at the 2026 Youth Olympic Games at Complexe Iba Mar Diop in Dakar, Senegal, Nov. 9, 2026. (Xinhua/Wang Lili)

Photo caption 2: (L to R) Andro Jurisson of Estonia, Chen Shijie of China and Marquies Page of Jamaica in action during the men's 110m hurdles semifinal at the 2026 Youth Olympic Games in Dakar, Senegal, Nov. 9, 2026. (Xinhua/Yang Guang)

မူရင်းသတင်း — Xinhua Myanmar