
မြန်မာအစိုးရနှင့် ပြန်လည်ထိတွေ့ဆက်ဆံရေး ကြိုးပမ်းအားထုတ်မှုများကို အားဖြည့်လုပ်ဆောင်ရန်နှင့် အိမ်နီးချင်းနိုင်ငံကြီး တရုတ် လွှမ်းမိုးထားသော မြေရှားသတ္တုသိုက်များတွင် ရင်းနှှီးမြှုပ်နှံမှုများကို မြန်ဆန်စွာ မြှင့်တင်ရန် အမေရိကန်ပြည်ထောင်စုကို ၀ါရှင်တန်အခြေစိုက် DCI အုပ်စုက တိုက်တွန်းနေသည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာတာဝန်ရှိသူများနှင့် လချီ လျှို့ဝှက်တွေ့ဆုံခဲ့ပြီးနောက် မြန်မာနိုင်ငံ၏မြေရှား သတ္တုသိုက်များကို ထုတ်ယူခွင့်ရနိုင်မည့် အလားအလာနှင့် သြဇာချဲ့ထွင်ရန် အစီအမံ တစ်ရပ်ကို လွန်ခဲ့သောအပတ်က ထုတ်ပြန်ခဲ့သည့် မဟာဗျူဟာမြောက် ထုတ်ပြန်ချက်တွင် အစီအစဉ်တစ်ခုအဖြစ် ဖော်ပြခဲ့သည်။
“နောက်ဆုံးမှာတော့ အမေရိကန်ပြည်ထောင်စုဟာ မြန်မာနိုင်ငံကို သံတမန်ရေး စိန်ခေါ်မှုသက်သက်သာမဟုတ် အရေးကြီးတဲ့ တွင်းထွက်တွေ ဦးစားပေးနိုင်ငံအဖြစ် ဆက်ဆံသင့်ပါတယ်”ဟု ၀ါရှင်တန်လော်ဘီ လုပ်ငန်းဖြစ်သည့် DCI အုပ်စုက မြန်မာ၏ပြန်ကြားရေးဝန်ကြီးဌာနကိုယ်စားထုတ်ပြန် သော နိုဝင်ဘာ ၉ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
“သူတို့က မြန်မာနိုင်ငံရဲ့စီးပွားရေးဆိုင်ရာဖြစ်နိုင်ခြေအလားအလာတွေကို အမေရိ ကန်အမျိုးသားလုံခြုံရေးနဲ့ ထောက်ပံ့ကွင်း ဆက်ဦးစားပေးကိစ္စတွေနဲ့ ဆက်စပ်လိုက် ကတည်းက ဓာတ်သတ္တုတွင်းထွက်တွေဆို တာ ဒီနက်ရှိုင်းတဲ့ ဆက်ဆံရေးကို တိုးတက်လာစေဖို့ သဘာဝနေရာတစ်ခု ဖြစ် နေပါတယ်”ဟု ရိုက်တာ၏မေးမြန်းမှုကိုအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆို ခွင့်ရှိသူက ဖြေကြားခဲ့သည်။
“အမေရိကန် စီးပွားရေးလုပ်ငန်းတွေ အတွက် ပြည်တွင်း လည်ပတ်လုပ်ကိုင်မှု ပတ်ဝန်းကျင်ပိုကောင်းလုပ်ဖို့နဲ့ နိုင်ငံကို တည် ငြိမ်စေမယ့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်း စဉ် တည်ဆောက်ရေးအပါအဝင် အဓိကဦး စားပေးကိစ္စတွေနဲ့ပတ်သက်လို့ တိုးတက်မှုရှိ အောင်လုပ်ဖို့ ၀ါရှင်တန်က မြန်မာကို တိုက် တွန်းနေပါတယ်”ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် ကမ္ဘာ၏မြေရှားသတ္တု အများဆုံးထွက်ရာနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ယင်း မြေရှားသတ္တုအများစုကို တရုတ်နိုင်ငံသို့ တင်ပို့နေသည်။ မြေရှားသတ္တုကို လျှပ်စစ် ကားများ၊ လေအားလျှပ်စစ်ထုတ်သည့် တာဘိုင်များ၊ အခြား နည်းပညာမြင့်ပစ္စည်း များတွင် အသုံးပြုသော သံလိုက်များအဖြစ် ပြောင်းလဲအသုံးပြုသည်။
မြန်မာနိုင်ငံမှ တင်ပို့သောမြေရှားများ ကြောင့်လည်း ကမ္ဘာ့မြေရှားသတ္တု ၉၀ ရာခိုင် နှုန်းခန့်ထွက်ရှိသော တရုတ်နိုင်ငံက မကြာ သေးမီက ယင်းကဏ္ဍကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ခဲ့သည်။
ကချင်ပြည်နယ်မြောက်ပိုင်းရှိ မြန်မာနိုင် ငံ၏အဓိက မြေရှားသတ္တုထုတ်လုပ်ရာနေရာ များကို KIA က ထိန်းချုပ်ထားသည်။
၂၀၂၁ ခုနှစ်တွင် တပ်မတော်က နိုင်ငံ တော်အာဏာကို လွှဲပြောင်းယူကတည်းက အမေရိကန်က federal reserve bank of new york မြန်မာ၏ assets များကို ထိန်းချုပ်ခဲ့သည်။
သို့သော် အမေရိကန်သည် စက်တင်ဘာတွင် မြန်မာနှင့် တိုက်ရိုက်ဆွေး နွေးမှုများ လုပ်ဆောင်ခဲ့သည်။
အမေရိကန်ကုမ္ပဏီများက ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်တစ်ခုလျှင် အမေရိကန် ဒေါ်လာငါးသန်းအထက်မြှုပ်နှံပြီး အနည်းဆုံးသဘောတူစာချုပ်သုံးခု ချုပ်ဆိုရန် ၀ါရှင်တန်၏မဟာဗျူဟာအသစ်၌ ဖော်ပြထား သည်။
သို့သော် မြန်မာအစိုးရက များများရင်းနှီးမြှုပ်နှံရန် တောင်းဆိုနေသည်ဟုဆို သည်။
“မြန်မာရဲ့တွင်းထွက်အရင်းအမြစ်တွေ နဲ့ တရုတ်ကိုယှဉ်ပြိုင်မယ်ဆိုတဲ့ အမေရိကရဲ့ ရည်မှန်းချက်တွေနဲ့ယှဉ်လိုက်ရင် အဲဒီ လောက် ရင်းနှီးမြှုပ်နှံတာဟာ သာမန်လောက် ပဲရှိပါတယ်” ဟု DCI က ဖော်ပြခဲ့သည်။
“တရုတ်ဟာ မြန်မာရဲ့သယံဇာတအရင်း အမြစ် ကဏ္ဍမှာ နေရာတစ်ခုတည်ဆောက် ဖို့ နှစ်ပေါင်းများစွာအချိန်ပေးခဲ့တာပါ။ တရုတ်ကုမ္ပဏီတွေနဲ့ ကြားခံကုမ္ပဏီတွေဟာ အလွယ်တကူအစားထိုးလို့မရတဲ့ အားသာ ချက်တွေရှိနေကြတာပါ”ဟု ထုတ်ပြန်ချက် တွင် DCI ဆက်လက်ဖော်ပြထားသည်။