Xinhua Myanmar

ခွဲစိတ်ကုသမှုခံယူပြီးနောက် ဖလာမင်ဂိုအသင်းသို့ ပြန်လည်ဝင်ရောက်ရန် ဒန်နီလို မျှော်မှန်း

ကာတာနိုင်ငံ ဒိုဟာမြို့ရှိ Stadium 974 အားကစားကွင်းတွင် ၂၀၂၂ ခုနှစ် ဖီဖာ ကမ္ဘာ့ဖလားပွဲ ၁၆ သင်းအဆင့်ပွဲစဉ်အတွင်း ဘရာဇီးအသင်းမှ ဒန်နီလိုနှင့် တောင်ကိုရီးယားအသင်းမှ Son Heung-min (ယာ) တို့ ယှဉ်ပြိုင်ကစားနေသည်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေးရိုး၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)

ဖလာမင်ဂိုအသင်း၏ ဝါရင့်နောက်ခံလူ ဒန်နီလိုသည် မေးရိုးကျိုးဒဏ်ရာမှ ပြန်လည်သက်သာလာစေရန် အရှိန်မြှင့်နေချိန် နိုဝင်ဘာ ၉ ရက်၌ အသင်းနှင့်အတူ လေ့ကျင့်ရေးပြန်ဆင်းခဲ့ကြောင်း သိရသည်။

ရီးရဲလ်မက်ဒရစ်၊ မန်ချက်စတာစီးတီးနှင့် ဂျူဗင်တပ်စ်အသင်းတို့တွင် ယခင်က ကစားခဲ့သည့် အသက် ၃၅ နှစ်အရွယ် ညာနောက်ခံလူ Danilo သည် ရီယိုဒီဂျနေးရိုးမြို့ရှိ ဖလာမင်ဂိုအသင်း၏ Ninho do Urubu လေ့ကျင့်ရေးစင်တာတွင် လေ့ကျင့်ခန်းများ ပြုလုပ်စဉ် ကာကွယ်ရေးနှာခေါင်းစည်းကို ဝတ်ဆင်ထားခဲ့သည်။

အောက်တိုဘာ ၁၁ ရက်က ဘရာဇီးစီးရီးအေပြိုင်ပွဲတွင် ဖလာမင်ဂိုအသင်းက ဖလူမင်နန့်စ်အသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲ၌ ဒန်နီလိုက မေးရိုးနှစ်နေရာ ကျိုးသွားခဲ့ပြီးနောက် ခွဲစိတ်ကုသမှု ခံယူခဲ့ရသည်။

လက်ရှိတွင် ဖလာမင်ဂိုအသင်းသည် ဘရာဇီး စီးရီးအေ အမှတ်ပေးဇယားကို ရမှတ် ၇၃ မှတ်ဖြင့် ဦးဆောင်ထားပြီး ဒုတိယနေရာမှ ပါလ်မီးရပ်စ်အသင်းထက် ၃ မှတ် အသာရရှိထားကာ ယခုရာသီတွင် ပွဲစဉ် ၄ ပွဲသာ ကစားရန် ကျန်ရှိတော့သည်။

အောက်တိုဘာလအတွင်းက ဒန်နီလိုသည် ဖလာမင်ဂိုအသင်းနှင့် ချုပ်ဆိုထားသည့် စာချုပ်သက်တမ်းကို ၂၀၂၇ ခုနှစ် ဒီဇင်ဘာလအထိ တိုးမြှင့်ချုပ်ဆိုခဲ့ကြောင်း သိရသည်။ (Xinhua)

အီတလီနိုင်ငံ Turin မြို့တွင် ဂျူဗင်တပ်စ်အသင်းနှင့် ဖီအိုရန်တီနာအသင်းတို့ ၂၀၂၂ ခုနှစ် ဧပြီ ၂၀ ရက်က ယှဉ်ပြိုင်ကစားသည့် အီတလီဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အတွင်း ဂိုးရရှိမှုအတွက် အောင်ပွဲခံနေသည့် ဂျူဗင်တပ်စ်အသင်းမှ ဒန်နီလိုကို တွေ့ရစဉ် (ဆင်ဟွာ)

..........................................

(English Version)

Danilo eyes Flamengo return after surgery

RIO DE JANEIRO, Nov. 9 (Xinhua) -- Veteran Flamengo defender Danilo resumed training on Monday as he steps up his recovery from a fractured jaw.

The 35-year-old former Real Madrid, Manchester City and Juventus right-back wore a protective mask while taking part in drills at Flamengo's Ninho do Urubu training center in Rio de Janeiro.

Danilo underwent surgery after breaking his jaw in two places during Flamengo's 1-0 home win over Fluminense in Brazil's Serie A on October 11.

Flamengo currently leads Brazil's Serie A standings with 73 points, three ahead of second-placed Palmeiras, with four matchdays remaining in the season.

In October, Danilo extended his Flamengo contract until December 2027. ■

Photo caption 1: Son Heung-min (R) of South Korea vies with Danilo of Brazil during their Round of 16 match at the 2022 FIFA World Cup at Stadium 974 in Doha, Qatar, Dec. 5, 2022. (Xinhua/Pan Yulong)

Photo caption 2: FC Juventus' Danilo celebrates his goal during the Italy Cup Semifinal second leg football match between FC Juventus and Fiorentina in Turin, Italy, on April 20, 2022. (Photo by Federico Tardito/Xinhua)

မူရင်းသတင်း — Xinhua Myanmar